November 26, 2026

ကိုးကွယ်ခြင်းအလွဲကိုဆင်ခြင်ပါ

ဓမ္မရာဇဝင် ဒုတိယစာ​စောင်တွင် ဒါဝိဒ်မင်ကြီးသည် ဘုရားသခင်၏ပဋိညာဥ်​​သေတ္တာကို ပြန်လည်ပင့်​ဆောင်​သည်။ ထိုအချိန်တွင် ဩဇနှင့်အဟိဩတို့သည် လှည်းသစ်ကိုနှင်ရသည်။ ဩဇက ​သေတ္တာ​တော်နား၊ အဟိဩက ​သေတ္တာ​​တော်​ရှေ့ အသီးသီးသွားကြရသည်ကို​တွေ့ရသည်။ နာခုန် ​ကောက်နယ်သလင်းသို့​ရောက်​သောအခါတွင် ​နွားများသည် ​ချော်လဲသကဲ့သို့​ဖြစ်တဲ့အတွက် သေတ္တာ​တော်သည် လှုပ်ရှားသည်။ ပြုတ်ကျသကဲ့သို့ပင်ဖြစ်သည်ဟု ယူဆရသည်။ ဩဇသည် လှမ်းထိန်းသည်၊ ပဋိညာဥ်​သေတ္တာကို ကိုင်ခွင့်မရှိသည်ကို ကိုင်ခဲ့​သော​ကြောင့် ​သေတ္တာနားတွင် ပွဲချင်းပြီး​သေတယ်ဆိုတာကို မြင်ရတယ်။ ထာဝရဘုရားသည် ဩဇကိုအမြတ်ထွက်တယ်၊ သူ၏အပြစ်​ကြောင့် ဘုရားသခင်ဒဏ်ခတ်တယ်ဆိုတာကို မြင်ရပါတယ်။

သူက​တော့​စေတနာနဲ့ ​သေတ္တာပြုတ်ကျမည်စိုး၍ ထိန်း​ပေးတာပါ၊ လက်က​လေးနဲ့ ကိုင်​ပေးရုံပါဘဲလို့ ဆို​ကောင်းဆိုနိုင်စရာရှိ​ပေမယ့် မကိုင်ရဘူးဆို​သော အရာကိုကိုင်တွယ်ခဲ့​သော​ကြောင့် ကိုင်တွယ်ခြင်းအကျိုးဆက်၏ အပြစ်ကိုခံခဲ့ရသည်။ ​

ဓမ္မရာဇဝင် ပဋ္ဌမစောင် ၁၅:၂၂
ရှမွေလကလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။

ရှောလုသည် အာမလက်​တွေကို ရှင်းရှင်းဖျက်ဆီးပစ်ရမည်ကို အာဂတ်မင်းအပါအဝင်၊ သိုးနွားအစရှိသဖြင့် တန်ဖိုးရှိ​သောအရာ​တွေကို နှ​မြောပြီး မဖျက်ဆီးဘူး၊ အသုံးမဝင်​သော အရာ​တွေကိုသာ ဖျက်ဆီးပစ်တယ်ဆိုတာကို​တွေ့ရပါတယ်။ ရှင်းရှင်းဖျက်ဆီးပစ်ရမည်လို့ မှာထား​သော်လည်း ယဇ်ပူ​ဇော်ဖို့ အ​ကောင်းဆုံး​တွေယူလာတယ်လို့​ပြောတာကိုမြင်ရပါတယ်။

ဒီနှစ်​ယောက်စလုံးကို ကြည့်လျှင် ​စေတနာနဲ့ပါ၊ အ​ကောင်းဆုံးလုပ်​ပေးတာပါလို့ သူတို့က​​ပြောကြမယ် သို့​သော် မလုပ်ရ၊ လုပ်ပါ၊ စသဖြင့် ဘုရားသခင်၏ သတ်မှတ်ချက်ကို​တော့ သူတို့မနာခံခဲ့ကြသလို၊ ​ဖောက်ပြန်ခဲ့တယ်၊ ဘယ်​လောက်​ပင်​ကောင်း​အောင် လုပ်ပါ​စေ ဘုရားသခင်၏အလို​တော်၊ နှုတ်ထွက်စကား၊ အမိန့်​တော်၊ သမ္မာတရားနှင့်လွဲ​နေလျှင်​တော့ မည်မျှ​ကောင်း​အောင်လုပ်ပါ​စေ အသုံးမဝင်​ပေ။ မစင်ပုံကို ​ရွှေကွပ်ထားသကဲ့သို့ပင် ​ရွှေ​ရောင်​တောက်ပ​နေ​သော်လည်း မစင်မှန်းသိလျှင် မည်သူကယုယစွာ ​ကောက်ယူမည်နည်း။

ဒါ့​ကြောင့် မိတ်​ဆွေ တခါတ​လေမှာ ကျွန်​တော်တို့​တွေက ထင်တတ်ကြတယ်၊ ​သခင်ယေရှုခရစ်​တော်ရဲ့ ဧဝံ​ဂေလိတရားကို သူတို့လည်း ​​ဟော​ပြောတာဘဲ ​ဝေမျှတာ၊ နှုတ်ကပါတ်​တော်ပဲသုံးတာ၊ ဘုရားသခင်ကကိုးကွယ်ခြင်းကိုကြည့်တာမို့ တူတူဘဲလို့ဆိုချင်တတ်ကြမယ်၊ မိတ်​ဆွေ ထိုဧဝံ​ဂေလိက အခြား​သောဧဝံ​ဂေလိတရားဖြစ်မယ်၊ ထိုနှုတ်ကပါတ်​​တော်မှာ တ​​ဆေးပါ​နေမယ် (ဥပမာ အပြစ်လုပ်မိလဲ ဝန်ချစရာမလို)(​ယေရှုနှင့်ခရစ်​တော်ကို ခွဲတွဲပူး၊ ဝိညာဥ်၅လုံး) စသဖြင့်၊ ကိုးကွယ်တာ​တော့ ဒီဘုရားတူတူပါလို့​ဆို​သော်ညားလည်းဘဲ မတူဘူးဆိုတာကိုနားလည်ရပါတယ်။

ချီးမွမ်းကိုးကွယ်တာအရမ်း​ကောင်းတယ်၊ အသင်း​တော်ကကြီးတယ်၊ နိုင်ငံခြားကလာတာ၊ နိုင်ငံ​ပေါင်းစုံမှာ​​တောင်ရှိတယ်၊ Online မှာနာမည်ကြီးတယ်၊ နာမည်ကြီး​တွေပါတယ်၊ နိုင်ငံ​ရေးမှာဦး​ဆောင်သူ​တွေ​တောင်ပါတယ်၊ ပညာတတ်​တွေပါတယ်၊ ဆရာဝန်​တွေ​ရှေ့​နေ​တွေပါတယ်၊ ​ငွေအားလဲ​ကောင်းတယ် ဟုဆို၍ မည်မျှပင် အ​ကောင်းဆုံး​တွေသုံးထားပါ​စေ၊ အဆို​တော်​တွေဖြစ်​စေ၊ အနုပညာရှင်​တွေဖြစ်​စေ၊ နိုင်ငံ​ပေါင်းများစွာ၏ထိပ်သီး​ခေါင်း​ဆောင်​တွေဖြစ်​နေပါ​စေဦး​တော့ နှုတ်ကပါတ်​တော်သမ္မာတရားအစစ်မဟုတ်ဘဲ တ​​ဆေးပါလျှင်၊ အခြား​သောဧဝံ​ဂေလိ​တွေဖြစ်​နေလျှင်၊ လူ​တွေကို ​လမ်းလွဲ​စေလျှင်၊ ဩဇသည် ​သေတ္တာ​တော်ကို ကိုင်မိသလို၊ ​ရှောလု၏ ယူ​ဆောင်လာ​သော ယဇ်ကဲ့သို့လို ​ရွှေကွပ်​သော မစင်အလားပင်ဖြစ်​နေမည်။

ထို့​ကြောင့် မိမိ၏ကိုးကွယ်ခြင်းသည် ဩဇ အလား၊ ​ရှောလု အလား မဖြစ်​စေဖို့ရာ၊ မိမိပါဝင်မိ​သော​နေရာသည် ထိုကဲ့သို့ဖြစ်​နေလျှင်၊ ​နောင်တရကာ ​လှည့်ပြန်လာတတ်​သောသူ ဖြစ်​စေဖို့ရာ သင့်ကိုဘုရားရှင်​အလင်း​ပေးဖွင့်ပြပါ​စေ။ လွဲမှားစွာကိုးကွယ်ခြင်းနှင့် သမ္မာတရားလမ်းမှလွဲ​နေလျှင် သင်၏ပါဝင်ဆပ်ကပ်ခြင်း၊ ​ပေးလှူခြင်း၊ ကိုးကွယ်ခြင်းသည် အကျိုးမရှိ​သော​ကြောင့် ပိုင်းခြားနားလည်တတ်ဖို့ရာ အရမ်းအ​ရေးကြီးပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next