November 26, 2026

အ​ငွေ့ ပြန်မသွား​ဘဲစီးဆင်းသည့်အသက်တာ

ဒီရက်ပိုင်းမှာနေကလဲအရမ်းပူလာပြီဖြစ်သလိုအပူရှိန်တွေကမြင့်တက်လာပါတယ်။ ဘယ်​လောက်ထိ​တောင်မှလဲဆိုရင် ကျွန်​တော် ည​နေ ၆နာရီ​လောက်မှာရေချိုးတဲ့အခါ ၊ ချိုးပြီးပြီးခြင်းမှာရေလဲပုဆိုးဝတ်ရုံရှိ​သေးတယ် ​ရေ​တွေ​ခြောက်ကုန်ပါတယ်။ ကိုယ်​ပေါ်က​ရေ​စက်​လေး​တွေအကုန်အ​ငွေ့ပြန်ကုန်ပါ​လေ​ရော။ 

ဒါနဲ့ပဲ​အပူရှိန်ရဲ့လွန်ကဲမှုသည်မိမိကိုယ်​ပေါ်က​ရေစက်အ​ပေါ်သက်​ရောက်မှုကအ​တော်များတာပဲလို့​တွေး​နေမိပါတယ်။ ရာသီဥတုကလဲပူ​တော့ ပါတ်ဝန်းကျင်အ​ခြေအ​နေ​တွေကလဲပူ​နေပါ​ရော ဒါနဲ့ပဲကိုယ်​ပေါ်က​ရေစက်​လေး​တွေအ​ငွေ့ ပြန်သွား​တော့မသုတ်လိုက်ရ​တော့ပဲ​နေလိုက်ရပါတယ်။

 

နေပူရှိန်မြင့်တတ်တာ​ကြောင့်​ဖြစ်​စေ ၊ ပါတ်ဝန်းကျင်ကပဲပူ​နေတာ​ကြောင့်ဖြစ်​စေ ​ရေ​တွေ​အ​ငွေ့ ပြန်ပြီးခြောက်သွားသလိုပဲ ကျွန်​တော်တို့ယုံကြည်သူ​တွေဟာ
အပြင်ပိုင်းလှုံ့ဆော်မှု​တွေ​ကြောင့်​သော်လည်း​ကောင်း ၊ တိုက်ရိုက်အားဖြင့်ဖြစ်​စေ ၊ သွယ်ဝိုက်၍ဖြစ်​စေ အသက်တာကို​ခြောက်​သွေ့သွားတာ ၊ ငြိမ်သက်ခြင်း​တွေအ​ငွေ့ပြန်သွားတာ ၊ စသဖြင့်ထိခိုက်သွားတာ​တွေရှိတတ်ပါတယ်။ Covid သတင်း​တွေက စိတ်ပျက်​လောက်​အောင်မြင့်တက်လာတာ ၊ ​ကြောက်လာ​စေတာ ၊ ပါတ်ဝန်းကျင်ရဲ့သတင်းစကား​တွေကလူကိုပူပန်​စေလာတာ ၊ စီးပွား​ရေး ၊ လူမှု​ရေး ၊ အခြား​သောသတင်းအမျိုးမျိုး​တွေကလည်း အသက်တာမှာပူပန်စရာ​တွေဖြစ်​လောက်​အောင် လှုံ့​ဆော်မှု​တွေကိုဖြစ်​စေလာပါတယ်။ ကိုယ်​ပေါ်က​ရေအ​ငွေ့ပြန်သွားသကဲ့သို့ အသက်တာဟာခမ်း​ခြောက်သွား​လောက်​အောင်စိတ်ပျက်စရာ​တွေဖြစ်သွားနိုင်ပါတယ်။ ဒီလိုသာဖြစ်လာရင်အသက်တာကဘယ်လိုစီးထွက်လာမလဲ​ပေါ့ဆင်ခြင်​နေမိတယ်။ ကိုယ့်မှာဝမ်း​မြောက်ခြင်းမရှိ​တော့ပဲသူတပါးကိုဘယ်လိုဝမ်း​​မြောက်​စေမလဲ။ ဒီလိုပဲ ငြိမ်သက်ခြင်း ၊ ချစ်ခြင်း ၊ စသဖြင့်မရှိပဲနဲ့သူတပါးကိုဘယ်လို​ပေးမလဲ။ဘယ်လိုသက်သာ​စေမလဲ။ ဘယ်လိုဘုရား​ကောင်းမြတ်​ကြောင်း​ပြောမလဲ။ ဧဝံ​ဂေလိဘယ်လို​ပြောမလဲ။ ဒီလို​တွေခံစား​နေရချိန်မှာ​တော်ရုံလူဆီက​တော့စီးမထွက်လာဘူးဆိုတာနားလည်ရပါတယ်။

 

ရှင်​ပေါလုက​တော့ ​​ထောင်ထဲက​နေ ဒဏ်ရာ​တွေရ​နေရင်းနဲ့ပဲအပြင်ကယုံကြည်သူ​တွေကိုအား​ပေးတယ်။ ​ထောင်မှူးကိုဧဝံ​ဂေလိ​ဝေငှတယ်စသဖြင့်​တွေ့ရပါတယ်။ Covid ထက်​တောင်ဆိုးပါတယ် Covid ကပြန်​ကောင်းနိုင်​ခြေရှိပါ​သေးတယ်။ မနက်ဖြန်အသတ်ခံရမှာ​တောင် ​အေး​ဆေးစွာငြိမ်သက်ခြင်းနဲ့ချီးမွမ်းနိုင်သောသူ​ဆိုတာကိုနားလည်ရပါတယ်။ ဒီလိုဆင်ခြင်​နေရင်းနဲ့ပဲ
ညဘက်မှာလက်​ဆေး​တော့​ရေဘုံပိုင်​ခေါင်းကိုပြန်ပိတ်တာမှာ ​သေချာလဲပိတ်ပါရက်နဲ့ တစ်စက်တစ်စက်စီးထွက်​နေပါ​လေ​ရော။ ​နေပူ ၊ ရာသီဥတုပူ ၊ ပါတ်ဝန်းကျင်ပူလဲ ဘယ်လိုမှကိုပိတ်မရ​​ပါ။ အ​ငွေ့လဲပြန်မသွား​ပေ။ အဆုံးထိပိတ်တာ​တောင်မရ​တော့ထားလိုက်ရတယ်။

 

တကယ်​တော့ကျွန်​တော်တို့ယုံကြည်သူ​တွေကအရင်းအမြစ်ဖြစ်တဲ့ဘုရားနဲ့သာချိတ်ဆက်ထားရင်တားမရဆီးမရ​အောင်အသက်တာမှာစီးထွက်​နေမှာပဲဆိုတာကိုနားလည်ရပါတယ်။ ​ရေတစ်ခွက်​လောက်ခပ်ချိုးတိုင်းစီးမထွက်ပါဘူး။ ပါတ်ဝန်းကျင်​အပူကြောင့် ၊ ​နေအပူရှိန်​ကြောင့်အ​ငွေ့ပြန်သွားနိုင်ပါတယ်။ အသက်တာမှာထိုဘုရားနဲ့သာချိတ်ဆက်ထားမယ် ၊ တနည်းအားဖြင့်ထိုဘုရားကိုနှလုံးသားထဲမှာ​နေရာ​ပေးတဲ့အခါ ၊ မိမိအသက်တာမှာဦးစား​ပေးလာတဲ့အခါ အလိုလိုစီးထွက်လာပါတယ်။ ရှင်​ပေါလုကဲ့သို့ မိမိအ​ခြေအ​နေမဟန်​သော်လည်း ဘုရားရှင်​ကောင်းမြတ်​ကြောင်း မ​ပြောပဲမ​နေနိုင်​အောင် ၊ သူတပါးဝမ်း​မြောက်ဖို့ ၊ သူတပါးကိုချစ်ခြင်း ၊ ဧဝံ​ဂေလိတရားဟာ တားမရဆီးမရ​နိုင်​အောင်အလိုလိုစီးထွက်လာပါ​တော့တယ်။ မိမိရဲ့အသက်တာဟာပါတ်ဝန်းကျင်နဲ့အခြား​သောအရာ​တွေ​ကြောင့်​ခြောက်​သွေ့ ပြီးအ​ငွေ့မပြန်သွား​စေဖို့ထိုဘုရားကို​အသက်တာမှာနေရာ​ပေးရင်းဆင်ခြင်ကြဖို့ရာအနည်းငယ်ခွန်အား​ပေးချင်ပါတယ်။

 

ရှင်ယောဟန်ခရစ်ဝင် ၇:၃၈
ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေတွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည် ဟု မိန့်တော်မူ၏။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next