Reflection (Galatians 3:28)

တစ်ဖက်မှာ တစ်မျိုး
တစ်ခြမ်းမှာတော့ တစ်ဖုံ
တစ်မျိုးနဲ့တစ်ဖုံ မတူကာကွဲတယ်
ခြားနားသယောင်
ယုဒရယ် တစ်မျိုး
ဟေလသရယ် တစ်ဖုံ
ဂလာတိ သုံးရယ်မှာလိုပ
ကွဲပြားသယောင်
ကျွန်လို တစ်မျိုး
လူလွတ်လို တစ်ဖုံ
ယောကျ်ားရယ် မိန်းမရယ်နဲ့
ခွဲခြားသယောင်
အဖြူဆို တစ်မျိုး
မဲပြန်တော့ တစ်ဖုံ
သူတလူ ငါတမင်းရယ်
ကွဲပြားလို့ ခြားနားသည်တဲ့
ဒီမှာ အမှန်သမ္မာတရားရယ်က
အကုန်တူတူ ကယ်တင်ခြင်းပေမို့
ထိုသခင် ယေရှုခရစ်တော်၌
တလုံးတဝပေတည်း။
ပုံလေးမြင်မိသဖြင့် ရေးစပ်လိုက်သည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet