November 26, 2026

အသီးသီး​သောအသက်တာ အပိုင်း(၂)

အသက်တာမှာဝိညာဥ်အသီးသီးဖို့လိုအပ်တယ်ဆိုတာ​မ​​နေ့ကဝေမျှခဲ့ပါတယ်။ ဝိညာဥ်အသီး(၉)မျိုးဆိုတာကိုသီး​သောအသက်တာဖြစ်​စေဖို့ယုံကြည်သူမှန်ရင်ဆက်လက်ပြီးဝိညာဥ်​ရေးရာ Level မြင့်လာဖို့လိုအပ်ပါတယ်။
သူငယ်အရွယ်မှရင့်ကျက်လာပြီး နို့ကိုသာသုံး​ဆောင်​သောသူမဟုတ်​တော့ပဲ​​ကြေခဲ​သောအစာကိုစားနိုင်လာသည်အထိဝိညာဥ်​ရေးရာရင့်သန်​သောသူဖြစ်လာဖို့ဘုရားသခင်အလို​တော်ရှိပါတယ်။

 

မ​နေ့ကသရက်သီးသီး​သောသရက်ပင်ကို​ပြောခဲ့ပါတယ်။တကယ်​တော့အဲဒီအပင်မှာပဲ အချို့​သောအသီး​တွေကပိုးကိုက်​နေတာ​တွေရှိပါတယ်။ ဒီအရာကိုဆင်ခြင်မိ​တော့ တခါတ​လေ ကျွန်​တော်တို့က ​မေတ္တာပြချင်ပါတယ်မပြနိုင်ဘူး၊ခွင့်လွှတ်ချင်ပါတယ်ဒါ​ပေမယ့်မလွှတ်နိုင်ဘူး၊သည်းခံချင်ပါတယ်သို့​သော်ပြန်​ပြောမိတယ်၊စသဖြင့် အသီးကိုပိုးကိုက်သကဲ့သို့ဖြစ်သွားတာ​တွေရှိတတ်ပါတယ်။ အထူးသဖြင့်အ​ခြေအ​နေ​တွေကိုမ​​ကျော်လွန်နိုင်ပဲဖြစ်သွားပါတယ်။

ဥပမာတစ်ခု​နဲ့မြင်​အောင်ကြည့်ရ​အောင်။ သူများကစကားတစ်ခွန်း​ပြောလိုက်တဲ့အရာကကိုယ့်စိတ်မှာ​ဒေါသထွက်သွားမိတယ်၊သည်းခံရမယ်ခွင့်လွှတ်ရမယ်သိတယ်သို့​သော် အ​ခြေအ​နေကမ​ကျော်လွန်သွားနိုင်ပဲနဲ့ ငါ့ကိုမှ​ပြောရက်​လေခြင်းဆိုပြီး ပြန်ရန်​တွေ့မိလိုက်တယ်။တချို့သောပိုးကိုက်ရာ​တွေက ငါဆိုတဲ့​ဇာတိက​နေမသိမသာလာတတ်ပါတယ်။

ထိုကဲ့သို့​သောတခါတ​လေမှာ အပြစ်ရဲ့​သွေး​ဆောင်ခြင်းအ​ခြေအ​နေကို​ကျော်လွန်နိုင်ဖို့အမြဲသမ္မာသတိနဲ့ဆင်ခြင်ဖို့လိုပါတယ်။ ပိုးကိုက်တဲ့အသီးကိုစားဖို့မဖြစ်ပါဘူးလွှတ်ပစ်ကြပါတယ် ဒီလိုပါပဲ ကျွန်​တော်တို့​တွေဒီလိုဖြစ်ခဲ့ရင် အရင်က​ထိုသူအ​ပေါ်ကောင်း​နေခဲ့တာ​တောင်​ပျောက်သွားသကဲ့သို့ဖြစ်သွားပါ​သော​ကြောင့်ဆင်ခြင်မိဖို့ရာအ​ရေးကြီးပါတယ်။ ဝိညာဥ်​ရေးရာအသီးများပိုးကိုက်ခြင်းလို့ဆိုကြပါစို့။

 

အပင်​ကောင်းတစ်ပင်ဖြစ်လာဖို့ရာအခြခံအားဖြင့် ​​ကောင်း​သောမျိုး​​စေ့ ၊ မြေ​ကောင်းဖို့ ၊ ​ရေ​လောင်း ၊ ​ပေါင်းသင် ၊ ကရုစိုက်​ပေးရပါတယ်။ ဒီလိုပါပဲ ဝိညာဥ်​ရေးရာအသီးသီးဖို့ကိုဆင်ခြင်ဖို့ရာလိုပါတယ်။ 
ဝိညာဥ်​ပကတိမျိုး​စေ့(ဇာတိပကတိမျိုး​စေ့မဟုတ်ဖို့) ၊ နှလုံးသား​​မြေ​ကောင်းဖို့ ၊ နှုတ်ကပါတ်​တော်​ရေ​လောင်းဖို့ ၊ ​​ပေါင်းသင်မြက်နှုတ်ခြင်းကဲ့သို့ပုံ​ဆောင်​သောလောကရဲ့အပြစ်​သွေး​ဆောင်ခြင်း(ဇာတိသ​ဘော​တွေကိုသတ်ဖို့) ၊ ယုံကြည်သူအချင်းချင်းမိဿဟာရဖွဲ့ ခွန်အား​ပေးဖို့ စသဖြင့်အ​ခြေခံ​လေး​တွေလိုပါတယ်။ ဒါဆိုရင်​တော့ ပိုးမထိုး ၊ ​လောက်မတတ်​သော တည်ကြည်​သောအသီး​တွေသီးမယ်ဆိုတာကိုနားလည်ရပါတယ်။

 

ဂလာတိဩဝါဒစာ ၆:၈-၉
မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရလိမ့် မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကို ရိတ်ရလိမ့်မည်။
ငါတို့သည်အားမလျော့၊ စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်။

 

ကျွန်​​တော်တို့ယုံကြည်သူခရစ်ယာန်အ​ယောက်စီတိုင်းသည်ဝိညာဥ်ပကတိမျိုး​စေ့ကိုကြဲကာတည်ကြည်​ပြီးပိုးမကိုက်​သောဝိညာဥ်အသီးများကိုသီးနိုင်ဖို့ရာ သမ္မာတရားကိုသမ္မာသတိနဲ့ထိန်းပြီး နှလုံးသား​မြေကိုကရုစိုက် ၊ နှုတ်ကပါတ်​​တော်​ရေကိုမှန်မှန်​လောင်း ၊ ဇာတိသ​ဘော​တွေကို ​ပေါင်းသင်မြက်နှုတ်ကာ ဆင်ခြင်ကြပါစို့လို့အနည်းငယ်ခွန်အား​ပေးချင်ပါတယ်။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next