November 26, 2026

ရုပ်ရှင်တစ်ခုမှ သင်ယူမိခြင်း

ည​နေခင်း ညီအစ်ကို မသိတသိ အချိန်တစ်ခုမှာ တီဗွီကိုဖွင့်ကြည့်မိလိုက်တဲ့အခါတွင် ရုပ်ရှင်တစ်ခုကို အမှတ်မထင် ကြည့်လိုက်မိသည်။ ထိုရုပ်ရှင်ဇာတ်လမ်းမှာ တကယ်ကို အပြင်ဘဝနှင့်ထပ်တူကျ​နေတတ်​သော အရာများကိုမြင်​တွေ့မိ​သော​ကြောင့် သင်ယူစရာများကို ဆင်ခြင်မိပါတယ်။

အလုပ်သမားများ ဆန္ဒပြ​နေ​သော မြင်ကွင်းတစ်ခုကို ​ရှေးဦးစွာ စ​တွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ဆက်ကြည့်​နေရင်း ... Company တစ်ခုအား အလုပ်သမားများမှ ကန့်ကွက်ဆန္ဒပြ​နေသည့်မြင်ကွင်းတစ်ခု၏ ​နောက်ကွယ်အ​ကြောင်းအရာမှာ လစာမရ​သော​ကြောင့်ဟုသိလိုက်ရသည်နှင့်တစ်ပြိုင်နက် ​နောက်ထပ် အခန်းတစ်ခုမှာ အလုပ်သမား​ရေးရာတွင် တိုင်တန်းသူ နှစ်​ယောက်အားမြင်​တွေ့ရပြန်သည်။ သူ​ဌေးနှင့်အချိန်ပိုင်းအလုပ်သမား ပြဿနာဖြစ်သည်။ အ​ကြောင်းမှာ ​အချိန်ပိုင်းအလုပ်သမားကို လစာမ​ပေး​သော​ကြောင့်ဖြစ်ပြန်တယ်၊ မုန့်​တွေ မ​ကောင်း​တော့လို့စားဆို​ပေမယ့် စားပြီးမှ မုန့်ခိုးစားလို့ လစာမ​ပေးနိုင်ဟုဆိုပြန်၍ သက်​သေရှိလားဆိုပြန်​လေသည်။

ဆန္ဒပြခံရ​သော Company ၏​နောက်ကွယ်တွင် သူ​ဌေးကြီးတစ်ဦးရှိ​နေသည်၊ သူသည် လူကြီး​တွေနှင့်ပိုင်သည်၊ အ​ပေါ်ယံ လူမှူ​ရေးလုပ်သည်၊ စသဖြင့် ပ​လောင်းပလဲကွက်နှင့် မျက်နှာရ​သော လူကုံတန် ခရိုနီကြီးတစ်ဦးဖြစ်​လေသည်။ သူသည် ကား Company များ၏ ​​နောက်ကွယ်မှ သူ​ဌေးဖြစ်​ပေ​တော့သည်။ ထို Company ​ပေါင်းများစွာတွင် အမည်ခံသူ​ဌေးများစွာရှိသည်။ နှစ်တိုင်း အရှုံး​ပေါ်၍ လစာလုံးဝမ​ပေးပါ။ အလုပ်သမားမှာ ရစရာလစာ ဝမ်သိန်း ၃၀၀​ ​​လောက်ရှိ​သော်လည်း ဝမ် ၃၆၀၀ ​ပေး​ချေရန်​မေ့​နေခြင်းအား သူခိုးဟုဆိုကာ အလုပ်မှထုတ်ပစ်လိုက်သည်။ Company ကို အရှုံးခံ၊ လစာ​​တွေမပေး၊ ရသမျှကျစ်ကာ၊ ​နောက်ဆုံးပိတ်သိမ်းပြီး နာမည်အသစ်နှင့် ထပ်မံ တည်​ထောင်ကြသည်။ အလုပ်သမားစီစစ်​ရေးသည် ဘာမျှမတတ်နိုင်​ချေ၊ အကုန်​ပေါင်းထား​လေသည်။

အပြင်​လောကတွင် ဘယ်​လောက်များရှိ​နေမလဲဆိုတာ ဝမ်းနည်းစွာမြင်​ယောင်မိပါတယ်။ လူမှု့ ဖူလုံ​ရေးကို တကယ်​ရော ​ပေးချကြရဲ့လား၊ ဟန်ပြ​လောက်သာ ​ပေး​ချေ၍ အခြား​သောလူ​တွေအတွက်​​စာရင်း​ဖျောက်​လေသလား၊ ဟန်ပြ ​သွေးစစ်ပြပြီး​နောက် ကဒ်​တွေတကယ်မထုတ်​ပေးကြဘူးလား၊ အလုပ်သမား​တွေကို အချိန်ပို​တွေခိုင်းပြီး တန်ရာတန်​ကြေး​ပေး​ချေရဲ့လား၊ စာချုပ်ချုပ်​တော့ တစ်မျိုး ခန့်​တော့တစ်မျိုး ခိုင်း​တော့တစ်မျိုးများဖြစ်​နေသလား၊ လစာ​တွေမတရားဖြတ်သလား၊ ​ပေးရမည့် ပမာဏအတိုင်း မ​ပေးဘဲ​နေကြသလား၊ ပိတ်ရမည့် အစိုးရရုံးပိတ်ရက်အတိုင်း မပိတ်ဘဲ အတင်း​စေခိုင်း​နေသလား၊ ထိုရုပ်ရှင်ထဲကအတိုင်း အလုပ်သမား​ရေးရာကိုတိုင်လျှင် ဘယ်သူတိုင်သည်ဆိုတာကအစ ပြန်သိတာမျိုးများဖြစ်​နေ​လေသလား ဆိုတာကို ​တွေးမိပါ​တော့တယ်။

​နေဟမိမှတ်စာ အခန်းကြီး ၅ တွင် ထိုကဲ့သို့​သော ​ခေါင်းပုံဖြတ်မှု၊ စားဝတ်​နေ​ရေး အ​ခြေအ​နေခက်ခဲမှု၊ မူးမတ် အရာရှိ​တွေကအစ ထိုအထဲတွင် လဘ်စားခြင်း ယ​နေ့အမြင်နှင့်ကြည့်လျှင် ​ပေါင်းစားကြတယ်ဟုဆိုရမည်။ ယ​နေ့​ခေတ်အတိုင်းဆိုရလျှင် အလုပ်သမားဥပ​ဒေအား အ​လေးမထားခြင်း၊ ကြိုက်သလို ​စေခိုင်းခြင်း၊ တရားဥပ​ဒေအား အ​လေးမထားခြင်းဟုဆိုရ​ပေမည်။ သို့​သော် ထိုအရာ​တွေအားလိုက်နာရမည် မှန်​သော်လည်း ပထမဦးဆုံးသတိပြုရမည်မှာ ထိုကဲ့သို မတရား​သောအမှုကို ဘုရားသခင်နှစ်သက်ခြင်းမရှိသည်ကို ​သိထားရမည်။ ထိုသို့သိလျှင် ဒါမျိုးလုပ်မည်မဟုတ်။ ထိုသူ​တွေ၏ မသိရှိခြင်းနှင့် မတရား​သော အမှုအား ​နေဟမိသည် ​ထောက်ပြကာ သွန်သင်ခဲ့သည်။ ထိုရုပ်ရှင်ထဲတွင်​တော့ မင်းသားသည် ထိုသူ​ဌေးအမှုအား စုံစမ်း​နေ​သည်ဟုမြင်ရသည်။ ကျမ်းညွှန်းက​တော့ ​နေဟမိ အခန်းကြီး(၅) ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရ​သော် ယုံကြည်သူခရစ်ယာန်တစ်​ယောက်သည် ထိုကဲ့သို့​သော မတရားသောအမှုကို ဘုရားသခင်မကြိုက်သည်ကို နှလုံးသွင်းထားရမည်၊ မိမိသည် သူ​ဌေး​နေရာတွင်ရှိလျှင် တရား​သောစီရင်ခြင်းနှင့်ပြုပြင်ခြင်းရှိပါ​စေ။ မိမိသည် ဥပ​​ဒေဘက်​တော်သား​နေရာတွင်ဆိုလျှင် တံစိုးစားခြင်းကင်းရှင်းကာ ​ဖြောင့်မတ်စွာ တရားစီရင်ခြင်းရှိပါ​စေ။ မိမိသည် အလုပ်သမား​နေရာတွက်ဆိုလျှင် ​ဖြောင့်မတ်ခြင်းနှင့်သစ္စာရှိပါ​စေ။ (သစ္စာဟုဆိုသည်တွင် အလုပ်မထွက်ဘဲ​နေပါဟုဆိုလိုခြင်းမဟုတ်) မိမိ၏တာဝန်နှင့်ဝတ္တရားကိုဆိုလိုသည်။ ဒါ့​ကြောင့် မည်သည့်​နေရာတွင်မဆို အလင်းကိုလင်း​စေ​ပြီး ဘုရားသခင်၏ဘုန်း​တော်ထင်ရှား​စေ​သော ယုံကြည်သူခရစ်ယာန်များဖြစ်ကြပါစို့ဟု ရုပ်ရှင်တစ်ခုမှသင်ယူမိခြင်းအား ပြန်လည်​ဝေမျှ ခွန်အား​ပေးလိုက်ပါ​တော့တယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next