အင်တန်ကာလအတွက်မျှော်လင့်ရာသခင်

ဓမ္မရာဇဝင် တတိယစောင် ၁၇:၁၂
မိန်းမက၊ သင်၏ဘုရားသခင် ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ မုန့်ပြားတစ်ပြားမျှ မရှိ။ အိုးထဲမှာ မုန့်ညက်တစ်လက်ဆုပ်၊ ဘူး၌ ဆီအနည်းငယ်သာရှိ၏။ ကျွန်မနှင့်သားငယ်အဖို့ဖုတ်၍ စားလိုသောငှာလည်းကောင်း၊ စားပြီးမှ သေလိုသောငှာလည်းကောင်း၊ ထင်းစနှစ်ခုကို ယခုခွေပါ၏ဟု ပြန်ပြော၏။
မိုးမရွာနှင်းကျ အစာခေါင်းပါးလွန်းခြင်းမည်မျှကြာသည်မသိ ထိုမုဆိုးမသည် ရှိတာလေးကိုစား၍သေဖို့ပြင်နေခြင်းဖြစ်သည်။ ပြောရင်တော့ မုဆိုးမသားအမိအတွက် နောက်ဆုံးသောလက်နက်ပေါ့။ နောက်ဆုံးလက်ကျန်အစာ၊ ဒါကုန်ရင် ကုန်ပြီဖြစ်တယ် ဘာမှမရှိတော့ဘူး၊ ထပ်လဲရှာလို့မရသလို ဘာမှလုပ်ရတော့လို့၊ မျှော်လင့်စရာကိုမရှိတော့လို့ ဒါကိုစားပြီးရင် သေကြတော့မယ်လို့ဆုံးဖြတ်ခြင်းဖြစ်တယ်လို့နားလည်ရပါတယ်။
ထိုမိုးမရွာနှင်းမကျ အစာခေါင်းပါခြင်းသည် မည်မျှကြာသည်မသိလောက်အောင်ဖြစ်သလို မျှော်လင့်စရာမရှိတော့လောက်အောင် သေချင်သည်အထိ စိတ်ပျက်နေရခြင်းသည် သားငယ်နှင့်အတူသေပွဲဝင်မည့် မိခင်၏ စိတ်နှလုံးသားခံစားချက်ကို အတိုင်းသားမြင်ရပေသည်။ မည်သူသည် မိမိသားငယ်လေနှင့်အတူ သတ်သေချင်ပါသနည်း။ အင်မတန် မျှော်လင့်ရာမဲ့သောအချိန်ဖြစ်နေပေသည်။
ဓမ္မရာဇဝင် တတိယစောင် ၁၇:၁၃-၁၄
ဧလိယကလည်း မစိုးရိမ်နှင့်။ သင်ဆိုသည်အတိုင်း သွား၍ပြုလော့။ သို့ရာတွင် ငါ့အဖို့ မုန့်ပြားငယ်တစ်ပြားကို အရင်လုပ်၍ ယူခဲ့လော့။ နောက်မှ သင်နှင့် သင်၏သားငယ်အဖို့ လုပ်လော့။
ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထာဝရဘုရားသည် မြေပေါ်မှာ မိုးရွာစေတော်မမူမီတိုင်အောင်၊ အိုး၌ရှိသောမုန့်ညက် မကုန်။ ဘူး၌ရှိသောဆီ မလျော့ရဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
အပြင်ပန်းကကြည့်ရင်တော့ ဒီလူက လူပါးဝလိုက်တာ ဒီမှာ စားပြီးရင်သေဖို့လုပ်နေပါတယ်ဆိုမှ၊ သူ့ကိုကကျွေးရဦးမယ်၊ တောင်းစားတာတောင် တစ်ခုလုံးတဲ့ နဲနဲကျွေးဆိုတော်သေးတယ်၊ မရှိတော့ပါဘူး တစ်ခုတည်းရှိတယ်ဆိုမှ သူအတွက်အရင်လုပ်ပြီးမှ ငါတို့အတွက်လုပ်ဆိုပဲ ဒီမှာဗိုက်ဟောင်းလောင်းနဲ့သေရဦးမယ်။ ဖြစ်နိုင်မလား ရှားပါးရတဲ့အထဲ ဆီမကုန် မုန့်ညက်မကုန်စေဘူးဆိုဘဲ လာပုံပြောနေတယ်လို့ပြောလောက်ပေမယ့်။ အဲဒီလိုမပြောပါဘူး။ ဘုရားလူရဲ့စကား၊ တနည်းအားဖြင့် ဘုရားစကားကိုနားထောင်တယ်ဆိုတာကိုတွေ့ရတယ်၊ ဒါ့ကြောင့်လဲ သူတို့အားလုံးဟာ အင်တန်ကာလပတ်လုံးစားရတယ်လို့ဆိုတယ်။ အဲဒီအင်တန်ကာလပတ်လုံးဆိုတာဟာ ဘယ်လောက်လဲမသိဘူး၊ ဘယ်လောက်ထိတောင်ကြာသလဲမသိပေမယ့် သေချာတာတစ်ခုကတော့ ဆယ်နှစ်ကြာရင်တောင် ငတ်သေမယ့်အခြေအနေကနေ မိမိသည်ဝစွာစားရ၍ အိမ်သားများနှင့်တကွ ဧလိယအပါအဝင်ပါဝလင်စွာစားရခြင်းကိုမြင်တွေ့ရပါတယ်။
ဓမ္မရာဇဝင် တတိယစောင် ၁၇:၁၅
ထိုမုဆိုးမသည်သွား၍ ဧလိယစကားအတိုင်း ပြုသဖြင့်၊ ဧလိယနှင့်တကွ ကိုယ်တိုင်မှစ၍၊ အိမ်သားတို့သည် အင်တန်ကာလပတ်လုံး စားရကြ၏။
မိတ်ဆွေရဲ့ ခက်ခဲမှုတွေဟာအင်တန်ကာလဖြစ်နေပါသလား၊ မိတ်ဆွေရဲ့ကျန်းမာရေးဟာ အင်တန်ကာလမှာရောက်နေတာလား၊ မိသားစုအရေးတွေ အိမ်ထောင်ရေးအဆင်မပြေမှုတွေဟာ အင်တန်ကာကြာခဲ့ပြီလား၊ ပညာရေးဟာဆုံးဆုံးမြုပ်နေပြီလား၊ အကြွေးပတ်လည်ဝိုင်ကာ အင်တန်ကာလမှာလဲကျနေရပြီလား၊ မုဆိုးမသားအမိကဲ့သို့ နောက်ဆုံးသောအစာဖြစ်နေပြီလား၊ ဒါပြီးရင် သေတော့မယ်လို့ဆုံးဖြတ်ချက်ချထားမိပြီလား၊ ဒါပေမယ့်မိတ်ဆွေမှာ မျှော်လင့်စရာအကြောင်းရှိပါသေးတယ်။ အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်နိုင်သော မျှော်လင့်စရာ ဘုရားသခင်သည် ယခုပင် သင့်ကိုအဖြေပေးပါစေ။
ကယ်တင်ရာနေ့ရက်သည် ယနေ့ပင်ဖြစ်သောကြောင့် ထိုအင်တန်ကာလအတွက် မျှော်လင့်စရာအဖြေဖြစ်သော သခင်ကို မိတ်ဆွေက မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet