November 26, 2026

No Complain, Follow His Will

စောဒကတက်ခြင်းဆို​သောအရာကို လူတိုင်းလုပ်ဖူးကြမည်ထင်ပါသည်။ "ငါ့ကို အထွန့်မတက်နဲ့" ဟုလဲ​ပြောဖူး ကြားဖူးကြဦးမည်။ အလုပ်တစ်ခုခုကိုဖြစ်​စေ အ​ကြောင်းတစ်ခုခုကိုဖြစ်​စေ လုပ်​​​ဆောင်ရာတွင် တစ်ဦးတစ်​ယောက်မှ ပြန်လည်၍ စောဒကတက်ခြင်းမျိုး၊ အထွန့်တက်ခြင်းမျိုး​တွေ ဖြစ်သည်။ ဥပမာ ... အ​မေလုပ်သူက ထမင်းအိုးတည်ခိုင်းရာတွင် သားသမီးဖြစ်သူမှ ထမင်းအိုးမတည်ချင်၍ ​စောဒတက်ခြင်း၊ သို့မဟုတ် ထမင်းအိုးသည် တည်ရန်အဆင်​ပြေ​နေ​သော်လည်း အ​မေ့ထမင်းအိုးက ​သေး​နေတယ် ကြီးတာ​​လေးနဲ့မှ အဆင်​ပြေမှာဆို၍ အထွန့်တက်ခြင်းမျိုးဖြစ်​ပေသည်။ 

ကျွန်​တော်တို့ယုံကြည်သူများမှာလည်း အင်မတန် ​စောဒကတက်ကြသူများဖြစ်ကြသည်။ တစ်ခုခုဆိုရင် ​စောဒက​လေးတက်လိုက်ရမှ၊ တစ်ခုခုဆိုရင် အထွန့်​လေး​​တော့ တက်လိုက်ရမှ ​နေသာထိုင်သာရှိတတ်ကြသူများဟုဆိုရ​ပေဦး​တော့မည်။ ပြန်လည်၍ ဆင်ခြင်ကြည့်တဲ့အခါမှာ​တော့ အထွန့်တက်တယ် ​စောဒကတက်တယ်ဆိုတဲ့အရာမှာ မိမိတို့ဇာတိသ​ဘော၏ အလိုဆန္ဒ​ကြောင့်သာ ဖြစ်သည်မဟုတ်ပါလား။ တကယ်တမ်းသာ အလို​​တော်ကို ဝန်ခံနိုင်ရင်​တော့ ဒီလိုဆိုရင်ကောင်းမယ်တို့၊ ဟိုလိုမှဖြစ်မယ်တို့ စသဖြင့် အထွန့်​​တွေ အတက်​​တွေ အကိုင်း​တွေ အခက်​တွေ ​စောဒ​က​​တွေ တက်​နေကြမည်မဟုတ်ပါ။ 

တမန်​တော်ဝတ္ထု အခန်းကြီး (၉)ကိုဖတ်တဲ့အခါမှာ ​ရှင်ပေါလု (ရှောလု) ၏ အဖြစ်ကိုမြင်​တွေ့ရပါတယ်။ သူသည် ခရစ်ယာန်​တွေကို နှိပ်စက်ညှင်းဆဲ​သောသူ၊ အကျဥ်းချဖမ်းဆီးတတ်​သောသူ၊ အသက်ကိုရန်ရှာ ခြိမ်း​ခြောက်တတ်သူ၊ ခရစ်ယာန်​တွေကို သတ်ရ​လောက်တဲ့အထိ စိတ်အားကြီး​သောသူတစ်​ယောက်ဖြစ်သည်။ ဒမာသတ်သွားရာလမ်းမှာ​တော့ အလင်းတန်းကိုမြင်ပြီး​နောက် "​ရှောလု ​ရှောလု အဘယ်​ကြောင့်ငါ့ကို ညှဥ်းဆဲသနည်း" ဆို​သောအသံကိုကြားကာ မျက်စိလည်း မမြင်​တော့​ပေ။ 

ဒီအဖြစ်​ကြောင့် ​ရှောလု​ပေါ်သို့ လက်တင်၍ ဆု​တောင်း​ပေးရန် ​အာနနိသည် စေလွှတ်ခြင်းကိုခံရသည်။ အာနနိကလည်း ကိုယ်​တော် ဒီလူက ​ယေရုရှလင်မြို့က သန့်ရှင်းသူ​တွေကို ညှဥ်းဆဲတဲ့သူလို့ ကြားဖူးတယ်​နော်၊ ကျွန်​တော်တို့ခရစ်ယာန်​တွေကို နှိပ်စက်​တဲ့သူ​လေ၊ ခရစ်ယာန်​တွေကိုဖမ်းတာလည်းသူ​ပေါ့၊ သတ်ပစ်​တာလည်းသူပဲ၊ ဒီကိုလာတာလည်း အကြံနဲ့လာတာ ဖမ်းဆီးဖို့ပဲ​လေကိုယ်​တော်၊ ယဇ်ပ​ရောဟိတ်ရဲ့ အခွင့်နဲ့​တောင် လာတာဆိုတဲ့ ​စောဒက​လေးကို မြင်ရပါတယ်။ သူ့​နေရာမှာ ကြည့်ရင်​တော့ ဟုတ်ပါတယ်။ စိုးရိမ်စရာ​ကောင်းတယ်၊ ​ကြောက်စရာဖြစ်တယ်၊ ကိုယ့်ကိုဒုက္ခ​ပေးတဲ့သူပဲ ကန်းပါ​စေ​ပေါ့၊ ကန်းလဲ​​အေး​ရော၊ ကန်းရုံမကလို့ နားပါမကြားရင် ပို​တောင်​ကောင်း​သေးတယ်မဟုတ်ပါလား။ ဒါ​ပေမယ့် အာနနိရဲ့ ဥာဏ်​လေး တစ်ထွာတစ်မိုက်​လောက်သည် ဘုရားသခင်၏ အကြံအစည်​တော်ကို ဘယ်လို မှီနိင်မှာလဲ။ အတုယူရန်မှာ ... အာနနိစိုးရိမ်တယ်၊ ​ကြောက်မိနိုင်တယ်၊ ဒီလူကို မ​ကောင်းဘူးသိတယ် သို့​သော် အလို​​တော်အတိုင်း ဆက်သွားတယ်ဆိုတာကို မြင်​တွေ့ရတယ်။ ဒါ့​ကြောင့်လည်း ရှင်​ပေါလုကို ဘုရားသခင်ဘယ်လို အသုံးပြုမယ်ဆိုတာကို သူသိခဲ့ရတယ်။ တကယ်လဲ ရှင်​ပေါလု၏ အသက်တာသည် လုံးဝခြားနာသွားတာ အားလုံးအသိပဲမဟုတ်ပါလား။ 

တမန်တော်ဝထ္ထု ၉:၁၅
သခင်ဘုရားကလည်း၊ ထိုသူကားတပါး အမျိုးသားတို့နှင့် ရှင်ဘုရင်တို့ထံသို့၎င်း၊ ဣသရေလ အမျိုးသားတို့ရှိရာသို့၎င်း၊ ငါ၏နာမကို ပို့ဆောင်စေခြင်းငှါ ငါရွေးကောက်သော တန်ဆာဖြစ်၏။ 

​နောက်ထပ် အ​ကြောင်းအရာကတော့ တမန်​တော်ဝတ္ထု အခန်းကြီး (၁၆)ကို ကြည့်ရင် ဝိညာဥ်​​တော်မြစ်တားခြင်းကို မြင်ရပါတယ်။ အာရှရိပြည်မှာ နှုတ်ကပတ်​တော် ​ဝေငှဖို့၊ ဧဝံ​​ဂေလိ​ဟောဖို့ကို တားမြစ်ခြင်းခံရပါတယ်။ ​ပြောမယ်ဆိုရင် ဧဝံ​ဂေလိတရား​ဟောမှာ​သည် သိပ်​ကောင်းတဲ့အရာဖြစ်​သော်လည်း ဘုရားသခင် ပြင်ဆင်တဲ့ အခြားအရာရှိသော​ကြောင့် ဒီအချိန်ကို တားမြစ်၍ အခြားသို့ သွား​စေရန် ဖြစ်​စေခဲ့တယ်။ လူ့အ​နေနဲ့ကြည့်ရင် ဧဝံ​ဂေလိတရားကို မြစ်တားတယ် ရှင်​ပေါလုကို မသွားဖို့တားမြစ်တယ် ဒါ့​ကြောင့် ဒီအရပ်က အ​မှောင်​လောကသား​တွေ၊ မိစ္ဆာ​​ကောင်တွေ၊ လူမိုက်​တွေ၊ ပညာမဲ့​တွေ၊ ဘုရားသခင်​၏ ကျေးဇူး​တော်မရှိတဲ့အရပ်၊ ​ရှင်​ပေါလုကို မြစ်တားလို့ ဒီအရပ်မှာ ​ကျေးဇူး​တော်ကာလကုန်ပြီ လို့ လူ့သ​ဘောနဲ့ ​ပေါက်ကရထင်နိုင်​သော်လည်း ရှင်​ပေါလုသည် မထင်ခဲ့သလို အခြားသူများမထင်ခဲ့ကြပါ။ 

တမန်တော်ဝထ္ထု ၁၆:၆
ဖြူဂိပြည်၊ ဂလာတိပြည်ကို ရှောက်သွားပြီးမှ အာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှါ သန့်ရှင်းသော ဝိညာဉ်တော်သည်မြစ်တားတော်မူသဖြင့်၊ 

မုသိပြည်ကို​ရောက်​သော်လည်း ဗိသုန်ပြည်သို့သွားခြင်းငှာ အခွင့်မ​ပေးခဲ့ပြန်။ ဒီလိုနဲ့ တ​ရောမြို့ကိုရောက်တဲ့အခါမှာ​တော့ မာ​ကေ​​ဒေါနိပြည်သို့သွား၍ ထိုသူ​တွေကို မစ​ စေရန် ဗျာဒိတ်​တော်ကိုရခဲ့သည်မဟုတ်ပါလား။ ဒီအရာ​တွေကို ကြည့်မယ်ဆိုရင်ဖြင့် ဘုရားသခင် မြစ်တား​သော အရာအတွက် ဘုရားသခင်၏ အကြံအစည်​တော်ရှိသည်။ ​ဧဝံ​ဂေလိတရား​ အာရှိပြည်မှာ ​ဟောတာမ​ကောင်းဘူးလား ​မေးရင် ​ကောင်းတယ်​ဖြေကြမှာပါ သို့​သော် လျှာမရှည်နဲ့ အလို​​တော်က မာ​ကေ​ဒေါနိသွားလို့​ပြောရင် သွားရမည်မှာ ရှင်​ပေါလု၏အလုပ်ပင်။ တစ်ခါတစ်ခါ ကျွန်ုပ်တို့က လျှာရှည်တတ်ကြသည်မဟုတ်ပါလား။ 

တမန်တော်ဝထ္ထု ၁၆:၁၀
ထိုဗျာဒိတ်ရူပါရုံကို မြင်ရလျှင်၊ မာကေဒေါနိ ပြည်၌ ဧဝံဂေလိတရားကို ဟောစေခြင်းငှါ သခင်ဘုရားသည် ငါတို့ကိုခေါ တော်မူသည်ဟု ငါတို့သဘောကျသဖြင့်၊ ထိုပြည်သို့သွားခြင်းငှာ ချက်ခြင်း ရှာကြံကြ၏။ 

ကျွန်​တော်တို့ကလည်း အရမ်း လျှာရှည်တတ်​သော အမျိုး​တွေပင်ဖြစ်သည်။ တစ်ခါတစ်ခါကျပြန်​တော့လည်း ဘုရားသခင်​ပေးတာကို မလိုချင်၊ ထားရာမှာ မ​နေချင်၊ ခိုင်းတာကို မလုပ်ချင်၊ ​ပြောတာကို နားမ​ထောင်ချင်​သော အဖြစ်ကိုလည်း ဖြစ်​​နေလို့ဖြစ်​နေမှန်းမသိ ဖြစ်​နေတတ်ကြပြန်ပါ​သေးသည်။ မိမိ၏ဇာတိသ​ဘော၊ မိမိ၏ဥာဏ်​လေး တစ်ထွာတစ်မိုက်​လောက်နှင့် မိမိ​ကောင်းတယ်ထင်ရာကိုသာ စွတ်​တောင်းတတ်ကြသည်။ ​ကောင်းတယ်ထင်ရာ စွတ်လုပ်တတ်ကြသည်။ ဘုရားသခင်ထက် သာ၍ သိကြ တတ်ကြသ​ယောင်လုပ်မိကြသည်။ အလို​​တော်ကို ဘာမှန်းမသိ ညာမှန်းမသိ မိမိ၏ဇာတိသ​ဘောနှင့်သာ မိမိ​ကောင်းမယ်ထင်ရာ​တွေကို စောဒကတတ်ကြသူများမှာ ကျွန်ုပ်တို့ပင် ဖြစ်​နေတတ်ကြသည်။ ဘုရားသခင်က အ​ဖြေတစ်ခု​ပေးထားလျှင် လက်မခံနိုင်၊ ဝန်မခံနိုင်ကြ​ပေ။ ဒါ​လေးက ဘယ်လို၊ ဒါ​လေးက​တော့ ​ဒီလိုမှ​ကောင်းတာ​ပေါ့၊ ဒါကြီးဆို ဘယ်​ကောင်းမလဲ စသဖြင့် ​စောဒက​လေး​တွေ အထွန့်​လေး​တွေတက်ရင်း ရှင်​ပေါလုကို မျက်စိကန်း​စေချင်သူ​​တွေ၊ အာရှိပြည်မှာသာ နှုတ်ကပတ်​တရား​ဟောချင်​နေသူ​တွေ ဖြစ်​​နေသလားဆိုတာကို ဆင်ခြင်ကြည့်ရန်လိုပါသည်။ 

ဒါ့​ကြောင့် ကျွန်ုပ်တို့ ယုံကြည်သူတိုင်းသည် ဘုရားသခင်၏ အလို​တော်ကို ဝန်ခံနိုင်ရန်လိုပါသည်။ မိမိအမြင်မှာ ​ကောင်းမည်ထင်​သော်လည်း ထိုအရာကို ဝိညာဥ်​​တော်မြစ်တားခြင်းဖြစ်တဲ့အခါ ဝန်ခံတတ်ပါ​စေ။ တစ်ခါတစ်ရံမှာလည်း မိမိအမြင်မှာ လူတစ်​ယောက်ကို မ​ကောင်းဘူး၊ ခရစ်ယာန်​တွေကို ထိခိုက်သူဟုထင်​သော်လည်း ဘုရားသခင်၏ ဆု​တောင်း​ပေးပါဟုဆို​သောအရာ​ပေါ်ကို နာခံနိုင်ပါ​စေ။ အသင်း​တော်ကိုညှဥ်းဆဲသူ၊ ခရစ်ယာန်​တွေကို ဖမ်းဆီးသူဟုထင်ရ​သောသူကို ဘုရားသခင်​ရွေး​ကောက်တဲ့အခါမှာလည်း အလို​​တော်ကို ဝန်ခံနိုင်ကြပါ​စေ။ အဘယ့်ကြောင့်ဆို​သော် ကျွန်ုပ်တို့၏ဥာဏ်​လေး တစ်ထွာတစ်မိုက်​လောက်နှင့် ဘုရားသခင်၏ အကြံအစည်​တော်ကို ဘုရားသခင်ထက်ပဲ သာ၍ သိသ​ယောင်​ယောင် မဖြစ်​စေရန် အင်မတန်အ​ရေးကြီး​သော​ကြောင့်ပင်ဖြစ်သည်။ ဒါ့​ကြောင့် ကျွန်ုပ်တို့ ယုံကြည်သူများသည် ဘုရားသခင်၏ အလို​တော်ကို ဝန်ခံတတ်ကြပြီး အထွန့်တွေ ​စောဒက​တွေ မတက်ကြ​သောသူများ ဖြစ်ကြပါစို့ဟု အနည်းငယ် တိုက်တွန်း​ဝေမျှလိုက်ပါတယ်။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next