နောက်ပြန်မလှည့်နှင့်

ကျွန်တော်တို့တွေသည် အမြဲတမ်း အနောက်သို့ပြန်လှည့်တတ်ကြသောသူများဖြစ်ကြသည်။ တစ်ခုခုဆို အားလျှော့ကာ လက်လျှော့တတ်ကြတယ်၊ လာလမ်းအတိုင်းပြန်လှည့်သွားခြင်းတွေ စိတ်ပျက်လက်လျှော့လိုက်ခြင်းတွေ ရှိကြသလို တချို့ကလဲ အတိတ်မှ နာကျင်မှုတွေကြောင့် ရုန်းမထွက်နိုင်ဖြစ်နေတတ်ကြသည်။ နောက်တချို့ကျပြန်တော့ လုပ်နေကျ မကောင်းမှုတွေအကျင့်တွေကို စွန့်ပြီဟုဆိုသော်ညားလဲပဲ ပြန်ပြန်လုပ်နေပေသည်။ အသောက်တော့ဘူး ဒါပေမယ့် ပြန်သောက်တယ် စသဖြင့်ပေါ့။ ကျမ်းစာမှာတော့ မိုက်သောသူကမိုက်သောအကျင့် လုပ်နေကျမကောင်းသောအရာတွေကို ပြန်လုပ်တဲ့ ခွေးမြည်းကောက်ကျည်ထောက်စွတ်ကို ဘယ်လိုပြောထားသလဲဆိုတော့ မိမိအန်ဖတ်ကို ပြန်စားသောခွေးလို့ဆိုပါတယ်။ လောတရဲ့ မိန်းမသည် အနောက် ပြန်လှည့်၍ ဆုံးရှုံးခြင်းရောက်ရသွားရပါတယ်။
ကမ္ဘာဦးကျမ်း ၁၉:၁၇
ပြင်သို့ရောက်သောအခါ၊ သင်သည်အသက်ချမ်းသာရခြင်းငှါ ပြေးလော့။ နောက်သို့လှည့်၍ မကြည့်နှင့်။ မြေညီသောအရပ်၌ အလျှင်းမနေနှင့်။ တောင်ပေါ်သို့ပြေးလော့။ သို့မဟုတ် ဆုံးလိမ့်မည်ဟု ဆိုလေ၏။
အနောက်ကို ပြန်လှည့်မကြည့်ပါနဲ့၊ ပြေးပါ၊ အသက်လွတ်မယ် ပြောပြီးသားပါ။ သတိပေးသလို ဘယ်လိုဆိုလွတ်မယ်ဆိုတဲ့အဖြေက ရှိထားပြီးသား ပြောပြထားပြီးသားဖြစ်တယ်။ မိမိရဲ့ personal အမြင်နဲ့ချိန်ထိုးခြင်းကို ပြောမှာ ဖြစ်ပါတယ်။
အနောက်မှာ ကျန်ခဲ့တဲ့ စည်းစိမ်၊ နေရာ၊ ပစ္စည်းဥစ္စာတွေရှိကောင်းရှိမယ်၊ အစရှိသဖြင့်ဒါတွေကို စွဲလမ်းနေတုန်းဖြစ်တယ်၊ နောက်တစ်ခုကတော့ နားမထောင်ခြင်း မနာခံခြင်းဖြစ်တယ်။ မလုပ်နဲ့ဆိုတာကို ရအောင်လုပ်တယ်၊ ထိုစကားကိုအလေးမထားခြင်း။ ရှေ့၌ရှိသော အရာထက် အနောက်မှာကျန်ခဲ့သောအရာတွေကိုသာ တပ်မက်တယ်။ သုတ္တံစကားအရဆိုလျှင် မိမိအန်ဖတ်ကိုသာ တမ်းတတယ်ပေါ့။
ကမ္ဘာဦးကျမ်း ၁၉:၂၆
လောတ၏မယားမူကား နောက်သို့လှည့်ကြည့်၍ ဆားတိုင်ဖြစ်လေ၏။
ဟုတ်ပါတယ် သူကတော့ မိမိရဲ့ အန်ဖတ်ကို တမ်းတမိ၍ ပြန်လှည့်ကြည့်သောကြောင့် ဆားတိုင်ဖြစ်သွားရပါတယ်။ ကျွန်တော်တို့ကရော မိမိရဲ့ နာကျဥ်ရခြင်းတွေ၊ အကျင့်ဟောင်းတွေ၊ အရင်ကလုပ်ခဲ့တဲ့ မဟုတ်တာတွေကို ပြန်တမ်းတနေသလား၊ အတိတ်ရဲ့အရိပ်မှ လွတ်စေဖို့ရာ မိမိအန်ဖတ်ကို ပြန်မတမ်းတကြဖို့ရာလိုပါတယ်။ တမ်းတ၍ ပြန်လှည့်ကြည့်ရင်တော့ ဆားတိုင်ဖြစ်သကဲ့သို့ လှုပ်နိုင်မယှက်နိုင် ချည်နှောင်ခြင်းတွေနဲ့ ကျဆုံးရမှာဖြစ်ပါတယ်။ ထိုအရားများမှ အောက်ဆုံးသို့ ဆွဲကျခြင်းတွေ မလှုပ်နိုင်အောင် ဆားတိုင်လို ချည်နှောင်ပစ်မှာဖြစ်သောကြောင့် ကြောက်စရာပင်။
ဒါပေမယ့် လှည့်မကြည့်သောကြောင့် ဆုံးရှုံးသွားရခြင်းတွေ၊ အတိတ်ရဲ့နာကျဥ်ရခြင်း၊ မိမိရဲ့လှည့်မကြည့်ခြင်းကြောင့် နာကျဥ်ကာငိုကြွေးမြည်တမ်းသော မျက်ရည်များသည် သခင်ဘုရားရဲ့ရင်ခွင်၌ ညင်သာစွာ သုတ်ပေးခြင်းကို ခံစားရချေမည်။ မြေညီသောအရပ်ကဲ့သို့ လောကနဲ့ဆိုင်သော အရာတွေကို ပြန်လှည့်ကြည့်မနေဘဲ တောင်ပေါ်သို့ပြေးသလို အထက်နဲ့ဆိုင်သော အရာတွေကိုစွဲလမ်းစေ၍ ဘုရားသခင်ရဲ့ ရင်ခွင်ထဲသို့ပြေးခြင်းဖြင့် နောက်ပြန်မလှည့်သော ယုံကြည်သူများ ဖြစ်စေကြဖို့ရာ အနည်းငယ်ခွန်အားပေးတိုက်တွန်းချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi