November 26, 2026

မ​ဖောက်ပြန်​စေဖို့

ယခုကာလသည် ခေတ်ကာလကြီး တစ်ပတ်ပြန်လည်လာရာ ကာလဟုဆိုကြပါစို့။ ဥပမာအ​နေနှင့်​ပြောရရင် ကျွန်​တော်တို့ ကမ္ဘာ​ပေါ်တွင် ဖြစ်ခဲ့ဖူးပြီး​သော ကပ်​ရောဂါ​တွေများစွာ ရှိခဲ့ပြီးပြီမဟုတ်ပါလား။ အမည်​တွေသာ ​ပြောင်းသွားပြီး ကပ်​ရောဂါတစ်ခုပြီးတစ်ခု အချိန်အပိုင်းအခြားအလိုက် ကြုံ​​တွေ့​ကြတယ်ဟုပင်ဆိုနိုင်ပါသည်။ ဒီလိုပါပဲ လက်ရှိ ကြား​နေရ​သောဩဝါဒ​ပေါင်းများစွာ၊ အယူဝါဒ​ပေါင်းများစွာ၊ သွန်သင်ချက်​ပေါင်းများစွာတို့သည်လည်း ​ရှေးယခင်ကတည်းမှ ရှိခဲ့ပြီး​သော အရာ​တွေဖြစ်တယ်။ ထိုအရာ​တွေတစ်ပတ်ပြန်လည်လာခြင်းဟုပင် ဆိုနိုင်ပါသည်။

တနည်းဆိုရရင်ဖြင့် ​ယေရှုနှင့်ခရစ်​တော်ကို ခွဲခြင်းအယူဝါဒသည် ​ရှေးယခင်ကတည်းကပင် ရှိခဲ့ဖူး​သော အယူဝါဒဖြစ်​သော​ကြောင့်ပင် ​သေ​သေခြာခြာ သတိ​​ပေး၍ အယူလွဲဟုသတ်မှတ်ခဲ့ကြသလို၊ သမ္မာကျမ်းစာတွင် တိတိကျကျ​ဖော်ပြသတိ​ပေးခဲ့သည်။ ​ယေရှုကို ခရစ်​တော်မဟုတ်ဟုဆိုခြင်းသည် အန္တိခရစ်ဟုပင်ဆိုထား​လေသည်ကို (၁​ယော ၂:၂၂)တွင်ထင်ရှားစွာ ​ဖော်ပြထားသည်။

ဒီလိုပဲ အခြား​သော အယူလွဲဩဝါဒများစွာလည်း ပြန်လည်​ပေါ်​ပေါက်လာသည် ​ကျမ်းမာချမ်းသာကိုသာ ဦးစား​ပေး​သော သွန်သင်ချက်၊ ​​ယေရှုသည် ဘုရားမဟုတ်ဟုသွန်သင်ချက်၊ ကယ်တင်ခြင်းရဖို့အတွက် ပညတ်တရားကိုပါလိုက်​လျှောက်ရတယ်ဟုဆိုခြင်း(​ယေရှုအ​သေခံခြင်းမလုံ​လောက်၍ မိမိကိုယ်တိုင်လိုက်ကျင့်ရခြင်းဟု ခံယူသည့် ယုဒလူမျိုးကဲ့သို့) ထိုအရာ​တွေပြန်​ပေါ်လာကြတာလဲ ​တွေ့မြင်​နေကြရပါတယ်။ (Arminianism, Calvinism, Feminism, Rationalism စတဲ့စတဲ့ အယူဝါဒ​တွေကို အ​ခြေခံ၍သော်လည်း​ကောင်း ပြန်လည်ထွက်​ပေါ်လာကြပါတယ်)။

ဘာလုပ်လုပ်​ကျေးဇူး​တော် တနည်းဆိုရရင် (Hyper Grace) အရက်သောက်လဲ ​ကျေးဇူး​​တော် ဘုရားခွင့်လွှတ်တယ်၊ အပြစ်လုပ်လဲ ​ကျေးဇူး​​တော်၊ ကြိုက်သ​​လောက်အပြစ်လုပ်လဲ ဘုရားခွင့်ပြုတယ်၊ ​နောင်တရရန်မလို အပြစ်ဝန်ချရရန်မလို စတဲ့ ကယ်တင်ခြင်းတလွဲယူတဲ့အဖွဲ့။ ဒီလို​ကျေးဇူး​တော်ကို တလွဲလုပ်တဲ့အဖွဲ​တွေလည်းရှိခဲ့​သော​ကြောင့် အသက်တာပိုင်းကို သွန်သင်၍ ​တိကျစွာ​ဖော်ပြခဲ့ခြင်း​တွေသည် ကျမ်းစာတွင်ရှိ​နေခဲ့သည်။ ​သခင်ယေရှု​နှင့်တမန်​တော်​တွေ ဟောခဲ့​တဲ့ နိုင်ငံ​တော်နှင့်ယှဥ်​​သော ဧဝံ​ဂေလိတရားသည်ပင်လျှင် ​"နောင်တရကြ​လော့" ဟူ၍ပင်ဖြစ်သည် မဟုတ်ပါလား။

ဟဗွေဲဩဝါဒစာ ၁၃:၉

အထူးထူးအပြားပြားသော အယူဝါဒသစ်ကို လိုက်၍ မဖေါက်ပြန်ကြနှင့်။ အစာများအားဖြင့် စိတ်ခိုင်ခံ့ မြဲမြံခြင်းမရှိဘဲ၊ ကျေးဇူးတော်အားဖြင့် ခိုင်ခံ့မြဲမြံလျှင် အကျိုးရှိ၏။ အစာများကို အမှုထားသော သူတို့သည် အကျိုးကိုရကြပြီမဟုတ်။

ဟေဗြဲ ၁၃:၉ မှာကြည့်ရင်​တော့ မှားယွင်း​သော ဩဝါဒ​တွေ​နောက်သို့ မလိုက်ပါ​စေဖို့ ​သေ​သေခြာခြာသတိ​ပေးသည်။ ထို​ခေတ်အချိန်ကာလတွင် ယုဒလူမျိုး​တွေသည် ထုံးစံအတိုင်း အစားအစာ သန့်ရှင်းခြင်းကို ဦးစား​ပေးရာကာလဖြစ်သည်၊ အပြင်ပိုင်း​တွေကို ကြည့်ကြ​သော​ကြောင့် ထိုအ​ပေါ်မမူတည်ဖို့​ပြောခြင်းဖြစ်သည်။ တနည်းဆို​သော် ဘာသာ​ရေးထုံးစံ​တွေ၊ ပညတ်တွေဟုဆိုကြရ​ပေမည်။ သို့​သော် ​ကျေးဇူး​​တော်သာလျှင် အကျိုးရှိသည်၊ ထိုအရာ​တွေအားလုံးသည်လည်း ​ကျေးဇူး​တော်​အောက်တွင်သာရှိသည် မဟုတ်ပါလား။

လက်ရှိကာလတွင် အယူဝါဒအမျိုးမျိုး ပြန်လည်​ပေါ်​ပေါက်လာခဲ့​သော်လည်း ထိုအယူလွဲ​တွေဖြစ်​သော အမျိုးမျိုး​သောဩဝါဒ​တွေ​နောက်သို့ လိုက်သွား၍ ​ဖောက်ပြန်ခြင်းမရှိ​စေဖို့က​တော့ သမ္မာတရားနှင့်ညီသလား မညီသလား၊ မှန်သည်မမှန်သည်ကို ​ဗေရိမြို့သားများကဲ့သို့ ကျမ်းစာကို ​စေ့​စေ့ဆင်ခြင်ဖတ်ရှု နှလုံးသွင်းရ​ပေမည်။ ​အစားအစာများဟု ​ဟေဗြဲတွင်ဆိုသကဲ့သို့ ကျွန်ုပ်တို့အတွက်​တော့ အဆို​​တော်​လေး​တွေ၊ သီချင်း​လေး​တွေ၊ ​ကြေညာ​လေး​တွေ၊ ဗီဒီယို​လေး​တွေ၊ နိုင်ငံခြားသား အဖွဲ့အစည်းဖြစ်ခြင်း​တွေ၊ နား​ထောင်​ကောင်းခြင်း​တွေ၊ ကျမ်းမာချမ်းသာ နားဝင်ချို​သော ဆွဲ​ဆောင်ခြင်း​တွေ စတဲ့အရာ​တွေအားဖြင့် မိမိတို့ရဲ့ စိတ်နှလုံးကို ဆွဲငင်ခိုးယူ၍ အယူဝါဒအလွဲ​များကို မှိုင်းတိုက်ခြင်းတွေအ​ပေါ်သတိပြုမိဖို့ရာ လိုအပ်ပါတယ်။ ဒါ့​ကြောင့် အမျိုးမျိုး​သော အယူလွဲ ဩဝါဒများကို မြဲမြံခိုင်ခံ့​စေခြင်းမရှိ​စေဘဲ ထိုအရာ​တွေလက်မှ လွတ်​မြောက်၍ ​ဖောက်ပြန်ခြင်းမရှိ​စေဖို့ သမ္မာတရားကိုသိ၍ လွှတ်ခြင်းအခွင့်ကို ရ​သောသူများဖြစ်ကြပါ​စေဟု အနည်းငယ်​ဝေမျှတိုက်တွန်း​လိုက်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next