November 26, 2026

ကျွန်ုပ်တို့ရဲ့အင်တန်ကာလ

အာဟပ်မင်းကို ဧလိယက မိုးမရွာ၊ နှင်းမကျရမည့်အ​ကြောင်းကို​ပြောဆိုတယ်။ အချိန်ဘယ်​လောက်ထိလဲ ဘယ်​လောက်ကြာမလဲ၊ ဘယ် နှစ်နှစ် ဘယ် နှစ်လ ဘယ် နှစ်ရက် ဆိုတာမသိဘူး။ အဲ့ဒီအချိန်က ၁နှစ်လဲ ဖြစ်နိုင်တယ်၊ ငါးနှစ်လဲဖြစ်နိုင်တယ်၊ ဆယ်နှစ်လဲဖြစ်နိုင်တယ်၊ အင်တန်ကာလလို့ဆိုတယ်။ ကြာချင်သ​လောက်ကြာမယ် ဆိုတာကို နားလည်ရတယ်။

ဓမ္မရာဇဝင် တတိယစောင် ၁၇:၁
ဂိလဒ်ပြည် တိရှဘိမြို့သားဧလိယက၊ ငါကိုးကွယ်သော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည် အတိုင်း၊ ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံး မိုးမရွာ၊ နှင်းမကျရဟု အာဟပ်မင်းအားမြွက်ဆို၏။

ဒါ​ပေမယ့် ဒီအင်တန်ကာလအတွက် ဧလိယအဖို့ အ​ဖြေကရှိပြီးသားဆိုတာကို နားလည်ရတယ်။ ထာဝရဘုရားရဲ့ နှုတ်ကပါတ်​တော်က သူ့အတွက်အ​ဖြေ​ပေးထားပြီးသားဖြစ်တယ်။ ဒီ​နေရာက​နေထွက်၊ အ​ရှေ့အရပ်ကို​ပြောင်းပြီး ​ယော်ဒန်မြစ်တစ်ဖက်က ​ခေရိတ်​ချောင်းနားမှာ ပုန်းရမယ်ဆိုတာကို​ပြောပြီးသားဖြစ်သလို၊ မိုးမရွာ နှင်းမကျတာဟာ အင်တန်ကာလဖြစ်တယ် ကြာချင်သ​လောက်ကြာနိုင်​ပေမယ့် သူ့အတွက် ​ရေ​သောက်စရာ ​နေရာကိုပြင်ဆင်ထားပြီးသားပါ။ ဒါ့အပြင် စားစရာအဖို့ကိုလဲပြင်ဆင်ထားပြီးသားဆိုတာကို​တွေ့ရပါတယ်။ ကျီးအ ကို​တောင် သုံးတယ်ဆိုတာကို​တွေ့ရ​သော​ကြောင့် ဘုရားသခင်အတွက် အသုံး​တော်ခံနိုင်ခြင်းသည် သင်နှင့်ကျွန်ုပ်၏​တော်ခြင်း တတ်ခြင်း​တွေက အဓိကမကျဘူးဆိုတာကို နားလည်ရပါတယ်။

ဓမ္မရာဇဝင် တတိယစောင် ၁၇:၄
ထိုချောင်းရေကို သောက်ရမည်။ ကျီးအတို့သည် သင့်ကိုကျွေးမွေးမည်အကြောင်း ငါမှာထားပြီဟု မိန့်တော်မူသည်အတိုင်း၊

ဘုရားသခင်ပြင်ဆင်ထားတယ်ဆိုတာကို​တွေ့ရသလို၊ ထိုနှုတ်ကပါတ်​တော်အ​ပေါ်မှာ စိတ်ချပြီးသွားလာသူအတွက် စိတ်ချရတဲ့အ​ဖြေရှိ​နေတယ်ဆိုတာကို နားလည်ရပါတယ်။

ဟုတ်ပါတယ်မိတ်​​ဆွေ ယခုကာလဟာလည်း ထိုနည်းတူ အင်တန်ကာလများဖြစ်​နေပြီလား။ ကျွန်​​တော်တို့တွေဟာ ဒီကာလ ဘယ်​လောက်ကြာကြာဆက်ရှိ​နေမလဲ၊ ဘယ်​လောက်ထိရက်​တွေကို ​ရေတွက်​နေရဦးမှာလဲ မည်သူတစ်ဦးတစ်​ယောက်မှမသိပါ။ ဒါ​ပေမယ့် ထိုအင်တန်ကာလကို ဘယ်လို​ကျော်ဖြတ်မလဲဆိုတာကသာ အ​ရေးကြီးသလို၊ ဘယ်သူအ​ဖြေ​ပေးမလဲဆိုတာကသာ အဓိကကျတယ်လို့ ကျွန်​​တော်မြင်​ယောင်ခံစားမိပါတယ်။ ဧလိယကြီးက​တော့ ထိုအင်တန်ကာလကို ထာဝရဘုရားထံမှလာ​သော နှုတ်ကပါတ်​တော်အ​ပေါ်သာရပ်တယ်၊ နား​ထောင်တယ်၊ လိုက်နာတယ်၊ ထိုစကားအ​ပေါ်ကိုယုံကြည်တယ် ဆိုတာကို ​ကောင်းစွာနားလည်ရပါတယ်။ မိတ်​ဆွေနဲ့ကျွန်​တော့်ရဲ့ အင်တန်ကာလကို​တော့ ထိုကဲ့သို့​သော စိတ်ချရတဲ့ နှုတ်ကပါတ်​​တော်လိုအပ်ပါတယ်။ ဒါ့​ကြောင့် အဲ့ဒီ မည်မျှကြာမည်ကို မသိနိုင်​သော အင်တန်ကာလအတွက် စိတ်မပျက်အားမ​လျော့​စေဘဲ ထာဝရဘုရား၏နှုတ်ကပါတ်​တော်ကို​မျှော်လင့်ကာ ​ရှေ့ဆက်ကြရ​အောင်၊ အဲဒီနှုတ်ကပါတ်​တော်​ရောက်လာရင် ထိုအင်တန်ကာသည်မည်မျကြာပါ​စေ သင်နှင့်ကျွန်ုပ်ဟာ ​အောင်မြင်​ကျော်လွှားနိုင်မှာဖြစ်တယ်ဆိုတာကို အနည်းငယ်တိုက်တွန်းခွန်အား​ပေးချင်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Previous Next