သက်ရောက်မှု (Impact)

ငြိမ်သက်နေတဲ့ ကန်ရေပြင်ထဲကို ခဲတစ်လုံးကို ပစ်ချလိုက်တဲ့အခါမှာ ကျတဲ့နေရာတင်မကပဲ ဘေးဘက်ကန်ရေပြင် အတိုင်းအတာတစ်ခုအထိ ဂယက်ရိုက်သွားနိုင်သလို၊ ကျတဲ့နေရာသာ ဖြစ်တာပါလို့ဆိုလို့မရဘူးလို့ နားလည်ရတယ်။ မယုံရင် စမ်းပစ်ကြည့်ကြပါလို့ ပြောချင်ပါတယ်။ ဘေးပတ်ပတ်လည်မှ ရေပြင်လည်း သက်ရောက်မှုရှိတယ်၊ လှုပ်ခပ်သွားတယ်၊ ထိတဲ့နေရာတင် မဟုတ်ဘူး၊ သက်ရောက်မှုတစ်ခု ဆိုတာရှိတယ်ဆိုတာကို မြင်တွေ့ရလိမ့်မယ်။ သက်ရောက်မှုတစ်ခု (Impact) သည် မည်သို့ပင် ဝေးနေပါစေ အနည်းနှင့်အများရှိနေသည်။
ဒီလိုဘဲ နိုင်ငံရေးဆိုင်ရာကြည့်ရရင် အရင်ခေတ် အဆက်ဆက်တွေက ဘယ်လိုသက်ရောက်မှုဖြစ်စေခဲ့ကာမူ လူတိုင်းကို သက်ရောက်စေတယ်။ ဆိုကြပါစို့ အဘိုးအဘွား ကြုံခဲ့ရမယ်၊ သင်ကိုယ်တိုင် မကြုံရရင်တောင် သူတို့ရဲ့ ခံစားခဲ့ရတဲ့ သက်ရောက်မှု တစ်ခုတော့ရှိတယ်၊ တီဗွီမှာလာတဲ့ ကိုရီးယား ရုပ်ရှင်တစ်ခုကို ဥပမာကြည့်ရရင် နိုင်ငံရေးလုပ်တဲ့ သူတွေရဲ့ ဆွေစဥ်မျိုးဆက် ဒုက္ခရောက်အောင် လုပ်ပြစ်တာမျိုး၊ ကလေးတွေ မလုပ်ဘူးဆိုပေမယ့် သူတို့တွေမကြုံရပေမယ့် နောက်ဆက်တွဲ သက်ရောက်မှုတစ်ခုလို့ ဆိုကြပါစို့။ ဒီလိုပါဘဲ နိုင်ငံတိုင်းမှာဖြစ်တတ်တယ်၊ နာဇီတွေဆိုရင်လဲ အင်မတန်ဆိုးခဲ့တယ်၊ နပိုလီယံ၊ စသဖြင့် ဥပမာတွေရှိခဲ့တယ်။ လက်လွတ်စလွယ် သင်မခံစားရဘူးဆိုတာမျိုး မတွေးဘဲနဲ့ ပြန်လည် ချိတ်ဆက်ကြည့်ရရင် ရှေ့မှ မည်သည့် သက်ရောက်မှုမဆို နောက်မျိုးဆက်ကို သက်ရောက်စေတယ်။ ဒီသက်ရောက်မှူ (Impact) သည် အခြေအနေမည်သို့ဖြစ်နေပါစေ၊ ကာလတွေမည်မျှကြာခဲ့ပါစေ၊ ဆွေမျိုးသားခြင်း အသိမိတ်ဆွေ မည်သို့ပင်ဝေးနေပါစေ၊ ဖျက်ဆီးလို့မရအောင် သက်ရောက်မှုသည် ရှိခဲ့တယ်ဆိုတာကတော့ ဖျောက်ဖျက်လို့မရသော သမိုင်းတစ်ခုပင်။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံသားတိုင်းနှင့် နိုင်ငံရေးသည် သက်ဆိုင်နေသည်။ ဒါကတော့ လောကရေးရာ အခြေခံနိုင်ငံရေး သဘောတစ်ခုပင်။
ရောမဩဝါဒစာ ၅:၁၅
သို့သော်လည်း၊ ပြစ်မှားခြင်းသဘောနှင့် ကျေးဇူးတော်သဘောမတူ၊ အကြောင်းမူကား၊ လူတယောက်သည် ပြစ်မှားသောအားဖြင့်၊ လူများတို့သည် သေခြင်းသို့ ရောက်ကြ၏။ တယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကျေးဇူးတော်၏ အကျိုးသည်လူများတို့၌သာ၍ ကြွယ်ဝပြည့်စုံ၏။
တစ်ယောက်သောသူ၏ ပြစ်မှားခြင်း၊ မနာခံခြင်းမှသည် သေခြင်းတရားဝင်ရောက်ခဲ့သလို၊ တစ်ယောက်သောသူ၏ နာခံခြင်းအားဖြင့် ထာဝရအသက်ကို ရရှိသည်။ ဒါသည်လဲ တစ်ယောက်သောသူ၏ သက်ရောက်စေသောအရာတစ်ခုပင်ဖြစ်နေပေသည်။ နိုင်ငံရေးအလားမြင်ရမည်ဆိုလျှင် တိုင်းပြည်တစ်ခုမှာ ခေါင်းဆောင်တစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၏ မှားယွင်းမှုနှင့်ကောင်းမွန်ခြင်းတစ်ခုစီတိုင်း၏ သက်ရောက်မှုတစ်ခုစီတိုင်းသည် လူတိုင်းအပေါ်သက်ရောက်သလို ယေရှုခရစ်တော်၏ ကယ်တင်ခြင်းသည် လူတိုင်းအပေါ် သက်ရောက်စေသည်ဟု နားလည်စေသည်။
နိုင်ငံရေးသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်သလို၊ ယုံကြည်သူတိုင်းနှင့် ဘုရားသခင်၏နိုင်ငံတော်အရေးသည် သက်ဆိုင်သည်။ ယုံကြည်သူတိုင်းသည် နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်လုပ်ဆောင်ရမည်၊ ဧဝံဂေလိသတင်းစကား ဝေငှခြင်းအားဖြင့်သော်၎င်း၊ အမျိုးမျိုးသော အဖိုးအခများအားဖြင့်လည်း ပါဝင်သင့်သည်ကို နားလည်ရပါတယ်။
အချုပ်အားဖြင့်ဆိုရလျှင် တစ်ဦးတစ်ယောက်၊ ပါတီ၊ အဖွဲ့အစည်း၊ အစိုးရ၊ ဘုရင် စသဖြင့်တွေ၏ ဆိုးခြင်းကောင်းခြင်း တစ်ခုစီတိုင်းသည် လူတိုင်းအပေါ်သို့သက်ရောက်သည် (ထိုသူငယ်သည်ဖြစ်စေ၊ မမွေးသေးသည်ဖြစ်စေ)၊ သမိုင်းကိုဖျောက်လို့မရသလို၊ ဒီလိုဘဲ ယေရှုခရစ်တော်၏ ကယ်တင်ခြင်းကျေးဇူးတော်သည် ကမ္ဘာလောကသား တစ်ဦးတစ်ယောက်စီတိုင်းအပေါ်သို့ သက်ရောက်စေတယ်၊ တကယ်ကို ဟုတ်သလားဆိုသော အထောက်အထားသမိုင်းများစွာဟာ တည်ရှိနေရုံမကသေးဘဲ၊ လက်ရှိကျွန်ုပ်တို့ အသုံးပြုနေသော ခုနှစ်(AD) ကိုကြည့်ခြင်းအားဖြင့် ထိုသမိုင်းကြောင်းကို ပြန်လည်မြင်ယောင်နေမိပါတယ်လို့မေတ္တာဖြင့်ဖော်ပြလိုက်ပါတယ်။
AD (Anno Domini) လို့ခေါ်သော (In The Year Of The LORD) သခင်ဘုရား၏နှစ်များဟု အနီးစပ်ဆုံး ပြန်ဆိုရပေမည်။ ဒီနှစ်တွင် လူတိုင်း၊ ဘယ်မှာနေနေ၊ သက်ရောက်နေသည်၊ သက်ဆိုင်နေသည်။ ဒါ့ကြောင့် လူသားတိုင်းသည် သခင်ယေရှုခရစ်တော်၏ ကယ်တင်ခြင်းကျေးဇူးတော် ပြုပေးခဲ့ခြင်းသည် လောကီသားများ အားလုံးအပေါ်သို့ သက်ရောက်မှုရှိနေပေသောကြောင့် (Impact) သက်ရောက်မှုဟု ရှုထောင့်တစ်မျိုးဖြင့် အဓိပ္ပါယ်တစ်ခုဖွင့်ဆိုလိုက်ပါတော့တယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet