November 26, 2026

သင်ကယ်တင်ခြင်းရဖို့ဘုရားသခင်အလို​တော်ရှိပါတယ်

Covid ဆို​သောအသံကြားလိုက်တာနဲ့ ​ကုသဖို့​ရော၊ကာကွယ်ဖို့​ရော ဆေးမရှိ​သေး​သော ကူးစပ်​ရောဂါလို့​ပြေးမြင်တတ်ကြမှာပါ။ ဒါလည်းတနည်းအားဖြင့်​တော့ဟုတ်ပါတယ်။ တကယ်​တော့​​ဆေး​တော့​ပေါ်လာဦးမှာပါပဲ၊အသက်ရှင်​နေသ၍​မျှော်လင့်လို့ရတယ်မဟုတ်လား။ဒီလိုပဲ ဟိုအရင်​အချိန်​တွေတုန်းကလဲ SARS တို့ MARS တို့ ဝက်တုတ်​ကွေး​တို့ ပလိပ်​ရောဂါတို့ ဘာညာအစရှိသဖြင့်လဲ ​ဆေးမရှိလို့ ​သေဆုံးခဲ့ကြတာပါပဲ။ ​ အချိန်တစ်ခု​​ရောက်​တော့လဲဆေးဆိုတာပေါ်လာခဲ့​သေးတာပါပဲ။ ဒါ့​ကြောင့် စိတ်မပျက်ပါနဲ့ ​သင်အသက်ရှင်​နေသမျှကာလပတ်လုံးမျော်လင့်လို့ရပါ​သေးတယ်။

 

ဒီအရာကသင့်ဘဝ၊သင်ချစ်​သောသူ​တွေနဲ့ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်မယ်လို့ သင်ထင်​ကောင်းထင်ရနိုင်ပါတယ်။
သို့​သော်တကယ်တမ်းကမ္ဘာကြီးကိုကိုင်လှုပ်နိုင်တာဟာ ​ချစ်ခြင်းမေတ္တာပါပဲ။
ဥပမာ။ ​မာသာတရီဇာ၊ ​ဒေးဗစ်လစ်ဗင်းစတုန်း၊ ဆရာကြီးယုဒသန်၊ အစရှိသဖြင့် ချစ်ခြင်း​မေတ္တာနဲ့ကမ္ဘာကြီးကို ကိုင်လှုပ်ခဲ့ကြဖူးပါတယ်။ ထိုသူ​တွေဟာ အမျိုးမျိုး​သောဆင်းရဲဒုက္ခ​တွေခံစားခဲ့ရတယ်၊သို့​သော် သူတို့က​တော့ ​မေတ္တာမပျက်ပဲ လုပ်​ဆောင်ရမဲ့အရာ​တွေကိုချစ်ခြင်း​မေတ္တာနဲ့လုပ်​ဆောင်ခဲ့ခြင်းအားဖြင့် ကမ္ဘာကြီးကို​ပြောင်းလဲ​စေခဲ့တယ်။လူ​တွေကို​​ပြောင်းလဲ​စေခဲ့တယ်။
သူတို့အားဖြင့် လူ​တွေဘုရားကိုမြင်​စေခဲ့တယ်။

 

သင်​ရောနဲ့ကျွန်​တော်​ရော Covid ကို​ကျော်လွန်၍ ချစ်ခြင်း​မေတ္တာပြသနိုင်ပါရဲ့လား။ ​ရန်သူကိုပင်ချစ်နိုင်​သော ​မေတ္တာ၊မိမိကိုကြိမ်ဆဲ၊ဆဲ​ရေး​သောသူကိုပင် ​မေတ္တာပို့နိုင်​သော​​၊မိမိကိုမုန်း​သောသူကိုပင် ​ကျေးဇူးပြုတတ်​သော​မေတ္တာ၊ မိမိကို​နှောက်ယှက်ညှင်းဆဲ​သောသူတို့အဖို့ကို​တောင် ဆု​တောင်း​ပေးတတ်​သော ချစ်ခြင်း​မေတ္တာ၊ ဒါ​တွေအားဖြင့် ကမ္ဘာကြီးကိုကိုင်လှုပ်ကြပါစို့လား။

​မေတ္တာဆိုတာ စိတ်ရှည်တတ်တယ်၊​ကျေးဇူးပြုတတ်တယ်၊ဂုဏ်ပြိုင်ခြင်း​တွေမရှိဘူး၊မာန်မာန​တွေမရှိဘူး၊ဝါကြွားခြင်း​ဆိုတာ​​တွေမရှိဘူး၊​ဖောက်ပြန်ခြင်းသ​ဘောဆိုတာလုံးဝမရှိဘူးပဲ။ ချစ်ခြင်း​မေတ္တာကအပြစ်ရှိတယ်လို့​တောင်မထင်တတ်ဘူးလို့ဆိုပါလား။ အပြစ်​တွေကို​တောင်ဖုံးအုပ်​ပေးနိုင်တယ်၊ခွင့်လွတ်​ပေးနိုင်တယ်​ပေါ့။
စား​သောက်ခြင်းအမှုပြု​တာ​တောင် ​ချစ်ခြင်း​မေတ္တာမပါတဲ့ စား​ကောင်း​သောက်ဖွယ်​တွေစားရခြင်းထက် ချစ်ခြင်း​မေတ္တာပါတဲ့ ဟင်းရွက်​တစ်နပ်စာက​တောင်သာ၍ချိုမြိန်တယ်မဟုတ်ပါ​လား။

 

လူ​​တွေက​ပြောကြတယ် ယ​နေ့​ခေတ်အချိန်အခါသည် ​ချစ်ခြင်းမေတ္တာ​ခေါင်းပါးလာကြပြီ၊ကိုယ်ချင်းမစာတတ်ကြဘူး၊လူ့အကျင့်စရိုက်​တွေဆိုးလာကြပြီ။ ဒီလိုချစ်ခြင်း​မေတ္တာမျိုးဘယ်မှာရှာလို့ ​တွေ့နိုင်ပါ့မလဲ။
နှုတ်ကပါတ်​တော်တစ်ချက်မှာ​တော့ဒီလိုဆိုပါတယ်။

 

ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၄:၁၆
ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူခြင်း မေတ္တာတော်ကိုငါတို့သည်သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌ တည်သောသူသည် ဘုရားသခင်၌တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌ တည်တော်မူ၏။

 

ဒီ​ရောဂါ​တွေကို ​ဆေးမရှိလို့ဆိုပြီး​ကြောက်​နေဖို့မဟုတ်ဘူး၊​အသက်ရှင်​နေသ၍မျှော်လင့်ချက်ရှိ​သေးတယ်၊​မျှော်လင့်လို့ရ​သေးတယ်။ 
ဒါ့အပြင် ဘုရားသခင်၏ချစ်ခြင်း​မေတ္တာ​တွေကိုသင်ဟာခံစားရဖို့ထိုက်တန်​သောသူဖြစ်တယ်။ မိတ်​ဆွေမြည်းစမ်းကြည့်ပါ။ ဒီ​လောကကြီးထဲကိုသင်ဟာမ​တော်တဆ​ရောက်လာတာမဟုတ်ပါဘူး။


သင်ကယ်တင်ခြင်းရဖို့ဘုရားသခင်အလို​တော်ရှိပါတယ်။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next