ကောင်းသောသိုးထိန်း

အခုညမှာကျွန်တော်သတင်းတစ်ခုဖတ်မိရင်း ဘုရားရဲ့မေတ္တာကိုခံစားမိတာလေး ပြန်လည်ဝေမျှပေးချင်ပါတယ်။ Covid နဲ့ပါတ်သတ်ပြီးရေးကြတာတွေပေါ့။
ပြည်တော်ပြန်တွေကိုကြည့်ရင်းနဲ့ပဲလူတချို့ကအမျိုးမျိုးပြောကြတယ်။သွားတုန်းကသွားတယ်၊ရောဂါဖြစ်မှပြန်လာတယ်၊ဘာညာအစုံပေါ့။
ကျွန်တော့်ရင်ထဲကိုထိမိစေပြီး၊ဘုရားမေတ္တာကိုသာ၍မြင်စေသောစကားလေးတစ်ခွန်းကတော့ လူနဲစုကိုကြည့်မနေပဲလူများစုအတွက်သာကြည့်ဖို့နဲ့အဝင်မခံတော့ဖို့ပေါ့။ တနည်းအားဖြင့်ပြောရရင် ဘာဖြစ်ဖြစ်ပေါ့လေ၊အတွင်းထဲကလူများစုတွေကတော့အဆင်ပြေမယ်ဆိုတဲ့သဘော။
ဒီအချင်းအရာကိုမြင်မြင်ချင်းကျွန်တော် တန်းမြင်မိတာကတော့ ပျောက်သောသိုးဖြစ်တယ်။
ကိုယ့်မှာကျန်ရှိတဲ့ ၉၉ကောင်သောသိုးတွေကို ထားပြီး ပျောက်တဲ့၁ကောင်ကို ပြန်ရှာတယ် ပြန်တွေ့တဲ့အခါမှာလဲ ပျောက်သောသိုး၁ကောင်ကို ၉၉ကောင်ထက်သာ၍
ဝမ်းမြောက်ခြင်းရှိတယ်ဆိုတာနားလည်ရပါတယ်။
ဒီလိုပဲ ဘုရားသခင်ဟာ မည်သူတစ်ဦးတစ်ယောက်ကိုမျှမပျောက်သွား၊ကယ်တင်ခြင်းလမ်းမှလွဲမသွားစေချင်ဘူးဆိုတာကို နှုတ်ကပါတ်တော်တစ်ချက်မှာတော့ဒီလိုပြောထားပါတယ်။
(၁တိ၂:၄)
လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင်အလိုတော်ရှိ၏။
လူတိုင်းလူတိုင်းကိုကယ်တင်ခြင်းရပြီး၊သမ္မာတရားကိုလဲသိစေချင်သောဘုရားဖြစ်တယ်။၁ဦး၁ယောက်မျှမကျန်စေချင်ဘူးဖြစ်တယ်။ဤစာကိုဖတ်နေသောသူသည်ဘုရားမေတ္တာကိုခံစားနားလည်နိုင်ပါစေ။
ရှင်မဿဲခရစ်ဝင် ၁၈:၁၁-၁၄
ထိုမှတပါး လူသားသည်ပျောက်သောသူတို့ကို ကယ်တင်အံ့သောငှာ ကြွလာသတည်း။
အဘယ်သို့ထင်ကြသနည်း။ သိုးတရာရှိသောသူ၌ သိုးတကောင်သည်လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူ သည် ကိုးဆယ်ကိုးကောင်သောသိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။
တွေ့ပြီးလျှင်၊ လမ်းမလွဲ၍ပျောက်သောသိုး ကိုးဆယ်ကိုးကောင်၌ ဝမ်းမြောက်ခြင်းရှိသည်ထက်၊ ထိုသိုး တကောင်၌ သာ၍ဝမ်းမြောက်ခြင်းရှိသည်ဟု ငါအမှန်ဆို၏။
ထိုနည်းတူ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဤသူငယ်တယောက်ကိုမျှ ပျက်စီးစေ ခြင်းငှာ အလိုတော်မရှိ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။