November 26, 2026

သစ္စာတည်းဟူ​သောခါးပန်း

ခါးပန်း ၊ ခါးစည်း ၊ ခါးပတ်စသဖြင့်အမျိုးမျိုး​ခေါ်တွင်ကြသလို ထိုအရာသည် လွန်စွာလဲအ​ရေးပါလှသည်။
ကျွန်​တော်တို့ကား​မောင်းတဲ့အခါ ခါးပတ်ပတ်ရပါတယ်။ အကယ်၍မပတ်ရင်အန္တရာယ်ဖြစ်တဲ့အခါမှာ​လေအိတ်မပွင့်တာဖြစ်တတ်ပါတယ်။အခု​နောက်ပိုင်းကား​တွေဟာ ​လေအိတ်ပွင့်ဖို့အတွက်ထိုင်ခုံမှာလူရှိမရှိကိုခါးပတ်နဲ့တွဲပြီး​လေအိတ်ပွင့်မပွင့်တိုင်းတာထားတဲ့ကား​တွေရှိပါတယ်။ ဒါ့​ကြောင့်မပတ်ထားရင်​လေအိတ်မပွင့်​သော​ကြောင့်ထိခိုက်မှုကြီးမားနိုင်ပါတယ်။ ခါးပတ်မပတ်ဘဲ​လေအိတ်ပွင့်တယ်ဆိုရင်​တောင် လူလွင့်စင်နိုင်​သော​ကြောင့်ခါးပတ်ကိုမ​မေ့သင့်​ပေ။ ခါးပတ်သည်လူကို​နေရာမှလွင့်ထွက်မသွား​စေဖို့ဖြစ်​သော​ကြောင့် ပတ်ကိုပတ်ထားသင့်ပါသည်။

ဒီလိုပါဘဲ ကျွန်​တော်တို့​ဘောင်းဘီဝတ်တဲ့အခါမှာ လိုအပ်ချက်အမျိုးမျိုး​ကြောင့်ခါးပတ်ဝတ်ကြသည်။ ခါးပတ်သည် ယ​နေ့​ခေတ်စစ်သားများအတွက်လည်းအ​ရေးကြီး​ပေသည်။ ထိုအရာဝတ်ဆင်ထား​သော​ကြောင့် ​သေနတ် ၊ ​ကျည်ကတ် ၊ ဓါး ၊ ရေဘူး ၊ လက်ပစ်ဗုံးအစရှိသဖြင့်​​သေချာထည့်၍ပြုတ်မကျ​စေရန်အထိန်းအ​နေဖြင့်အသုံးပြုကြရသည်။ ခါးပန်းဟု​ခေါ်​သောခါးစည်းခါးပတ်သည်ရောမ​ခေတ်တွင် စစ်သူရဲတစ်​ယောက်အတွက်အ​ရေးကြီး​သောခါးစည်းတစ်ခုလဲဖြစ်သည်။ ထိုခါးစည်းရှိ​သောအားဖြင့် သူ၏ဓါး ၊ လက်နက်များကိုစနစ်တကျထည့်ထားနိုင်သည်။ စစ်တိုက်ရာတွင်ကျွတ်မကျ​စေရန်ခါးစည်းရှိ​သော​ကြောင့်စိတ်ချလက်ချစစ်တိုက်နိုင်သည်။ ထိုကဲ့သို့​ရောမစစ်သူရဲတစ်​ယောက်ကိုယ်ကျိုးမနည်း​စေရန်ခါးပန်း၏အ​ရေးပါမှုကိုရှင်​ပေါလုကမြင်၍ယုံကြည်သူများကိုသတိ​ပေးတင်စား​ဖော်ပြတာဖြစ်ပါတယ်။

ထိုကဲ့သို့ပင် ယုံကြည်သူတစ်​ယောက်အတွက်သစ္စာတည်းဟူ​သောခါးပန်းသည်လွန်စွာအ​ရေးကြီး​ပေသည်။ ထာဝရဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှနှင့်ချစ်ရမည်ဖြစ်ပြီးနံဝိညာဥ်နှင်း၎င်းသစ္စာနှင့်၎င်းကိုးကွယ်ရမည်ဖြစ်သည်။ ထို့​ကြောင့်သစ္စာဟူ​​သောအရာကို​ပေါ့​သေး​သေးမထားသင့်​ပေ။ ​သေးငယ်​သောအမှုကအစသစ္စာရှိဖို့ရန်လွန်စွာအ​ရေးကြီး​ပေသည်။ 

ဧဖက်ဩဝါဒစာ ၆:၁၄
သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက်၊

ဖြစ်​လေ့ရှိတဲ့အရာအများစုက​တော့ Sunday အလုပ်ဆင်းမှာလားဘုရားကိုအချိန်​ပေးမလား ၊ CV မှာခရစ်ယာန်လို့​ရေးလျှင်အလုပ်ရခက်ခဲတယ်ဟုဆိုခြင်း ၊ မညီ​သောတံဘိုးထမ်းထားရရင်အမျိုးသမီးအမျိုးသားစတဲ့ကိုယ့်လက်တွဲ​ဖော်၏အလိုသို့လိုက်ကြခြင်း ၊ အ​မွေလိုချင်၍​ဘုရားကိုလက်တစ်လုံးခြားလုပ်ရခြင်း ၊ ရာထူးတိုးဖို့ရန်လိုအပ်၍ ခရစ်ယာန်မဟုတ်ဟုဆိုကြရခြင်း စသဖြင့်အမျိုးမျိုး​သော ဘုရားနဲ့ယှဥ်၍​ရွေးချယ်ရခြင်းများကြုံ​ကောင်းကြုံရလာတဲ့အခါမှာ သစ္စာရှိဖို့ရာလိုအပ်ပါတယ်။ သင်နှင့်ကျွန်ုပ်က ဘုရားကချစ်ခြင်း​မေတ္တာရှင်ပါ ဒီ​လောက်​တော့နားလည်ပါတယ်ဆိုပြီး လက်တစ်လုံးခြား လက်ရှိ​ခဏတာ​ကောင်းစား​ရေးအတွက် လိမ်လည်မိတတ်ကြပါတယ်။ မုသာရဲ့အဖကစာတန်ဖြစ်ပါတယ်။ ဒါ့​ကြောင့် ​သေးငယ်​သောအမှုမှအစသစ္စာရှိစွာသတိထားကြဖို့ရာလိုအပ်ပါတယ်။ ထိုသစ္စာရှိစွာ​​ရွေးချယ်လိုက်ခြင်း​တွေတစ်ခုစီတိုင်းတစ်ခုစီတိုင်းသည်ပင်ပန်းရပါတယ် ၊ နာကျင်ရပါတယ် ၊ ငို​ကြွေးချင်​လောက်​အောင် မျက်ရည်​တွေခန်းသွား​လောက်​အောင်ငိုချင်ပါလိမ့်မယ် ဒါ​ပေမယ့်ထိုမျက်ရည်ကိုဘုရားသခင်သုတ်​ပေးပြီးနှစ်သိမ့်ပါလိမ့်မယ်ညီကို​မောင်နှမတို့။ သင်နဲ့ကျွန်ုပ်၏သစ္စာရှိခြင်းကိုထိုဘုရားသည် အသိအမှတ်ပြု၍ အချည်းနှီးမဖြစ်​စေဘူးဆိုတာအား​ပေးချင်ပါတယ်။ ဒါ​ကြောင့်မို့လို့ ကျွန်​တော်တို့ယုံကြည်သူအ​ယောက်စီတိုင်းသည်သစ္စာတည်းဟူ​သောခါးပန်းကိုတင်းကြပ်စွာစည်းထားကြပါစို့လို့အ​ယောက်စီတိုင်းကိုအနည်းငယ်ခွန်အား​ပေးချင်ပါတယ်။

ရှင်ယောဟန်ခရစ်ဝင် ၄:၂၄
ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့် ၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Previous Next