November 26, 2026

ကြီးကြီးလား ​သေး​သေးလား

မှတ်မိကြမယ်ထင်ပါတယ် ကျွန်​တော်တို့​တွေက ကလေးဘဝထဲက မုန့်(၂)ခုချထားရင် ကြီးတယ်ထင်တာကိုသာ လိုချင်ကြတာ။ တစ်ခုခုဆိုလဲ ​ကောင်းတာ​တွေများဆိုရင် ကြီးမှ များမှလိုချင်တတ်ကြ​သေးတာမျိုး။ ​မွေးဖွားလာကတည်းကလေ သင်​ပေးစရာမလိုဘူး က​လေးထဲက တတ်တယ် ​လောဘနဲ့​ဒေါသနဲ့​ပေါ့။ ကြီးလာ​တော့ရော​ဆိုပြန်​တော့လဲ တခါတ​လေမသိသာ​ပေမယ့် ကိုယ်ကြိုက်တာဆို ကြီးတာ​ရွေးတာမျိုး ထားပါ​တော့ သရင်သီးဝယ်တာဖြစ်​စေ မုန့်တို့​ပေါ့​လေ။

ဒါကသိပ်​တော့အ​ရေးမကြီး​သေးဘူးပဲ။ တခါတခါကျပြန်​တော့လဲ ကိုယ်ကဘုရား​ကျောင်းကို အသီး​ရွေးဝယ်သလို​ ​ရွေးကြ​သေးတာ။ မသိရင် ဘုရား​ကျောင်းက သင်းအုပ်ဆရာက အသီးသည်ကြီး​ပေါ့​လေ အသင်းသား​တွေက ​ဈေးဗန်းထဲက အသီး​တွေ​ပေါ့။ အသီးများပြီး ကြီးတာကိုမှ ​ရွေးဝယ်သလို ဘုရား​ကျောင်းကြီးပြီး လူများမှသွားချင်ကြတာမျိုး။ အသင်း​​တော်​သေး​သေး လူကနည်းနည်းဆို ဘုရားကအားငယ်သလို၊ သိပ်မစွမ်းသလို၊ အသင်း​တော်ကြီးရင် လူများရင်​တော့ ပိုစွမ်းတယ်​ပေါ့ ဒါမျိုးက လုပ်​သေးတာ။ ငါကလူများမှ ဘုရား​ကျောင်းကြီးမှ သွားချင်တာ အံမယ် လုပ်​သေးတာ အဲ့ဒါမှ ဝိညာဥ်​တော်တို့ထိတာဘုရားစကား​ပြောတာဆိုပဲ။ ဘုရားကလဲ လူများရာ အသင်း​တော်ကြီးရာကိုမှ ဘက်လိုက်တယ်ထင်ရပါ့။ သူ့အလှည့်ကျမှ ဘုရား​ကျောင်း​တွေမှာ ပိုကြီးပိုသီး ပိုကိတ်ဖို့ မြန်မာ့ဩဘာ သုံးရမလိုဖြစ်​နေ​​ရော။

ကျွန်​တော်တို့က မြင်ရတဲ့ လူများခြင်း၊ အသင်း​တော်ကြီးခြင်းကို ဘာသာ​ရေးဆန်ဆန် သွားချင်တာလား၊ ဘုရားဝတ်ပြုချင်တာလား၊ ဆင်ခြင်ကြည့်ဖို့ဖြစ်တယ်။ ဘုရားရှိခိုးချင်လို့ဘုရား​ကျောင်းသွားတယ် ဟုတ်ပြီ ဒါဆို ကြီးတာ​သေးတာ၊ လူများတာမများတာ နဲ့သက်ဆိုင်သလား။ ​နောက်တစ်ခု ဘုရားရဲ့တတ်နိုင်ခြင်းက ကြီးခြင်း​သေးခြင်း၊ လူများခြင်းမများခြင်းနဲ့မဆိုင်ဘူးဖြစ်တယ် သင်တစ်​ယောက်ထဲရှိလဲ ဒီဘုရားက အတူတူပဲဆိုတာနားလည်ဖို့လိုအပ်ပါတယ်။ အရက်​သောက်တဲ့သူက အရက်​သောက်ရဖို့သာ အဓိကကျတယ်၊ ​ဆေးချတဲ့သူက ​ဆေးချရဖို့၊ ​ဆေးလိပ်​​သောက်တဲ့သူက ​ဆေးလိပ်​သောက်ရဖို့ပဲ အ​ရေးကြီးတယ် ​နေရာ​တွေ လူ​တွေ သိပ်ကရုစိုက်​နေတာမဟုတ်ဘူးဆိုတာ ကြည့်ရင် သိရင် ဘုရားသားသမီးက ဘုရားနဲ့မိသဟာရဖွဲ့ဖို့ ဝတ်ပြုကိုးကွယ်ခြင်းသွားမယ် ဘုရားရှိခိုးမယ် ဒါကသာ အ​ရေးကြီးတာမဟုတ်​ပေဘူးလား။

ဒါ့​ကြောင့် မိတ်​ဆွေ ကြီးကြီးလား ​သေး​သေးလား၊ ကြီးကြီး​သေး​​သေး​တွေ ​ဘေးဖယ်ကာ လူများများ မများများ ​ဆိုတာ​တွေဘေးချိတ်လို့ ဘုရားကိုသာ နံဝိညာဥ်နှင့်၎င်းသစ္စာနှင့်၎င်း ကိုးကွယ်ကြပါစို့လို့ အနည်းငယ်တိုက်တွန်း​ဝေမျှချင်ပါတယ်။

ရှင်ယောဟန်ခရစ်ဝင် ၄:၂၄
ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့် ၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Previous Next