Beware The Side Effects

အချို့သော ဆေးကုသမှု၊ ရောဂါများတွင် ဘေးထွင်ဆိုးကျိုး (Side Effects) တွေရှိတယ်ဆိုတာကို သိကြမယ်လို့ ထင်ပါတယ်။ ဒီအထဲကမှ အချို့ကို ဖော်ပြသွားပါမယ်။
ကင်ဆာရောဂါဝေသနာကို ကုသရာတွင် ဓါတ်ကင်ခြင်းဟုခေါ်သော ရောင်ခြည်ကုထုံးတစ်ခုကို ပြုတတ်ကြသလို၊ ဆေးပြင်းတွေကို သောက်သုံးရတယ်။ အခြားသော ကုထုံးတွေလည်း ထည့်သွင်းကြရပါတယ်။ သူ့ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုကတော့ လူနာဟာ အရမ်းပင်ပန်းပါတယ်၊ ဆံပင်ပေကျွတ်ခြင်း၊ ရေငတ်ခြင်း စသဖြင့်ခံစားရတယ်။
အာသီးခဏခဏ ရောင်တတ်ရင် လေးဘက်နာရောဂါ လက္ခဏာဘက်ကို ဖြစ်တတ်တယ်လို့ မှတ်သားဖူးသလို၊ လေးဘက်နာရောဂါရင့်လာရင် ဖြစ်တတ်လေ့ရှိတဲ့နောက်ဆက်တွဲရောဂါဖြစ်နိုင်ခြေကတော့ ဂေါက်ရောဂါ(Gout)၊ နှလုံး၊ စသဖြင့်လို့ သိမှတ်လေ့လာခဲ့ဖူးပါတယ်။ ဒါတွေကတော့ Side Effects လို့ခေါ်သော ရောဂါ၊ ဆေးကုသမှုတွေ၏ နောက်ဆက်တွဲ ဖြစ်တတ်သော ပြဿနာအချို့ဖြစ်ပါတယ်။
ဝိညာဥ်ရေးရာအတွက် Side Effects တွေရောရှိမလား၊ ရှိမယ်ဆိုရင် သာ၍သာ၍ ကြောက်စရာကောင်းနေမှာ သေခြာပါတယ်။ ဆိုကြပါစို့ သမ္မာကျမ်းစာနှင့် မညီသော သွန်သင်ချက်တွေဖြစ်တဲ့ ယေရှုကလူဖြစ်တယ် လူဖြစ်လို့ ကားတိုင်ပေါ်ကယေရှုကနာတယ်၊ ပြန်ရှင်လာမှ ဘုရားဖြစ်တယ်ဆိုသော အရာသည် ကယ်တင်ခြင်းနှင့်လွဲပြီး ယေရှုနှင့် ခရစ်တော် ပူး၊ တွဲ၊ ခွဲ၊ ပေါင်းသော Side Effects ကိုဖြစ်ပေါ်လာစေပါတယ်။
ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၂:၂၂
မုသာကိုသုံးသောသူကားအဘယ်သူနည်း။ ယေရှုသည်ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူ ဖြစ်သတည်း။ ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သော သူသည် အန္တိခရစ်ဖြစ်၏။
ရှင်ယောဟန်ဩဝါဒစာ ဒုတိယစောင် ၁:၇
လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသော သူအများတို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။
ယေရှုက ရှင်ပြန်ထမြောက်မှ ယေရှုခရစ်ဖြစ်တယ်၊ ယေရှုကဘုရားမဟုတ်ဘူး စသဖြင့်ငြင်းပယ်သော ဩဝါဒအလွဲတွေသည် ကယ်တင်ခြင်းလမ်းမှ လွဲသွားစေသော အခြားသောဧဝံဂေလိကိုဖြစ်ပေါ်စေသည်အထိ Side Effects ဖြစ်စေသည်။ ဩဝါဒစာစောင်တွေမှာဖော်ပြထားသလိုပါပဲ ထိုသူတွေဟာ အန္တိခရစ်လည်းဖြစ်တယ်လို့ နားလည်ရပါတယ်။
ရှင်မာကုခရစ်ဝင် ၁:၁၅
အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့ဟူသော ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောတော်မူ၏။
ဧဝံဂေလိတရားသည် နောင်တနှင့်ဆိုင်သည်။ ယေရှုကိုယ်တိုင် နောင်တရဖို့ ဟောပြောခဲ့သည်။ နောင်တနှင့်ဆိုင်သော ဧဝံဂေလိတရားဟုကျမ်းစာအရသိရသည်ကို ကယ်တင်ခြင်းရရန် နောင်တရရန်မလို၊ အပြစ်ဝန်ချရန်မလို ဟူသော ဧဝံဂေလိတရားသည် သမ္မာကျမ်းစာနှင့်လွဲချော်နေသည်။ ကယ်တင်ခြင်းရရန် အချက်(၅)ချက်ရှိသည်ဟု အခြေခံအားဖြင့်သိရပါတယ် ဒါတွေကတော့ ဧဝံဂေလိသတင်းစကားကို ကြားရမယ်၊ ယုံကြည်ရမယ်၊ နောင်တရမယ်၊ အပြစ်ဝန်ချမယ်၊ ဗတ္တိဇံကိုခံယူမယ်။
ဟုတ်ပြီ စပြီးကြားတဲ့သတင်းစကားကို၌သည် နောင်တမလို၊ အပြစ်ဝန်ချစရာမလိုဟုကြားထားလျှင် ထိုသူကြားသော ဧဝံဂေလိသည် အခြားသော ဧဝံဂေလိဖြစ်နေပြန်ပါပြီ။ သူပြောင်းလဲသည်ဆိုပါစို့ နောင်တမပါသောကြောင့် ရေရှည်မခံပါ၊ အပြစ်ကိုပင်မသိ၊ အပြစ်ဟုမမြင်တတ်၊ အပြစ်ဝန်ချစရာမလိုဘူး နောင်တရရန် မလိုဟု သွန်သင်သော လွဲမှာတဲ့ ဩဝါဒတွေ လွဲမှားတဲ့ ဧဝံဂေလိတရားကြောင့် အသက်တာပျက်ဆီးသွားသည် အထိ Side Effects ကိုဖြစ်စေပါတယ်။
တမန်တော်ဝထ္ထု ၁၇:၃၀
ဘုရားသခင်သည် မိုက်မဲသော အချိန်ကာလတို့ကို အမှုမထား ဘူးသော်လည်း၊ ယခုမှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရကြလော့ဟု ခပ်သိမ်းသော အရပ်တို့၌ ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏။
ဒါ့ကြောင့် ကျွန်တော်တို့တွေဟာ သမ္မာကျမ်းစာ သမ္မာတရားနှင့် မညီသော ခံယူယုံကြည်ချက်တွေ၊ အခြားသောဧဝံဂေလိတရားတွေ၊ လွဲမှားသောသွန်သင်ချက်တွေ၊ မှားယွင်းသော ဩဝါဒတွေရဲ့ နောက်ကွယ်မှာ ဘေးထွက်ဆိုးကျိုးပေါင်းများစွာရှိပါတယ် ဒါ့ကြောင့် ဒီ Side Effects တွေကို သတိပြုရင်း ရှောင်ရှားကာ သတိပြုကြပါစို့လို့ အနည်းငယ်ဝေမျှတိုက်တွန်းလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet