November 26, 2026

နာကျင်မှုများအား ရင်ဆိုင်ရခြင်း - အပိုင်း ၅

(Unfavored) မိမိနေရာ မိမိအရပ်၌ မျက်နှာမရခြင်း၊ (Rejected) လူအများ၏ ငြင်းပယ်ခံရခြင်းသာမက မိမိတပည့်ကိုယ်တိုင်ကပင် မိမိအား သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခြင်း၊ (Betrayed) မိမိကတပည့်၏ သစ္စာဖောက်ခြင်းကိုလည်း ခံရခြင်း၊ (Verbal Abuse) နှုတ်ဖြင့် အကြိမ်ကြိမ်စော်ကားခံရခြင်း၊ (Violence) ကိုယ်ထိလက်ရောက် အကြမ်းဖက်ခံရခြင်း၊ (Emotional Damage) စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားရခြင်းတို့အား ခံစားခဲ့ရဖူးသူ နောက်ထပ်တစ်ဦးမှာ သခင်ယေရှုခရစ်တော်ပင် ... "ငါသည် သေလောက်အောင် အလွန်စိတ်ညှိုးငယ်ခြင်းရှိ၏" ဟုပင် ဆိုခြင်းကိုကြည့်လျှင် (Depression and Anxiety)  စိတ်ပျက်အားငယ်ခြင်းနှင့် ပူပင်သောကကို အတိုင်းသား မြင်တွေ့ရသကဲ့သို့ (Very Sad and Deeply Grieved) အလွန်ဝမ်းနည်းနေခြင်းနှင့် များစွာစိတ်မကောင်းဖြစ်ခြင်း  ကိုလည်း တွေ့ရပေသည်။ "ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော" ဟူသည့် သုံးကြိမ်တိုင်တိုင်ဆုတောင်းခြင်းအား ကြည့်လျှင် လူအများ၏ အပြစ်များအား မိမိအပေါ်သို့ ယူတင်ရခြင်းကြောင့် ခမည်းတော်၏ မျက်နှာလွှဲခြင်း ခံရမည့်အခြေအနေအား ကြောက်နေခြင်း (Fear of Rejection)၊ အပြစ်မရှိသော်လည်း မတရားစွပ်စွဲခံရခြင်း (Unfairly Accused)၊ တရားရေးရာဟုဆိုသော်လည်း မတရားခြင်းများနှင့်သာ ဆက်ဆံခံရခြင်း (Unfairly Treated)၊ ကားတိုင်ပေါ်၌လည်း ခမည်းတော်၏ စွန့်ပစ်ခံရခြင်းကြောင့် အထီးကျန်ခြင်း (Loneliness) စသည့် အမျိုးမျိုးသော ဒဏ်ရာများသည် ရေတွက်၍ပင် ရပါ့ဦးမည်လား ...

------- ဆက်ရန် -------

#Titus_KyawNyi 

Photo Crd: Internet 

Previous Next