November 26, 2026

လမ်း​ကြောင်း​ပြောင်းခြင်း

ဒီက​နေ့မှာ လှိုင်သာယာသို့ ကိစ္စရှိ​သော​ကြောင့် သွားခဲ့ပါတယ်။ ထိုသို့သွားရင်းနှင့် လှိုင်သာယာသို့​ရောက်ခါနီးတွင် တည့်​ကြောနှင့် ​ကွေ့​ကြောကို ကားလမ်း​ကြောင်းယူရန်ဖြစ်လာသည်။ တည့်တည့်သွားရန်အလို့ငှာ လမ်းယူရန်ဖြစ်​သော်လည်း ဘယ်​ကွေ့ရန်လမ်း​ကြောင်းလည်းရှိ​နေသည်။ သို့နှင့် ကြည့်ပြန်​သောအခါတွင် ဘယ်ဘက်ကပ်​သောလမ်းကို မယူလျှင် တည့်တည့်သွား​သောလမ်းဖြစ်နိုင်သည်ဟုမှတ်ယူလိုက်သည်။ 

သို့​သော် မိမိအား ပို၍သေခြာ​စေခြင်းသည် ၂၁ နံပါတ်လိုင်းကားပင်ဖြစ်​ချေသည်။ ထိုကားသည် တည့်တည့်သွား​သောကားဖြစ်သည်။ ထို့​ကြောင့်သူယူထား​သော လမ်း​ကြောင်းအတိုင်းသာ လိုက်ခဲ့​ပေ​တော့သည်။ သို့နှင့် မီးပွိုင့်အလွတ်တွင် ထိုလိုင်းကားမှာ ဆက်၍တန်းစီနေ​သော​ကြောင့် ထိုကားသည် တည့်တည့်သွား​သော ကားဖြစ်​သော်လည်း ယ​​နေ့တွင် မသွားခဲ့သည်ကို ခန့်မှန်းမိသည်။ ဆီထည့်ရန် ​ကွေ့သွားခြင်းဖြစ်မည်ဟု ယူဆ၍ ကျွန်ုပ်သည် ကားလမ်း​ကြောင်းကို အချိန်မှီ​ပြောင်းကာ ​ရွေးခြယ်လိုက်​ပေ​တော့သည်။ 

မဟုတ်ရင်​တော့ ၂၁​ လိုင်းကားနောက်သာ လိုက်ပါမိသွားကာ၊ ဆီဆိုင်သို့ ရောက်သွား​ချေ​တော့မည် မဟုတ်ပါလား။ ထိုအရာကို ဆင်ခြင်မိရင်း ယုံကြည်သူများအတွက် အ​ရေးကြီး​သော အရာတစ်ခုကို ထပ်မံမြင်​တွေ့ခံစားမိပါ​တော့သည်။ 

တခါတ​လေတွင် ကျွန်ုပ်တို့သည် လူပုဂ္ဂိုလ်တစ်ဦးဦး၏ ​နောက်သို့ လိုက်ပါမိကြခြင်းမျိုးကို ​တွေ့ရတတ်သည်။ ထိုသူသည် မှန်​နေသ​ယောင်၊ သမ္မာတရားအတိုင်း လုပ်​ဆောင်သလိုလို၊ ကျမ်းစာ​အုပ်​လေး တကိုင်ကိုင်၊ သမ္မာတရားသာ ​ပြောသ​ယောင်၊ ​ဖြောင့်မတ်ခြင်းတရားကိုသာ ​​ဟောသ​ယောင်ရှိတတ်ကြ​သော်လည်း တစ်ချိန်ချိန်တွင် ​​ရွေ့​လျော့ဖောက်ပြန်တတ်ကြသည်ကို သတိပြုရန်လိုအပ်သည်။ ( ဥပမာ ​ယေရှုနှင့်ခရစ်​တော်ခွဲ​သောသူများတွင်လည်း ​တွေ့ရတတ်​ပေသည်။ အချို့မှာ အစပိုင်းတွင် ဧဝံ​ဂေလိအား​ကောင်းခြင်း၊ အသက်တာ​ကောင်းခြင်းများ၊ ​သမ္မာတရားသာ ​ဟော​ပြောသလိုလိုရှိခြင်း စသဖြင့်​တွေ့ရ​သော်လည်း လမ်း​ကြောင်း​ပြောင်းသွားတတ်​ချေသည်။ ) အကယ်၍သာ လူများသည် ထိုသူ​နောက်သို့လိုက်ခြင်းသည်  ၂၁ လိုင်းကားကိုသာ ကြည့်၍လိုက်​ခြင်းမျိုးကဲ့သို့သာ ဆိုလျှင်​တော့ ဒီအရာသည် ဆီဆိုင်သို့မ​ရောက်ပဲ ငရဲသို့သာ ခုန်ဆင်းခြင်းဖြစ်​ချေ​​တော့မည် မဟုတ်ပါလား။ 

သမ္မာတရားကို မမြင်​တော့ဘဲ၊ လူကိုသာမြင်ခြင်းသည် Personality Cults ဖြစ်တတ်သည်။ Jin Jones ​နောက်သို့ လက်သူများသည်လည်း သမ္မာတရားကိုမမြင်၊ ထိုသူ၏ မည်သည့်လုပ်ရပ်ကိုမဆို ကြိုက်နှစ်သက်သလို အဆိပ်​သောက်ခိုင်းခြင်းကိုပင် ​သောက်ကြသည်အထိ မခွဲခြားနိုင်​တော့သည်ကို မြင်​တွေ့ရသည်။ ထို့​ကြောင့် လူပုဂ္ဂိုလ်ကိုသာ မြင်ခြင်းသည် ထိုသူ၏ သမ္မာတရားနှင့်မညီ​သောအရာများကိုလည်း မမြင်ခြင်း၊ လူများကို ဒုက္ခ​ရောက်​စေခြင်းကိုလည်း မသိကြခြင်း၊ ထိုသူ၏ လွဲမှားခြင်းမျိုးကိုပင် လက်ခံနိုင်​လောက်သည်အထိ မျက်စိကန်းသွားတတ်ကြ​ပေသည်။ အချိန်မှီ လမ်း​ကြောင်းမ​ပြောင်းနိုင်လျှင် ထို​​သူ၏ နောက်လိုက်များသည် Personality Cults များဖြစ်သွားနိုင်​တော့သည်။ 

ကားသည် မိမိသွားရမည့်လမ်းကိုသာ ကြည့်ပြီးသွားသကဲ့သို့ ​ကျွန်ုပ်တို့ ယုံကြည်သူ အ​ယောက်စီတိုင်းသည် သခင်ယေရှုခရစ်​တော်ကိုသာ ​စေ့​စေ့​ကြည့်ခြင်း၊ သမ္မာတရားကိုသာကြည့်ခြင်းမျိုးမှသာလျှင် အချိန်မှီ လမ်း​ကြောင်း​ပြောင်းနိုင်​ပေမည်။ သို့မှာသာ ထိုပုဂ္ဂိုလ်၏ လမ်း​ကြောင်းလွဲ​နေခြင်းကို မြင်ရမည်ဖြစ်သလို ဆင်ခြင်ပြင်ဆင်နိုင်​ပေမည်။  အချို့မှာ​တော့ ထိုဆရာသမား၊ လူပုဂ္ဂိုလ်ကိုသာ ကြည့်ခြင်း​ကြောင့် ​ထိုသူများ၏ ​​နောက်သို့သာ ဆက်လက်၍ လိုက်ပါသွားခြင်းမျိုးကို မြင်​တွေ့​နေရ​သည် မဟုတ်​ပေဘူးလား။ 

ဟေဗြဲဩဝါဒစာ ၁၂:၂
ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ 

ဒါ့​ကြောင့် ကျွန်ုပ်တို့၏ လားရာလမ်း​ကြောင်းသည် လူပုဂ္ဂိုလ်အားကြည့်ခြင်းမျိုးမဖြစ်​စေဘဲ ​သခင်ယေရှုခရစ်​တော်ကိုသာ ​စေ့​စေ့ကြည့်ခြင်းဖြစ်​စေကာ သမ္မာတရားကိုမြင်တတ်၍ လွဲ​ချော်​နေလျှင်​တော့ အချိန်မှီလမ်း​ကြောင်း​ပြောင်းတတ်ပါ​စေဟု အနည်းငယ် တိုက်တွန်းနှိုး​ဆော်​လိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next