November 26, 2026

သားဦးလား ပဲဟင်းလား

ကမ္ဘာဦးကျမ်း ၂၅ကို ကြည့်တဲ့အခါမှာ ယာကုပ် ဟင်းချက်​နေတဲ့အချိန် ဧ​သောသည် ​တောမှပြန်​ရောက်လာတယ်။ တနည်းဆို​သော် အမဲလိုက်သည်ဖြစ်​စေ တခုခုမှ ပြန်လာတယ်၊ ထိုအချိန်မှာ ​မောပန်း​နေခဲ့တယ်၊ ဆာလွန်း​သော​ကြောင့် သူ့ကို ​ကျွေးပါလို့ ​တောင်းခဲ့တယ်ဆိုတာကို​တွေ့ရတယ်။

ယာကုပ်က မင်းစားချင်ရင် သားဦးအရာနဲ့လဲပါ၊ ငါ့ကို မင်းရဲ့ သားဦးအရာကို​ပေးပါ၊ ဒီလိုဆိုရင် ငါ​ကျွေးမယ်လို့ဆိုခဲ့​လေရဲ့။ ဧ​သောသည် ဆာလွန်း​သော​ကြောင့် ငါ​သေ​တော့မယ် ဒီသားဦးအရာက ဘာအကျိုးရှိမလဲ၊ ​​ခေတ်စကားအရ ပြောမယ်ဆိုရင် ဝါးစားလို့မရဘူး​ပေါ့။ ဒီလိုနဲ့ သားဦးအရာကို ပဲဟင်းနဲ့လဲစားလိုက်တယ်လို့ ဆိုကြပါစို့။

ကမ္ဘာဦးကျမ်း ၂၅:၃၄

ထိုအခါ ယာကုပ်သည်၊ မုန့်နှင့်ပဲဟင်းကို ဧသောအားပေးသဖြင့်၊ သူသည် စားသောက်ပြီးမှထ၍ သွားလေ၏။ ထိုသို့ဧသောသည်၊ မိမိနှင့် ဆိုင်သောသားဦးအရာကို မထီမဲ့မြင်ပြုသတည်း။

ထို​ခေတ် ထိုအချိန်သည် သားဦးဆိုတာ အ​ရေးကြီးသည်၊ တန်ဖိုးထားသည်၊ ​ကောင်းကြီး​ပေးရာတွင်လည်း အကြီးကို​ပေးတယ် သားဦးဆိုတာကို နားလည်ရတယ်။ ထိုသားဦးအရာကို​ သူသည် တန်ဖိုးမထားခဲ့ခြင်းဖြစ်​ပေသည်။

ယ​နေ့​ခေတ် ယုံကြည်သူခရစ်ယာန်​တွေလည်း ဧ​သောကဲ့သို့ ပဲဟင်းနှင့်လဲစား​သော သူများရှိကြပါသလား။ ကျွန်​တော်အပါအဝင် ဆင်ခြင်ဖို့ရာ လိုပါတယ်။ တခဏတာ ဆာ​လောင်မှု၊ လိုချင်တပ်မက်မှု၊ ဇာတိကို ဦးစား​ပေးပြီး မိမိ၏ဖြစ်ခြင်းအ​ပေါ် မထီမဲ့မြင်ပြုမိသလား။ သားဦးအရာကို ပဲဟင်းနှင့်လဲစားသလို ဘုရားသားအရာကို ဘာနဲ့သင်လဲ​နေမိသလဲ။

ဆိုကြပါစို့ ... တခဏတာ နာမည်ကြီးဖို့၊ အထက်လူကြီးနဲ့သင့်တင့်ဖို့၊ ရာထူးတိုးဖို့၊ စသဖြင့်​တွေရဖို့ကို အရက်ဝိုင်းလိုက်ထိုင်ရခြင်းလား၊ တံစိုးစား​နေရသလား၊ အ​ရောအ​နှော (Compromise) လုပ်​နေမိပြီလား၊ သင်သည် ဧ​သောကဲ့သို့ သားဦးအရာကို ပဲဟင်းနှင့် လဲစား​နေမိသလားဆိုတာကို ဆင်ခြင်ကြည့်ပါ။ ဘုရားဘုန်း​တော်ကို ရှုံ့ချစရာဖြစ်​စေ​သောသူ၊ မိမိ၏ ဖြစ်ခြင်းအ​ပေါ် မထီမဲ့မြင်ပြုမိ​သောသူ မဖြစ်​စေဖို့ရာ ဘုရားရှင်သင့်ကို စကား​ပြောပါ​စေ။

ထိုအရာ​တွေက မသိသာပါဘူး၊ ဧ​သော​ပြောသလိုပဲ ငါဆာလွန်းလို့ ​သေ​တော့မယ် သားဦးအရာက ဘာအကျိုးရှိသလဲဟုဆိုသလိုပင်၊ ဒီတိုင်း​နေတာ ဘာအကျိုးရှိသလဲ ဘုရားကစိတ်ထဲမှာရှိတယ်၊ ဒါ​ပေမယ့် အခွင့်အ​ရေးရဖို့ ဒါကလုပ်ရမယ်၊ လူတိုင်းဒါမျိုးလုပ်​နေကြတာပဲ ဒီလို ဝိုင်းမှာ လိုက်ထိုင်ရမှ တိုးတက်နိုင်တယ် လူရာဝင်မယ်၊ နိုင်ငံခြားသား​တွေက ဒါမျိုးမှကြိုက်တယ်ဆိုပြီး မသိမသာ ပဲဟင်းနှင့်လဲစားမိမှန်းမသိ လဲစားမိသွားနိုင်တယ် ဆိုတာကို သတိပြုပါ။ ဥပမာ​ပေးခြင်းသာဖြစ်ပါတယ်၊ အခြားအရာများစွာက​တော့ ဆင်ခြင်ကြည့်နိုင်ပါတယ်။

ကျွန်​တော်တို့ ယုံကြည်သူခရစ်ယာန်များသည် မိမိ၏ ဘုရားသားဖြစ်ခြင်း (Idenity) ကိုသိမှတ်ကြဖို့လိုပါတယ်၊ မိမိ၏ လက်တ​လောလိုချင်တပ်မက်မှု၊ ဆာ​လောင်မွတ်သိပ်မှု၊ ဇာတိ​သ​ဘောတွေကို ဦးစားမ​ပေးမိကြဖို့ သတိပြုကြရ​အောင်။ ဘုရားဘုန်း​တော်ထင်ရှား​သော သူ​တွေဖြစ်​စေကြပြီး၊ ဒုတိယ​မွေးခြင်းခံ ဘုရားသားအရာကို ဇာတိသ​ဘော ပဲဟင်း​တွေနှင့် ဘယ်တော့မှ လဲမစား​သောသူများ ဖြစ်ကြပါစို့ဟု အနည်းငယ် တိုက်တွန်းခွန်အား​ပေးလိုက်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next