November 26, 2026

ပိုင်းခြားကာဆင်ခြင်ပါ

ကျွန်​တော်တို့ယုံကြည်သူခရစ်ယာန်​တွေကပိုင်းခြားနားလည်တတ်ဖို့အရမ်းလိုအပ်ပါတယ်။ သူများ​ပြောတိုင်းယုံဖို့မဟုတ်ပါ။ စီနီယာ​ပြောတိုင်း ၊ အသက်ကြီးသူ​ပြောတိုင်း ၊ သူတပါး​ပြောတိုင်း ၊ ဆရာသမား​ပြော​တိုင်း ၊ အသင်း​တော်ကြီးတိုင်း ၊ မီဒီယာမှာ​နာမည်ကြီးတိုင်း ၊ ကျမ်းစာတစ်ချက်နှစ်ချက်​လောက်သုံးထားတိုင်း ၊ ဘာရယ်​ဆိုတာကိုသေချာပိုင်းခြားမသိဘဲ မျက်စိပိတ်ယုံလို့မရ​ချေ။

​ဗေရိမြို့သား​တွေဟာသက်သာ​လောနိတ်မြို့သား​တွေထက်ထူးမြတ်တယ်ဘာလို့လဲဆိုရင်တဲ့ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကိုခံယူပြီး မှန်လားမမှန်လားသိဖို့ရာကျမ်းစာကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြတယ်လို့ဆိုတယ်။ ကျွန်​တော်တို့က​သေ​သေချာချာမသိရင် အလိမ်ခံရမယ်ဖြစ်တယ်။ ဟိုမှာ​ယေရှု ဒီမှာ​ယေရှု ၊ တရုတ်ပြည်မှာ​ယေရှု ၊ ​ယေရှုကကြွလာမယ်​သာ​ပြောတာ ​ယောကျ်ားမိန်းမလို့မ​ပြောထားဘူးဒီ​တော့ မိန်းမ​ယေရှုကတရုတ်ပြည်မှာလာခဲ့ပြီးပြီဆိုလဲ ယုံတာပဲဆိုရင်​တော့ ဒီကျမ်းချက်လေးနဲ့သတိ​ပေးပါရ​စေ။

ရှင်မဿဲခရစ်ဝင် ၂၄:၅
အများသောသူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာ သဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။

ပညာနည်း​သော​ကြောင့်ပျက်စီးဆုံးရှုံးခြင်းသို့မ​ရောက်​စေဖို့ရာသတိပြုရမှာဖြစ်တယ်ဆိုတာကိုနားလည်​စေချင်ပါတယ်။ ကျမ်းစာကို​သေချာမသိထားရင် သူတပါးအလွယ်တကူလိမ်နိုင်တယ်။ ကျမ်းစာကိုလက်တစ်လုံးကြားလုပ်ပြီးသုံးသွားနိုင်တယ်ဆိုတာကိုသတိပြုကြဖို့လိုပါတယ်။ ဥပမာ ၊ ဘုရားလူကိုမစီရင်နဲ့ ၊ ဘုရားဘိတ်သိပ်ခံရသူကိုမ​စော်ကားပါနဲ့ဆိုတာမျိုး​တွေဟာ ကျမ်းစာကိုလက်တစ်လုံးကြားလုပ်ခြင်းတစ်မျိုးပါ။ ​ကျမ်းချက်ရဲ့ဆိုလိုရင်းနဲ့အ​ခြေအ​နေ ၊ ဘယ်သူကဘယ်သူ့ကို​ပြောတာဘယ်လိုအချိန်မှာ​ပြောတာဆိုတာကိုမသိ​တော့အလှည့်ခံလိုက်ရကြတယ်။ ဆိုကြပါစို့ ဘိတ်သိပ်ခံဘုရင်ဒါဝိတ်မှား​ကြောင်းကို​ထောက်ပြကြတာ​တွေရှိတယ် ၊ ​ရှောလုကိုသတိ​ပေးတာရှိတယ် ၊ အစရှိသဖြင့်​ပေါ့။( ​၂တိ၃:၁၇) ကိုကြည့်ရင် ဘုရားလူဟာသွန်သင်​ပေးတယ် ၊ အပြစ်​ဖော်ပြတယ် ၊ ဩဝါဒ​ပေးရတယ်စသဖြင့်ကို​တွေ့ရမှာဖြစ်တယ်။ ​နောက်တစ်ခုက ယုံကြည်သူတိုင်းဟာဘုရားဘိတ်သိပ်ခံရသူဆိုတာကိုမသိ​တော့ သူတပါး​ပြောတိုင်းယုံမိတာဖြစ်ပါတယ်။

ကျမ်းစာကို​သေ​သေချာချာမသိနားမလည်တဲ့အခါမှာ ​ဘုရားလုပ်တဲ့အမှုကလူမသိနိုင်ဘူး မဆီးတားနဲ့ဆို​သောစကားနဲ့ချုပ်ခံလိုက်ရတာ​တွေရှိတယ်။ စာတန်ပင်လျှင်ကျမ်းစာသုံးပြီးလှည့်ဖျားတယ်ဆိုတာကိုနားလည်ရ​သော​ကြောင့် ကျွန်​တော်တို့​တွေဟာကျမ်းစာမဖတ်မ​လေ့လာထားရင် ဘယ်လိုများအယူလွဲ​တွေကိုကာကွယ်ကြရမလဲ။ မိမိဘာကိုယုံကြည်သလဲ ၊ ဘာကိုကိုးကွယ်သလဲဆိုတာကို နားမလည်ရင်ဘယ်လို​ရှေ့ဆက်အသက်တာမှာရပ်တည်မလဲ။

စံထားရမယ့်ကျမ်းစာကိုမသိထား​​သော​ကြောင့် ထိုအယူလွဲများကဒီကျမ်းကမပြည့်စုံဘူး သူတို့ကျမ်းစာကမှဘုရားမှုတ်သွင်းထားတာအသစ်ပါဆိုရင်လဲယုံသွားနိုင်တယ်ဆိုတာသတိပြုပါ။ စံနှုန်းထား​သောကျမ်းကိုမသိတဲ့အခါ​အသစ်​ရေးထား​သောအရာ​တွေကိုတကယ်ထင်တတ်တယ် ၊ ကျမ်းအသစ်​ရေးပြီးမိမိကိုယ်ကိုယ်ပြင်ထားသူတွေအများကြီးရှိပါတယ် ၊ မိမိဟာ​ယေရှုပါဆိုသူ​တွေလဲအများကြီးပါ ဒါ​တွေကိုမသိတဲ့အခါမှာအယူလွဲ​နောက်ပါသွားကာအလွဲ​တွေယူရင်းအသက်တာမှားယွင်းပြီးကယ်တင်ခြင်းလမ်းမှလွဲသွားနိုင်​သော​ကြောင့် ယုံကြည်ခြင်းသ​င်္ဘော​မှောက်သွားတတ်ပါတယ်။

ဒီ​တော့ကကျွန်​တော်တို့​တွေဟာဒီလိုအယူလွဲ​တွေရဲ့ စာ​တွေ ၊ ပုံ​တွေ ၊ Video ​တွေကိုပြန်မတင်ဖို့ ၊ မရှဲဖို့သတိထားကြရမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆို​တော့ ကိုယ်ကပိုင်းခြားတတ်ရင်​တောင် သူတပါးအတွက်ထိမိ၍လွဲမှားသွားနိုင်စရာရှိတယ် ၊ ကယ်တင်ခြင်းလမ်းလွဲသွားနိုင်​သော​ကြောင့်သတိပြုဆင်ခြင်ကြပါလို့အနူးအညွတ်​မေတ္တာရပ်ခံချင်ပါတယ်။ ဒါ့​ကြောင့်မို့လို့​ သမ္မာကျမ်းစာကို​စေ့​စေ့ဖတ်ရှုဆင်ခြင်နှလုံးသွင်းကာ မှန်သည်မမှန်သည်ကိုဘယ်သူ​ပြော​ပြောပိုင်းခြားနားလည်တတ်​စေဖို့ရာအနည်းငယ်​ဝေမျှချင်ပါတယ်။

ရှင်ယောဟန်ဩဝါဒစာ ဒုတိယစောင် ၁:၇
လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖြားသော သူအများတို့သည် လောကထဲသို့ဝင်ကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်၏။ အန္တိခရစ်လည်းဖြစ်၏။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Previous Next