November 26, 2026

ဘယ်​နေရာမှာဖြစ်​စေ

ကျွန်​တော်တို့​တွေရဲ့ အမြင်မှာ အမှု​တော်​ဆောင်မှ မြင့်မြတ်တာ ၊ ဘုရားအလုပ်လုပ်မှ သန့်ရှင်းတာ လို့ထင်တတ်ကြပါတယ်။ ​လောကအလုပ်​တွေက စာတန်အလုပ်​တွေ ၊ မတရား​သောအမှု ၊ ​ငွေ​တွေက မသန့်ရှင်းဘူး ၊ စီးပွား​ရေးလုပ်တာ ဘုရားအလို​တော်မဟုတ်ဘူး ၊ အလုပ်လုပ်ခြင်း​တွေကို အမှု​တော်​ဆောင်လို မသန့်ရှင်းဘူးလို့ထင်တတ်ကြတယ်။

တကယ်​တော့ မဟုတ်ပါဘူး။ သင်နဲ့ကျွန်ုပ်အတွက် ဘုရားသခင်ရဲ့ ​ခေါ်ခြင်းကဘာလဲဆိုတာကသာ အ​ရေးကြီးတာပါ။ လူ​တွေအားလုံးက အမှု​တော်​ဆောင်​တွေပဲဆိုရင် ဘယ်သူသီဆိုမလဲ ၊ ဘယ်သူဂီတာတီးပြီးဘယ်သူကကီးဘုတ်တီးမှာလဲ ၊ ဘယ်သူကတခြားကိစ္စ​တွေလုပ်မလဲ။
အရာအားလုံးက တညီတညွတ်တည်းပြူစုကြတယ်ဆိုတာကို မ​မေ့ကြဖို့လိုပါတယ်။ 

ဧဖက်ဩဝါဒစာ ၆:၇
လူ၏အစေကိုသာ ခံသကဲ့သို့မဟုတ်၊ သခင်ဘုရား၏ အစေကို ခံသကဲ့သို့ ကြည်ညိုသော သဘောနှင့် အစေကိုခံကြလော့။

မိမိဟာ လူရဲ့အလုပ်​တွေကို လုပ်​နေတာလို့မခံယူဘဲ ဘုရားသခင်ရဲ့အလုပ်ကိုအ​စေခံ ​နောတာပါလို့ ခံယူရင်း ၊ ဘုရားဘုန်း​တော်ကိုထင်ရှား​သောသူ​တွေဖြစ်​စေရမှာဖြစ်ပါတယ်။ အမှန်က​တော့ ​လောကမှာလုပ်​နေကြတဲ့ တံစိုးစားခြင်း​တွေ ၊ မတရား​သောစီးပွား​တွေ နဲ့ အခြား​သောအလုပ်လုပ်ခြင်း​တွေကိုမြင်မိတဲ့အတွက် မသန့်ရှင်းဘူးလိုထင်မိကြတာဖြစ်ပါတယ်။ သို့​သော် ယုံကြည်သူတစ်​ယောက်ရဲ့ စီးပွား​ရေးလုပ်ငန်း ၊ ​ဈေး​ရောင်းတာဖြစ်​စေ ၊ အလုပ်သမားဝန်ထမ်းပဲဖြစ်​စေ ၊ သန့်ရှင်း​ရေးပဲလုပ်ပါ​စေ ၊ အိမ်အကူဖြစ်​စေဦး​တော့ ပုံသက်​သေ​ကောင်းနဲ့ အသက်ရှင်ပြီး ဘုရားသခင်ရဲ့ဘုန်း​တော်ကို​ထောက်လျှက် သန့်ရှင်း​ဖြောင့်မတ်စွာ သစ္စာရှိပြီး ​မေတ္တာနဲ့သာ​လုပ်​ဆောင်​သောသူ​တွေဖြစ်မယ်ဆိုရင် ဒါဟာဘုရားသခင်မကြိုက်ဘူးလို့ သင်မြင်မိဦးပါ့မလား။ စား​သော်၎င်း ​သောက်​သော်၎င်း အဘယ်အမှုကိုမဆိုပြ​နေပါ​စေ ဘုရားသခင်ရဲ့ဘုန်း​တော်ကို​ထောက်၍ ပြုလုပ်​နေခြင်း​တွေဟာ ဘုရားနှစ်သက်မည်မဟုတ်ပါလား။

အပြင်အလုပ်ကို လုပ်​နေရင်းနဲ့ အခြား​သောသူ​တွေနဲ့ မိသဟာရဖွဲ့လို့ရမယ် ၊ ​ဝေမျှသက်​သေခံနိုင်တယ် ၊ စီးပွား​ရေးကို ​ဖြောင့်မတ်စွာလုပ်မယ် ၊ သူတပါးကသင့်ရဲ့ ​ဖြောင့်မတ်စွာပြုခြင်း​ကြောင့် ဘုရားကိုသိမှတ်မယ် ဘုရားကိုမြင်​စေမယ်။ ကိုယ်က အလုပ်ရှင်ဆိုရင် အလုပ်သမား​တွေကို လစာမှန်မှန်​ပေးမယ် ၊ ယုံကြည်သူ​တွေကို ကျမ်းစာသင်တန်း​ခေါ်​ပေးနိုင်မယ် ၊ သမ္မာတရားနဲ့အသက်ရှင်တတ်​အောင်တည်​ဆောက်​ပေးနိုင်သလို သူတပါးကိုလဲ ဧဝံ​ဂေလိ​ပြောနိုင်မယ်။ အသင်း​တော်​တွေ အမှု​တော်မြတ်​တွေအတွက် ​ကောင်းစွာပါဝင်​ထောက်ပံ့နိုင်မှာဖြစ်တယ်။ လိုအပ်တဲ့​နေရာ​တွေ ၊ မုဆိုးမ​တွေ ၊ အားနည်း​သောသူ​တွေ အစရှိသဖြင့် ပါဝင်​ပေးလှူနိုင်တယ်။ ဒါဟာယုံကြည်သူတစ်​ယောက်ရဲ့ ဘယ်​နေရာမှာမဆို အမှု​တော်မြတ်အတွက်ပါဝင် နိုင်ခြင်းပင်။

ဓမ္မရာဇဝင် စတုတ္ထစောင် ၅:၃
ထိုကျွန်မကလည်း၊ ကျွန်မသခင်သည် ရှမာရိမြို့၌ရှိသော ပရောဖက်ထံသို့ ရောက်ပါစေသော။ ထိုပရောဖက်သည် သခင်၌စွဲသောနူနာကို ပျောက်စေလိမ့်မည်ဟု မိမိသခင်မအားဆို၏။

​သက်ဦးစံပိုင်ဘုရင်​ခေတ် ၊ ကျွန်စနစ်အချိန်​တွေဟာ ကျွန်​တွေရဲ့​ ပြောပိုင်ခွင့် လုံးဝလုံးဝမရှိပါ။ သခင်မကြိုက်ရင် ​သေနိုင်ပါတယ်။ ဗိုလ်ချုပ်​နေမာန်အိမ်မှ အခိုင်းအ​စေ ကျွန်မ​လေးဟာ က္ကုသ​​ရေလပြည်က​နေ ဖမ်းခဲ့တဲ့ကျွန်ဖြစ်တယ်။ နေမာန်ကြီးနူနာစွဲတဲ့အခါမှာ ရှမာရိမှာရှိတဲ့ ပ​ရောဖက်ဆီ​ရောက်​အောင်သွားရင် သူ့အနာ​ပျောက်မယ်လို့ သူ့ရဲ့ သခင်မကို ​ပြောတယ်ဆိုတာ​တွေ့ရတယ်။ ကျွန်ဖြစ်​သော်လဲ သခင်ရဲ့အကျိုးကိုသာလိုလားတယ် မိမိရဲ့​လျှောက်တင်ချက်ကို သခင်စိတ်တိုင်မကျလို့ရှိရင် သူ့​အတွက် အန္တရာယ်ရှိ​သော်လည်း ဘုရားလူဆီ​ရောက်​အောင် ​ပြော​ပေးတယ်ဆိုတာကို​တွေ့ရပါတယ်။ မိမိအလုပ်ရှင် အ​ပေါ်ထားတဲ့​မေတ္တာ​စေတနာ ၊ သခင်ကို​နူနာပျောက်ကင်း​စေချင်တဲသ​ဘော ၊ ဘုရားလူဆီ​ရောက်ရင်​ပျောက်မယ်ဆို​သော ယုံကြည်ခြင်း စသဖြင့်မြင်ရပါတယ်။

သူဘာလို့ကျွန်ဘဝ ​ရောက်​နေလဲဆိုတာ ဘုရားကိုမ​မေးဘူး။ ကျွန်ဘဝ​ရောက်​နေ​သော်လည်း သူ့သခင်ကိုမြည်းစမ်း​စေဖို့ အမှု​တော်မြတ်မှာ ပါဝင်ခဲ့တာကို​တွေ့ရပါတယ်။ ဒါ့​ကြောင့်ကျွန်အဖြစ်နဲ့ သူ့ကိုထားထားတာဟာ အ​ကြောင်းရှိတယ်ဆိုတာကို သူ​ကောင်းစွာနားလည်ခဲ့တယ်။ ဒီလိုပဲ ဘယ်​နေရာ ဘာအလုပ်ဖြစ်​နေလို့ ဆိုတာအ​ရေးမကြီးဘူး ၊ ဘယ်အလုပ်ကိုလုပ်​နေတာလဲဆိုတာဟာ ဘုရားထားတဲ့​နေရာလားဆိုတာနဲ့ ဘုရားသခင်အလို​တော်နဲ့အညီလုပ်​ဆောင်သလား ၊ ဘုရားသခင်နှစ်သက်​သောအမှုကိုပြု​နေသလားဆိုတာကသာ အ​ရေးကြီးတယ်ဆိုတာပဲဖြစ်ပါတယ်။ ကျွန်မ​လေးကဲ့သို့ ရှိတဲ့​နေရာမှာ ​ကောင်းစွာ ပါဝင်ဆပ်ကပ်နိုင်​ကြောင်းကို ​သေချာသ​ဘော​ပေါက်မယ်ဆိုရင် ​လောကအလုပ် ညစ်ညူး​သောအလုပ် မသန့်ရှင်းပါဘူးလို့ဆိုနိုင်ပါဦးမလား။

ကျွန်​တော်တို့သည်လဲ မိမိရဲ့လက်ရှိ ရှိတဲ့​နေရာမှာ အမှု​တော်မြတ်အတွက် ၊ ​ပျောက်ဆုံးဝိညာဥ်အတွက် ၊ ဧဝံ​​ဂေလိသတင်း​ကောင်းစကားအတွက် ၊ လူ​တွေအတွက် ၊ ဘုရားသခင်ရဲ့နိုင်ငံ​တော်အတွက် စသဖြင့် သစ္စာရှိစွာပါဝင်ကြဖို့လိုအပ်တယ်ဆိုတာကိုနားလည်ရပါတယ်။ ဒါ့​ကြောင့် ဘယ်​နေရာမှာဖြစ်​စေ ဘုရားသခင်နှစ်သက်​သောအမှုကိုပါဝင်နိုင်တယ် ၊ သင့်ရဲ့ရှိ​နေတဲ့​နေရာဟာ သင့်ရဲ့အမှု​တော်​ဆောင်ရာ ​နေရာတစ်ခုပဲဆိုတာကို​ ကောင်း
​ကောင်းသ​ဘော​ပေါက်​စေဖို့ ဘုရားရှင်သင့်ကိုစကား​ပြောပါ​စေ။

ရောမဩဝါဒစာ ၈:၂၈
ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Previous Next