J For JESUS ... Not For Jealous

မနာလိုခြင်းဆိုသောအရာသည်၊ ပိုးကိုက်သော သစ်သီးအလား အတွင်းထဲမှ လှိုက်စားခြင်းကိုခံရကာ တဖြေးဖြေး ပုပ်ပွပျက်စီးသွားတတ်ပေသည်။ (Jealous) ဖြစ်သည်ကို (J) ဝင်သည်ဟုခေါ်ဆိုကာ မနာလိုခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုကြပါစို့။
ကာဣန နှင့် အာဗေလ၏ အဖြစ်အပျက်လေးတွင် ညီဖြစ်သူကိုမနာလိုခြင်းသည် ကမ္ဘာပေါ်တွင် ပထမဆုံးသောလူသတ်မှုကျူးလွန်သည်အထိဖြစ်စေခဲ့သည်။ ယဇ်ကောင်အဆင်သင့်ရှိပါတယ်၊ ယူသုံးလို့လဲရသလို၊ ယဇ်ကောင်တည်ရှိရာနေရာကို ညွှန်ပြနေပါသော်လည်း (J) ဝင်ခြင်းကြီးထွားမှုသည် ထိုစကားများကိုလစ်လျှူရှုကာ သွေးသားတော်စပ်သူ တစ်အူဒုံဆင်း ညီဖြစ်သူအား သတ်မိသည်အထိဖြစ်စေခဲ့သည်။
ဧဖက်ဩဝါဒစာ ၄:၃၁
ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်းတို့ကို၎င်း၊ ခပ်သိမ်းသော မနာလိုခြင်းကို၎င်း၊ သင်တို့မှ ပယ်ရှားကြလော့။
ကျန်တော်တို့အမြင်မှာ အရက်သောက်၊ ဖဲရိုက်၊ အော်ဟစ်ဆဲဆို၊ ရိုင်းစိုင်း၊ မောက်မာခြင်းတွေ၊ အစရှိသဖြင့်တွေကိုသာ မြင်တတ်ကြတယ်။ ထိုအရာတွေဟာ အပေါ်ယံ ထိခိုက်ရှနာများကဲ့သို့ ဆေးသင့်ရင် ပျောက်သောအနာများဖြစ်ပါတယ်။ ယမကာလုလင် အရက်မသောက်တော့ဘူး၊ မူးယစ်ဆေးဝါးသုံးစွဲသူ မသုံးစွဲတော့ဘူး၊ ဆဲဆိုခြင်းတွေ မလုပ်တော့ဘူး၊ စသဖြင့် ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့တွေဟာ သူတပါးငိုကြွေးနေလျှင် လိုက်ငိုကြွေးနိုင်ပါတယ်၊ နာကျဥ်နေလျှင် ထိုသူနှင့်အတူနာကျဥ်နိုင်ပြန်တယ်။ သို့သော် တစ်ခါတစ်လေ သူတပါးသည် ကိုယ့်ထက် အဆင်ပြေနေလျှင်၊ ကိုယ့်ထက် တိုးတက်နေလျှင် စသဖြင့် ဝင်ငွေပိုကောင်း၊ တိုက်ဆောက်ကားစီးနိုင်သော အခြေအနေဖြစ်နေလျှင် ဝမ်းမြောက်ပေးရဖို့ခက်ခဲတတ်ပါတယ်၊ ထိုအချိန်မှာ ရင်ထဲ မချိမဆန့်ဖြစ်ရခြင်းမျိုးတွေဖြစ်ရတတ်ပါတယ်။
မနာလိုခြင်းသည် မိမိတို့ ယုံကြည်သူ၏အသက်တာကိုဆွဲချသော နောက်ကွယ်မှလက်မဲကြီးတစ်ခုပင်ဖြစ်ပေသည်။ ထိုလက်မဲကြီးရှိနေသ၍ ဘယ်တော့မှ အသက်တာသည် ကြီးထွားသင့်သလောက် မကြီးထွား၊ အောင်မြင်သင့်သလောက်မအောင်မြင်ပေ။ (J) ဝင်ခြင်းသည် တချိန်ချိန်မှာ အောက်သို့ကျဆုံးရမည့် မိုးပေါ်ထောင်ပစ်သော ကျည်ဆံအလား၊ သံပါတ်ပေးထားသော စက်ရုပ်တစ်ရုပ်လို အချိန်တန်ရင်ရပ်တန့်သွားမည်ဖြစ်ပြီး၊ အချိန်မရွေးပေါက်ကွဲနိုင်သော ချိန်ကိုက်ဗုံးတစ်ခုလို ယုံကြည်သူများအတွက်အင်မတန်မှ အန္တရာယ်များလှပေသည်။ (J)ဝင်ခြင်းသည် (A) ကိုက်ခြင်းထက် သာ၍သာ၍ ကြောက်စရာကောင်းသောကြောင့် မနာလိုခြင်းဟူသောအရာကို မိမိတို့၏အသက်တာတွင် ဖယ်ရှားကာ (J for JESUS) သာဖြစ်ကြပါစို့ဟု အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet