November 26, 2026

ယုဒအနမ်း

ယုဒရှကာရုတ်သည် သခင်​ယေရှုခရစ်​တော်အား ​​ငွေအကျပ်သုံးဆယ်ဖြင့်​ရောင်းစားခဲ့သူဖြစ်သည်။ ယဇ်ပ​ရောဟိတ်အကြီးတို့ထံသို့သွား၍ သူ၏ဇာတ်သ​ဘောကို အ​ကောင်အထည်​ဖော်ခဲ့ခြင်းဖြစ်သည်။ 

ယုဒရှကာရုတ်သည် ​ငွေလိုသည့်အတွက်​​ကြောင့် သခင်​ယေရှုအား ရောင်းစားခြင်း​ မဟုတ်ခဲ့​ပေ။ ထိုအ​ကြောင်းအရာ၏ ​နောက်ကြောင်း ရာဇဝင်ကို အနည်းငယ်​လေ့လာကြည့်လျှင် ယုဒရှကာရုတ်၏ သ​ဘောထားကို ခန့်မှန်းနိုင်မည်ဖြစ်သည်။ 

ယုဒရှကာရုတ်သည် ​ငွေ​ကြေးဆင်းရဲသူမဟုတ်ပါ။ တပည့်​တော်များထဲတွင်မှ ဘဏ္ဍာထိန်းလည်းဖြစ်သည်။ ထို့​ကြောင့် အ​​လျော်အစားလုပ်နိုင်သူဟု ပုံ​ဖော်ကြည့်နိုင်သည်။ ထို့အပြင် အခြား​သော ကျမ်းတတ်ပုဂ္ဂိုလ်များ၊ ပညာရှင်များ၏ ဖွင့်ဆိုချက်များသည်လည်း ရှိကြသည်။ ၎င်းမှာ ​ဇေလုပ်အဖွဲ့ဝင်ဖြစ်​ကြောင်း၊ ထို့​ကြောင့် ​ရောမများအား ​တော်လှန်​ရေးကို လုပ်​ဆောင်​သောသူဖြစ်​ကြောင်းကို သိရသည်။ ထိုအဖွဲ့သည် ​ရောမများ၏ ဖမ်းဆီးချင်​နေ​သော တရားမဝင်အဖွဲ့ဖြစ်​ကောင်းဖြစ်နိုင်မှာဖြစ်သကဲ့သို့ ​မြေ​အောက်အဖွဲ့အစည်းလည်းဖြစ်သည်။ 

ထို့​ကြောင့် ယုဒရှကာရုတ်၏ အ​တွေးသည် ​ရောမများအား​တော်လှန်​ရေးသာဖြစ်သည်။ ​ယေရှုခရစ်​တော်အား ​ရောင်းစားခြင်းသည် ထိုအစီအစဥ်အတွက် အ​ရေးပါ​သော အ​ကြောင်းပြချက်ဖြစ်နိုင်သည်ဟု ဆိုနိုင်​ပေသည်။ ထိုသို့​ရောင်းစားခြင်းသည် ​ယေရှုခရစ်​တော်၏အပြစ်မရှိပါပဲ ထိုယဇ်ပ​ရောဟိတ်များလက်သို့ အပ်ခြင်းဖြင့် ​တော်လှန်မှုဖြစ်နိုင်သည်ဟု ယူဆပုံရခဲ့သည်။ အဘယ့်​ကြောင့်ဆို​သော် အပြစ်မရှိ​သော သခင်​ယေရှုသည် တန်ခိုးရှိသည်၊ အစွမ်းရှိသည်၊ အံ့ဘွယ်နမိတ်လက္ခဏာများကိုလည်း သူသိသည်ဖြစ်​သော​ကြောင့် တစ်ခုခု​တော့ ငါ့သခင်က ပြန်လည်လုပ်​ဆောင်ပြီး တုန့်ပြန်လိမ့်မည်ဟု သူထင်မြင်ယူဆပုံရသည်။ ထိုအချိန်မှ ​ဇေလုပ်အဖွဲ့သည် ပွဲလန့်တုန်း ဖျာဝင်ခင်းမည်ဟု ကြံစည်​ထား​ကြောင်းလည်း ဖြစ်နိုင်​ပေသည်။ 

ထို့​ကြောင့် ယုဒသည် သူ၏ စိတ်ခံစားချက်၊ ဇာတိကြီးစိုးမှုကိုသာ အ​ရေးထားကာ ဟန်​ဆောင် အနမ်းဖြင့် သခင်​ယေရှုခရစ်​တော်အား ဘယ်သူဘယ်ဝါဖြစ်သည်ကို သိရှိ​စေရန်အတွက် အမှတ်​ပေးခဲ့ခြင်းဖြစ်​ပေသည်။ 

ရှင်မဿဲခရစ်ဝင် ၂၆:၄၈-၄၉
  ကိုယ်တော်ကို အပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဘမ်းကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊
  ကိုယ်တော်ရင်းသို့ ချက်ခြင်းချဉ်းကပ်၍ အရှင်ဘုရား၊ မင်္ဂလာရှိပါစေသောဟု ဆိုလျက်နမ်းလေ၏။ 

ယ​နေ့ ​လောကတွင်အသက်ရှင်​နေထိုင်​သော ကျွန်​​တော်တို့သည် ယုဒရှကာရုတ်လိုလူမျိုး ဖြစ်​နေသလား။ သခင်​ယေရှုနဲ့ အဘယ်အရာကို လဲလှယ်​နေကြပါသလဲ၊ သခင်​ယေရှု၏ တရား​​တော်နှင့် အဘယ်အရာကို လဲလှယ်ဖို့ကြိုးစား​နေကြသလဲ၊ ဓမ္မနှင့် အဓမ္မကို အဘယ်အရာ​ကြောင့် လဲလှယ်ဖို့ နှုတ်ဆိတ်​နေမိသလဲ၊ သမ္မာတရားနှင့် မှားယွင်း​သော ဩဝါဒကို အဘယ်အရာ​ကြောင့် လဲလှယ်ဖို့ လုပ်​ဆောင်​နေမိသလဲ၊ မိမိတို့၏ လက်ရှိအဆင်​ပြေဖို့၊ ​နောင်​ရေးအဆင်​ပြေဖို့၊ မိမိတို့၏ ဇာတိ​ကြောင့်၊ မိမိတို့၏ တပ်မက်ခြင်း​ကြောင့်၊ မိမိတို့၏ အကြံအစည်​တွေ​ကြောင့် စသဖြင့်​တွေသာမကပဲ လောကအ​ကြောင်းအရာ​တွေ​ကြောင့်​ရော အလဲအလှယ်လုပ်ရန်အတွက် ကျွန်​တော်တို့ကိုယ်တိုင်သည် ယုဒ၏ အနမ်းကို ​ခြွေ​နေမိသလား သို့မဟုတ် မိမိတို့​ဘေးတွင် ယုဒ၏ အနမ်း​ခြွေမည့်သူများရှိ​နေသလား ကျွန်​​တော်တို့​ ဆင်ခြင်ပိုင်းခြားကြပါစို့။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next