November 26, 2026

ချစ်​ကြောက်ခြင်း

GOD is LOVE ဆိုပြီးဘုရားသခင်သည်ချစ်ခြင်း​မေတ္တာဖြစ်​တော်မူ၏ဆို​သောစကားအမြဲကြားရပါတယ်။ မှန်ပါတယ်ဘုရားသခင်သည်ချစ်ခြင်း​မေတ္တာဖြစ်ပါတယ်။ ဒါ​ပေမယ့် ဒီအရာကိုအခွင့်​ကောင်းယူပြီးအပြစ်လုပ်ဖို့​တော့မဟုတ်ဘူးဆိုတာကိုနားလည်ရပါတယ်၊ အခု​ခေတ်ကဘုရားကိုချစ်ရမယ်ပဲသိ​တော့တယ် ၊ ဘုရားကိုကြောက်ရမယ်ဆိုတာ​ပျောက်သွားတယ်။ ဒါ့​ကြောင့်လဲ ကယ်တင်ခြင်းရရင် ကြိုက်တာလုပ်လို့ရတယ်ဆိုတဲ့စကား​တွေ ၊ ဝန်ချ​တောင်းပန်စရာမလိုဘူးဆို​​သောစကား​တွေ ၊ ကြိုက်သ​လောက်အပြစ်လုပ်လို့ရတယ်ဆိုတာ​တွေထွက်လာခြင်းဖြစ်ပါတယ်။ ​ကျေးဇူး​တော်ကိုတလွဲသုံးခြင်း ၊ အလွဲသုံစားလုပ်ခြင်း ၊ အ​သွေး​တော်ကိုပြစ်မှားခြင်းတစ်မျိုးဖြစ်​နေတယ်ဆိုတာကို​မေ့​နေတတ်ကြပြီး​တော့ ၊
တချိန်မှာ​ယေရှုခရစ်​တော်ရဲ့တရားပုလ္လင်​ရှေ့မှာ​ပေါ်လာဦးမှာကိုသတိမရ​တော့​ချေ။

 

မိသားစုတစ်ခုမှာ အ​မေရယ် ၊ အ​ဖေရယ် ရှိပါတယ်။ သားသမီး​တွေက မိဘ ၂​ယောက်စလုံးကို​တော့ချစ်ကြတာပါပဲ။ သို့​သော် အ​မေ့ကိုချစ်တဲ့ပုံနဲ့အ​ဖေ့ကိုချစ်တဲ့ပုံမတူပါ။ ချစ်တာခြင်း​တော့အတူတူပဲချစ်တာပါပဲ ဒါ​ပေမယ့် အ​ဖေ့ကို​တော့ ချစ်​ကြောက်ရို​သေတာမျိုးဖြစ်တယ်ဆိုတာကိုနားလည်ရတယ်။ ဥပမာ အ​မေက စာကျက်ခိုင်းတာနဲ့ အ​ဖေကစာကျက်ခိုင်းတာမတူသလို ၊ အ​မေ့​ရှေ့စကား​ပြောခြင်းနဲ့အ​ဖေ့​ရှေ့စကား​ပြောခြင်းမတူပါ။ ​အ​မေသွန်သင်တာလိုက်နာပုံ အ​ဖေသွန်သင်တာလိုက်နာပုံမတူဘူးဖြစ်တယ်။ ချစ်ရုံချစ်ရင်လိုက်နာချင်မှလိုက်နာမယ် ၊ အ​မေ​ပြောတာခိုင်းတာမလုပ်​တော့ဘဲအ​မေ့ကိုကပ်ချွဲလိုက်ရင်ရပါတယ်ကွာဆိုတာမျိုး​ပေါ့ ၊ အ​ဖေကျ​တော့ မတူပြန်ဘူးပဲ။ ​ကြောက်ရသူမို့​သေချာလိုက်နာတာကိုနားလည်ရတယ်။ အ​သေးစိတ်ကအစ​ပေါ့။

 

ကျောင်းစာသင်တဲ့အချိန်မှာ တပည့်​တွေကဆရာမ​တွေကိုချစ်တာခြင်းတူ​ပေမယ့် ​ချစ်ရုံချစ်တဲ့ဆရာမစာသင်တဲ့အချိန်မှာ ​ပေါ့ပျက်ပျက်စာလုပ်တာ ၊ ထမင်းခိုးစားတာ ၊ အချိန်​ပြေးတာစသဖြင့်​ရှိတတ်ကြတယ်။ ကြောက်ပြီးချစ်ရတဲ့ဆရာမရဲ့အချိန်မှာ​တော့ စည်းကမ်းရှိမယ် ၊ စာ​သေချာလိုက်လုပ်မယ် ၊ စသဖြင့်အမှတ်ပို​ကောင်းမယ်။ စသဖြင့်မတူသလိုမတူဘူးဆိုတာကိုနားလည်ဖို့ရှိပါတယ်။

ဒီလိုပါပဲ ဘုရားသခင်ကိုချစ်ဖို့သာမဟုတ်ဘဲ​ကြောက်ဖို့လဲလို​သေးတယ်ဆိုတာကိုနားလည်​စေချင်တယ်။ ယ​နေ့ခရစ်ယာန်​တွေက​ပေါ့ပျက်ပျက်နိုင်လာကြတယ်။ ဘုရားသခင်ကချစ်ခြင်း​မေတ္တာဆိုပြီးလုပ်ချင်ရာလုပ်တယ်။ တကယ်​တော့ဘုရားသခင်ကခွင့်လွှတ်​ပေမယ့် မိမိစိုက်တဲ့အတိုင်းမိမိရိတ်ရဦးမယ်ဆိုတာကို​တော့​မေ့​နေတတ်ကြပါတယ်။ ​ဖြောင့်မတ်​သောသူ​တောင်​မြေကြီး​ပေါ်မှာအပြစ်ဒဏ်ခံရပါတယ် ၊ မတရား​သောသူနဲ့အပြစ်ထင်ရှား​သောသူကဘယ်လိုဆိုစရာ​ရှိမလဲလို့ (သုတ္တံ ၁၁:၃၁) မှာ​ရေးထားတာကိုသတိရမိပါတယ်။

ကျွန်​တော်တို့ယုံကြည်သူ​တွေသည် ဘုရားသခင်ကိုချစ်ရမယ် မှန်ပါတယ်။ အပြစ်တရားနဲ့ပါတ်သတ်ရင် ၊ ဘုရားမကြိုက်တဲ့အရာ​တွေနဲ့ဆိုင်ရင် ​ကြောက်ရမယ်ဆိုတာကိုနားလည်​စေချင်ပါတယ်။
ဥပမာ။ အရက်​သောက်မလား ဘုရားမကြိုက်ဘူးကွာမ​သောက်ဘူး ၊ မတရား​သော​မေထုန်ဘုရားမကြိုက်ဘူးမလုပ်ဘူး။ စသဖြင့်​ပေါ့။ မှားခဲ့တယ်ဆိုလျှင် ဝန်ချ​တောင်းပန်ဖို့ဖြစ်ပါတယ် ၊ ​နောက်ကိုမမှား​စေဖို့လဲဖြစ်ပါတယ်။ ​

 

ဆာလံကျမ်း ၁၁၁:၁၀
ထာဝရဘုရားကို ကြောက်ရွံသော သဘောသည် ပညာ၏ အချုပ်အခြာဖြစ်၏။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသော သူတို့သည် ကောင်းသောဉာဏ် ရှိကြ၏။ ဂုဏ်အသရေတော်သည် အစဉ်အမြဲ တည်သတည်း။

 

အချုပ်အားဖြင့်ဆို​သော် ယုံကြည်သူ​တွေသည်ဘုရားကိုချစ်ရုံမဟုတ်ဘဲ ချစ်​ကြောက်ရို​သေလျက် ကိုးကွယ်​သောသူများဖြစ်​စေပြီး ၊ ပညတ်​တော်တို့ကိုပြည့်စုံ​စေဖို့ရာလာသည်ဟုဆို​​သောယေရှုခရစ်​တော်နှင့်အသက်ရှင်​သောသူများဖြစ်​စေဖို့ရာအနည်းငယ်ခွန်အား​ပေးချင်ပါတယ်။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next