ပြုစုပျိုးထောင်ခြင်း

အပင်စိုက်တဲ့အခါမှာ ရေလောင်း၊ ပေါင်းသင်၊ စသဖြင့် ကရုစိုက်ပေးရတဲ့အရာတွေရှိပါတယ်။ ပြီးပြီးရော ပျိုးထားခဲ့လို့မရပါဘူး။ ကြည့်ရှုရတယ်၊ ရေပုံမှန်လောင်းရတယ်၊ အိုးခွဲပြီးစိုက်သင့်ရင် ခွဲစိုက်ပေးရတယ်။ အပင်ဘေးကနေ မျက်ပင်တွေပေါက်လာရင် နှုတ်ရတယ်၊ ပိုးကိုက်မှာစိုးလို့ လိုအပ်ရင် ပိုးသတ်ရတယ်။ အားဆေးထည့်တယ်၊ မြေဆွေးထည့်တယ် စသဖြင့် အမျိုးမျိုးကြီးထွားဖို့ ပြင်ဆင်ပေးရတယ် ဆိုတာကိုနားလည်ရတယ်။
ဒီလိုပါပဲ ကလေးတစ်ယောက်အတွက်ဆိုရင်၊ ပညာသင်ပေးရတယ်၊ ကျွေးမွေးရတယ်၊ စောင့်ရှောက်ပေးကြတယ်။ အကျင့်စရိုက်၊ အပြောအဆို စသဖြင့် သွန်သင်ဆုံးမကြရတယ်။ အသက်ကြီးတဲ့အခါမှာ အဆင်သင့်ဖြစ်နေအောင် အရာရာတိုင်းအတွက် ပျိုးထောင်ပေးကြရတာ မိဘတွေမဟုတ်ပါလား။ ကလေးကို မွေးပြီးတာနဲ့ ပြီးပြီလို့ သဘောထားလို့မရဘူးဆိုတာကို နားလည်ရပါတယ်။
ကျွန်တော်တို့ ယုံကြည်သူတွေသည်လဲ ဧဝံဂေလိပြောပြီးရင် မပြီးပါဘူး၊ အသက်တာမှာ ကယ်တင်ခြင်းရသွားပြီ ဆိုတာနဲ့လဲမပြီးသွားဘူး၊ ဒီအတိုင်း ပစ်ထားလိုက်လို့မရဘူးဆိုတာကို နားလည်ရပါတယ်။ ရေလောင်းရမယ်၊ ပေါင်းသင်ရမယ်၊ ပြုစုပျိုးထောင်ရမယ် ရှေ့ဆက်ရမည့်အသက်တာမှာ သွားလာဖို့ အဆင်သင့်ဖြစ်နေဖို့ ဘေးဘယ်ညာကို မတိမ်းစောင်းဘဲ သမ္မာတရားလမ်းအတိုင်း သွားလာတတ်စေဖို့ရာ ပြုစုရပါတယ်။
ရှင်ယောဟန်ခရစ်ဝင် ၁၅:၁၆
သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည် သင်တို့ကို ရွေးကောက်သဖြင့်၊ သင်တို့သည် သွား၍ တည်ကြည်သောအသီးကိုသီးမည်အကြောင်းနှင့် ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာတောင်းသမျှတို့ကို ရမည်အကြောင်း သင်တို့ကို ငါခန့်ထား၏။
တည်ကြည်သော အသီးတွေသီးစေဖို့ရာ ယုံကြည်သူတွေသည် ပြုစုပျိုးထောင်ပေးဖို့လိုအပ်ပါတယ်။ ခုမှပြောင်းလဲလာသူဖြစ်တဲ့ နုနယ်သေးသူတွေအတွက်တော့ ပျိုးပင်လေးတစ်ပင်အလားဖြစ်နေမှာပါ။ ဘေးမှာပေါက်လာသော မြက်ပင်တွေဟာ သူ့ဆီကအာဟာရကိုလုယူသလို၊ ဩဝါဒအလွဲတွေက သူ့ရဲ့အသက်တာကို ဝါးမျိုသွားနိုင်တယ်၊ ဒါ့ကြောင့် အပင်ဆိုတိုင်း မတူဘူး မြက်ပင်ဆို ဆွဲနှုတ်ရသလို ပြုစုပေးဖို့လိုပါတယ်။
ရေပုံမှန်လောင်းပေးရသလို နှုတ်ကပါတ်တော်နှင့် သွားလာတတ်၊ ပိုင်းခြားနားလည်တတ်စေရန် သွန်သင်ပေးရဦးပေမည်။ အဘယ့်ကြောင့်ဆိုသော် အပြစ်ဝန်ချတောင်းပန်စရာမလိုဟု ဆိုတတ်သော အသက်တာပိုင်း ယိုင်နဲ့လွဲမှားစေရန် အယူလွဲတွေ၊ ခရစ်တော်က ရှင်ပြန်ထမြောက်မှ ဘုရားဖြစ်တာဟုဆိုသော မိစ္ဆာအယူတွေ သည် သမ္မာတရားနှင့် ပိုင်းခြားနားလည်တတ်စေဖို့ရာ ရေပုံမှန်လောင်းသလို နှုတ်ကပါတ်တော်ရေကို သွန်းလောင်းပေးဖို့ရာလိုအပ်ပါတယ်။ ဒါ့ကြောင့် ဧဝံဂေလိပြောပြီးလဲပစ်မထားဖို့၊ ကယ်တင်ခြင်းရပြီးတိုင်း လွှတ်မထားဖို့ရာ သတိပြုကြစို့ရယ်။
သမ္မာတရားကို ပိုင်းခြားနားလည်တတ်လာပြီး အသက်တာပိုင်း ကြီးထွားလာဖို့ရန်အထိ ပြုစုပျိုးထောင်ပေးဖို့ရန် လိုအပ်တယ်ပါတယ်။ သို့မှသာ ထိုသူတွေသည်လည်း တည်ကြည်သော အသီးများကို သီးနိုင်မည်ဖြစ်တယ်ဆိုတာကို နားလည်ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့သည်လည်း အလိုတော်နှင့်ညီသော ပြုစုပျိုးထောင်ခြင်းကို လုပ်ဆောင်ကြပါစို့ဟု အနည်းငယ်ဝေမျှ တိုက်တွန်းခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet