A Root From The Zone (4)

စွန်ပလွံပင်သည်သဲကန္တာရတွင်အသက်ရှင်ပေါက်ရောက်သောအပင်တစ်မျိုးလည်းဖြစ်သည်။ ထိုနေရာတွင်ရေရရှိရရန်ခက်ခဲသော်လည်းသူသည်ထူးခြားစွာအသက်ရှင်၍အသီးများစွာသီးသည်ကိုသိရပါသည်။ ထိုအပင်၏ထူးခြားချက်သည် သဲမုန်တိုင်းများတိုကိခိုက်ခြင်းကိုခံနိုင်ရည်ရှိသည်။ ထိုဒဏ်ကိုခံရလေလေ သူသည်သာ၍ရင့်ကျက်၍ သာ၍မာကြောလာပြီးသဲမုန်တိုင်းဒဏ်သာ၍ခံနိုင်ရည်ရှိလာသည်။
ထူးခြားသောအချက်နောက်တစ်ခုသည် သူ၏အမြစ်ဖွဲ့စည်းပုံပင်ဖြစ်ပေသည်။ အမြစ်ကို ဇုန် ( ၁ မှ ၄ ) အထိခွဲ၍ရှင်းပြထားသည်။ လေ့လာနိုင်အောင်အောက်ဆုံးတွင်ကျွန်တော် Link ပါထည့်ပေးထားပါတယ်။
Zone (1) respiratory (အသက်ရှူ)
Zone (2) nutritional (အဟာရ)
Zone (3) absorbing (စုပ်ယူ)
Zone (4) ကိုသာဖော်ပြသွားမှာဖြစ်ပါတယ်။
Zone (3,4) ကိုတူတူတွေရသောကြောင့် ခွဲခြားရတော့ခက်ပေသည်။ မြေအောက်မှရေသည်မည်မျှနက်ပါစေ ထိုအမြစ်သည်ကောင်းစွာထိုအနက်ကိုရောက်အောင်သွား၍ထိုရေကိုရယူနိုင်သည်။ စွဲပလွံပင်၏အမြစ်များမြေလွှာထဲသို့နက်ရှိုင်းစွားထိုးဖောက်နိုင်ခြင်းသည်မြေအောက်အစိုဓါတ်မှအကျိုးကိုခံစားရစေပြီး အခြားသောအပင်များကဲ့သို့မဟုတ်ဘဲ ရေဓါတ်နည်းပါးခြင်းကိုခံနိုင်ရည်ရှိစေသည်။ ထူးခြားသောအချက်မှာ သူ့အတွက်ရေမရှိလျှင်ရှိတဲ့အနက်ရောက်အောင်သွားခြင်းပင်ဖြစ်သည်။ ထို့ကြောင်သူသည် ပွင့်လန်းနိုင်သည် ၊အသီးသီးနိုင်သည် ၊ သဲမုန်တိုင်းလာသော်လည်းမပြိုလဲဘဲခံနိုင်ရည်ရှိသည်။
ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာသည်လည်းထိုကဲ့သို့ဖြစ်စေရန်အထူးသတိပြုသင့်ပါသည်။ Zone (4) မှအမြစ်ကဲ့သို့အတုယူ၍ နှုတ်ကပါတ်တော်ရေအရင်းအမြစ်ဖြစ်သောဘုရားနှင့်အမြဲချိတ်ဆက်ထားဖို့ရာလိုအပ်သည်။ သို့မှသာလျှင် သဲမုန်တိုင်းကဲ့သို့သောပါတ်ဝန်းကျင်မှထိုးနှက်ချက်တွေ ၊ စိတ်ညစ်စရာတွေ ၊ နာကျင်ခြင်းတွေ ၊ ကျနေသောမျက်ရည်တွေကိုခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ ဒါတွေတင်မကသေးဘဲ သူတပါးအတွက် အေးမြသောအရိပ်ပေးနိုင်အောင် ပွင့်လန်းသောအသက်တာဖြစ်လာကာ ၊ ဝိညာဥ်အသီးများသီးသောယုံကြည်သူတွေဖြစ်လာစေမယ်ဆိုတာကိုအနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။ ဒါ့ကြောင့် စွံပလွံပင်၏ Zone (4) အမြစ်ကိုပုံဆောင်သောမိမိတို့ယုံကြည်သူအယောက်စီတိုင်း၏နှလုံးသားအမြစ်သည် စစ်မှန်သောနှုတ်ကပါတ်တော်ရေကိုသာသောက်သုံးကြပါစို့။
ဆာလံကျမ်း ၉၂:၁၂
ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်း၍ လေဗနုန်တောင်ပေါ်မှာ အာရဇ်ပင်ကဲ့သို့ ကြီးပွားလိမ့်မည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
စွံပလွံပင်၏အချို့အကြောင်းအရာတွေကို Link ဖော်ပြပေးထားပါတယ်။