November 26, 2026

သင်ဘာစကား​ပြောသလဲ

နှုတ်​ကြောင့်​သေ လက်​ကြောင့်​ကြေဟူ​သော စကားပုံ​လေးတစ်ခုကို ကြားခဲ့ဖူးသည်။ ဘာရယ်မဟုတ်ဘူး ​ပြောလိုက်တဲ့ စကား​လေးတစ်ခွန်း​ကြောင့် တဖက်လူ စိတ်​မ​ကောင်းဖြစ်ရတယ်၊ နာကျဥ်ရတယ်၊ ငို​ကြွေးရတယ်၊ ဘဝပျက်​လောက်​အောင်ဖြစ်ရတယ် စသဖြင့် စကားတစ်ခွန်း​အားဖြင့်​သာ ထိခိုက်ရခြင်းမျိုးဖြစ်ကြသည်။

ကျွန်​တော်တို့ ယုံကြည်သူခရစ်ယာန်များ၏ နှုတ်မှ​ရော မည်သည့်အရာထွက်သနည်း။ ဘုရားသခင်ကို ချီးမွမ်း​တော့လဲ ဒီနှုတ်လျှာပါးစပ်ပဲ၊ သူတပါးကို ​ပြောဆို၊ ​အော်ဟစ်ဆဲ၊ အတင်းတုတ်​တော့လဲ ဒီနှုတ်လျှာပါးစပ်ပဲ၊ ဆင်ခြင်ကြည့်လျှင် အင်မတန်မှ စိတ်မ​ကောင်းစရာပင်။ 
​ကောင်းကြီး​ပေးလဲ ဒီနှုတ်ကပဲ၊ ဝါကြွား​​​မောက်မာပြန်​တော့လဲ ဒီလျှာကပဲ ဆို​တော့က မည်မျှ အညစ်အ​ကြေးနှင့်ပြည့်​သော နှုတ်ဖြစ်​နေမည်နည်း။

ရှင်ယာကုပ်ဩဝါဒစာ ၃:၉-၁၀
ငါတို့သည်လျှာဖြင့် ခမည်းတော်ဘုရားသခင်ကို ကောင်းကြီးပေးတတ်ကြ၏။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီဖန်ဆင်းသော လူတို့ကို လျှာဖြင့်ကျိန်ဆဲတတ်ကြ၏။
နှုတ်တပါးတည်းအထဲက၊ ထောမနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်းထွက်တတ်ပါသည်တကား၊ ငါ့ညီအစ်ကိုတို့၊ ထိုသို့မဖြစ်ကောင်းရာ။

မိမိ၏ လျှာသည် ​သေးငယ်​သော်လည်း လူတကိုယ်လုံးညစ်ညူး​စေနိုင်သည်။ သူတပါးကိုလဲ နာကျဥ်​စေနိုင်သည်၊ နှုတ်ဖြင့် သူတပါးကိုသတ်ပစ်နိုင်သည်။ မိမိ၏ နှုတ်ကို သတိပြုရမည်၊ ယုံကြည်သူခရစ်ယာန်တိုင်းသည် မိမိ၏ လျှာကို ဆင်ခြင်ရမည်ဖြစ်သည်။ ပန်းသီးပင်မှ ပန်းသီးသာသီးသည် စပျစ်သီးနှင့်​ရော၍ မသီးသလို စပါးစိုက်ရာမှ ကျွဲ​ကောသီးရိတ်သိမ်းရခြင်းဟူ၍ မရှိ​ပေ။ ဒါ့​ကြောင့် ကျွန်​တော်တို့ ယုံကြည်သူ​တွေရဲ့ နှုတ်လျှာပါးစပ်သည် ​ဘာစကားသာထွက်သင့်သနည်း။ ယုံကြည်သူခရစ်ယာန်များ၏ စကားတစ်ခွန်းစီ တစ်ခွန်းစီတိုင်းသည် သူတပါးအား သန်လျက်နှင့်ထိုးသလို နာကျဥ်​အောင်၊ ထိခိုက်နစ်နာ​အောင် ခနဲ့သလို၊ ယိသလို စသဖြင့် ​ပြောတတ်​သောသူများမဖြစ်​စေဖို့နှင့် သူတပါး၏ သက်သာခြင်း၊ ဝမ်း​မြောက်ခြင်း၊ အား​ဖြစ်​စေခြင်း၊ အသက်လမ်းကိုညွှန်ပြခြင်း စသဖြင့်သာ ​ယေရှုခရစ်​တော်၏ အသက်ရှင်ခြင်း လက္ခဏာပြတတ်​သောသူ​တွေဖြစ်​စေကြဖို့ရာ အနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next