November 26, 2026

စစ်မှန်​သော​အောင်မြင်ခြင်း

အောင်မြင်ခြင်းဆိုတာအင်မတန်မှကြားလို့​ကောင်းတဲ့အရာပါ။လူတိုင်းလိုချင်ကြတယ်ဆိုရင်မမှားပါဘူး။
တချို့ကစီးပွား​ရေးမှာ​အောင်မြင်ချင်တယ်၊ရုပ်ရှင်လောကမှာ​အောင်မြင်ချင်တယ်၊ပညာ​ရေးမှာအစရှိသဖြင့်အနယ်နယ်အရပ်ရပ်မှာ​အောင်မြင်ချင်ကြပါတယ်။

ဒီ​လောက်ပဲလား။ ဒီလို​အောင်မြင်​နေတဲ့သူ​တွေရှိကြ​ပေမယ့်မတင်းတိမ်နိုင်ဘူး၊ ၁၀၀ ရှိတဲ့သူက ၁၀၀၀ရှိ​အောင်၊
စီးပွား​ရေးမှာ​နေရာတစ်​နေရာစာ​အောင်မြင်​နေတဲ့သူကလဲ သူ့​နေရာမ​ပျောက်ရ​အောင်နဲ့ထက်ပြီးပို​အောင်မြင်​အောင်စသဖြင့် ဒီ​လောက​အောင်မြင်ခြင်း​တွေရဲ့ချည်​နှောင်မှုက​နေမလွတ်ကြပါဘူး။ 

 

ဒါဆိုရင်စစ်မှန်တဲ့​အောင်မြင်ခြင်းကဘာလဲဆိုတာအ​​ရေးကြီးပါတယ်။ ဘယ်လိုရမလဲ​ပေါ့။ ရှေးပညာရှိတချို့ကလဲဆိုကြပါတယ် မိမိကိုယ်ကို​အောင်မြင်ခြင်းလို့ဆိုကြတယ်။ ဒီလိုအဓိပ္ပါယ်ဖွင့်ကြရ​အောင်။မိမိရဲ့တပ်မက်တဲ့စိတ်​၊စိုးရိမ်စိတ်၊​​ကြောက်စိတ်၊အားငယ်စိတ်၊စသဖြင့်ကို​အောင်နိုင်ခြင်းလို့ဆိုကြပါစို့။ တနည်းအားဖြင့်​လောကကို​အောင်ခြင်း၊အ​ခြေအ​နေ​တွေရဲ့အထက်မှာရှိခြင်း ၊ (Inner Peace) လို့​ခေါ်တဲ့အတွင်းပိုင်းငြိမ်သက်ခြင်းရှိ​နေတယ်​ပေါ့။ 

ဒီလိုငြိမ်သက်ခြင်းကဘယ်မှာလဲ၊ဘယ်လိုရမလဲ​မေးစရာကရှိလာပြန်တယ်။ နှုတ်ကပါတ်​တော်တစ်ချက်ကဒီလို​ပြောပါတယ် ...

 

ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၅:၄
ဘုရားသခင်၏သားဖြစ်သောသူ မည်သည်ကား၊ လောကကို အောင်တတ်၏။ လောကကို အောင်ခြင်းအကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်းပေတည်း။

 

ဘုရားသခင်ရဲ့သားဖြစ်​သောယုံကြည်သူ​တွေက​လောကကို​​အောင်တယ်။ ဒီလို​လောကနဲ့ဆိုင်​သောအရာ​တွေရဲ့အထက်၊အ​ခြေအ​နေ​တွေရဲ့အထက်မှာရှိ​သောသခင်နဲ့အတူရှိခြင်း၊ငြိမ်သက်ခြင်းရဲ့အရှင်သခင်နဲ့အတူရှိခြင်းကသာ (Inner Peace) စစ်မှန်​သောအတွင်းငြိမ်သက်ခြင်းနဲ့စစ်မှန်​သော​အောင်မြင်ခြင်းဆိုတာကိုနားလည်ရပါတယ်။ ဆင်းရဲဒုက္ခ​တွေကြုံရရင်​တောင်မှ ငြိမ်သက်ခြင်းရှိ​နေတယ် ၊ ဆုံးရှုံး​​နေ​သော်လည်း ၊ မကျန်းမာ​သော်လည်း ၊ အိမ်​ထောင်​ရေး ၊လူမှု​ရေး ၊ စီးပွား​ရေး ၊ အစရှိသဖြင့်ပြဿနာ​တွေကြုံ​နေရသော်လည်း ၊ ဆုံးရှုံးခြင်း​တွေထဲ​ရောက်​နေရ​သော်လည်း ထိုပြဿနာ​တွေရဲ့အထက်အ​ခြေအ​နေ​တွေရဲ့အထက်မှာရှိ​သော ဘုရားသခင်နဲ့အတူရှိခြင်း ၊ ဘုရားသခင်၏သားဖြစ်​သောယုံကြည်သူ​​တွေသည် လောကကို​အောင်မြင်တယ် ၊ ငြိမ်သက်ခြင်းအရှင်နဲ့အတူငြိမ်သက်ခြင်းရှိ​နေပြီး မိမိရဲ့တပ်မက်တဲ့စိတ်​တွေ ၊ မိမိရဲ့စိတ်ခံစားချက်​တွေကို​လဲ​အောင်မြင်တယ်ဆိုတာကိုနားလည်ရပါတယ်။ ထိုဘုရားကိုအမှီပြု၍ငြိမ်သက်ခြင်းရှိ​သောယုံကြည်သူသည် ဆင်းရဲဒုက္ခကိုခံရ​သော်လည်းစစ်မှန်​သော​အောင်မြင်​သောသူ​တွေဖြစ်တယ်။ ဒီအရာကမှစစ်မှန်​သော​အောင်မြင်ခြင်းဖြစ်တယ်ဆိုတာကိုအနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။

 

ရှင်ယောဟန်ခရစ်ဝင် ၁၆:၃၃
သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီဟု မိန့်တော်မူ၏။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next