November 26, 2026

သင်​သေသွား​သော်

သမ္မာကျမ်းစာထဲတွင် ​ဖော်ပြ​သော သူ​ဌေးကြီးတစ်​ယောက်အ​ကြောင်းကို အနည်းငယ်ဆင်ခြင်ကြည့်ရ​အောင် ... သူက အသီးအနှံ​တွေလည်း​ပေါများကြွယ်ဝသူဖြစ်တယ်။ များလွန်းသည့်အတွက်​ကြောင့်လည်း သိုထားစရာ​နေရာပင်မရှိ​သည့်အတွက် သူ၏တိုက်​များကိုဖျက်ကာ သာ၍ကျယ်ဝန်း​သောတိုက်များကို​ဆောက်လုပ်လျှက် ပစ္စည်းဥစ္စာများကို သို​လှောင်ထား​လေသည်။ 

သူ​ဌေးကလည်း အင်မတန်အားရ​ကျေနပ်လျှက်ရှိ​နေ​​လေသည်။ ထို့​ကြောင့် သူက​တော့ ​အေး​အေး​ဆေး​ဆေး ​နေနိုင်စားနိုင်ပြီ၊ မပူမပင်ရ​တော့ဘူး၊ သူ၏ဝိညာဥ်​ကောင်းစားလျှက်​နေရပါပြီဟု ထင်​နေဟန်ရှိ​လေသည်။ ထို့​ကြောင့်လည်း စား​သောက်​ခြင်း၊ ​ပျော်​မွေ့ခြင်းသာ လုပ်​ဆောင်ရန် အကြံအစည်ရှိသည်မဟုတ်ပါလား။ 

ထိုသူ​ဌေးကဲ့သို့ ကျွန်​တော်တို့လည်း ဖြစ်တတ်ကြသည်။ မိမိတို့၏ အသက်ရှင်ခြင်းကို ပစ္စည်းဥစ္စာသာ အဓိကထားခြင်း၊ စား​သောက်ခြင်း၊ ​ပျော်​မွေ့ခြင်း​တွေကိုသာ အဓိကထားခြင်း၊ မိမိ၏ ဘုန်းတန်ခိုးကြီးထွားခြင်းအတွက်သာ အဓိကထားခြင်း၊ မိမိ၏ ဂုဏ်ဓန၊ မိမိ၏ အာဏာကိုသာ အဓိကထားခြင်းများလည်း ရှိတတ်ကြသည်။ ထိုသို့ မိမိလိုချင်သည့် ကြွယ်ဝခြင်း၊ ဂုဏ်ဒြပ်​တွေ၊ အာဏာ​တွေ ပါဝါ​တွေရပြီဆိုရင် ပြီး​ရောဆိုပြီး ကြံစည်လုပ်​​ဆောင်လျှက် ​အေး​အေး​ဆေး​ဆေး​နေ​တော့မည့် သူ​​ဌေးကြီးကဲ့သို့ စိတ်ကူး​နေမိသလား။ မိတ်​ဆွေသာ ထိုသို့​သော လူမျိုးထဲတွင်ပါ​နေလျှင် ယ​နေ့​နောင်တရပါ။ 

ရှင်လုကာခရစ်ဝင် ၁၂:၁၉
ငါ့ဝိညာဉ်အားလည်း၊ အချင်းဝိညာဉ်၊ သင်သည် နှစ်ပေါင်းများစွာသုံးဆောင်ရန် ဥစ္စာများကို သိုထားလျက်ရှိပြီ။ ငြိမ်ဝပ်စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြုလော့။ ငါပြောမည်ဟု သူဌေးအကြံရှိ၏။ 

သို့​သော် ထိုသူ​ဌေးကြီး၏ အားကိုးရာဖြစ်​သော စားစရာ၊ ပစ္စည်းဥစ္စာတို့သည် သူ၏ အသက်ဝိညာဥ်ကို​တော့ မ​ရွေးနှုတ်နိုင်ခဲ့ပါဘူး။ အားလုံးသိကြတဲ့အတိုင်းပါပဲ ထိုသူကို ဘုရားသခင်က "အချင်းလူမိုက်" ဟု​ခေါ်ဆိုခဲ့ပါတယ်။ မင်းရဲ့ဝိညာဥ်ကို ယ​နေ့မှာပဲ ရုတ်သိမ်းမယ်ဆိုရင် မင်းအခုပိုင်တဲ့အရာ​တွေကို ဘယ်သူပိုင်မလဲဆိုသည့် ​မေးခွန်းတစ်ခွန်းတည်းနဲ့ သူ​ဌေးကြီး နှုတ်ဆိတ်သွားခဲ့ပါတယ်။ ရှင်းရှင်း​ပြောရရင်ဖြင့် "မင်း ဒီ​နေ့​သေမယ်ဆိုရင်" ..... ကဲမိတ်​ဆွေ သင့်ရဲ့ ပိုင်ဆိုင်မှု၊ သင့်ရဲ့ ဂုဏ်ဓန၊ သင့်ရဲ့ ​အာဏာ၊ လောကအရာ​တွေက သင့်ရဲ့ အသက်ဝိညာဥ်ကို ကယ်နိုင်ပါရဲ့လား ..... ဒီလိုမျိုး ကိုယ်ကျိုးသာ​ရှေးရှုပြီး ကိုယ့်အဖို့သာလုပ်​​ဆောင်သူ ကိုယ်ဘဏ္ဍာများကိုသာ ဆည်းပူး​သောသူသည် ဘုရားသခင်​ရှေ့တွင် ဆင်းရဲ​သောသူဖြစ်သည်ဟု ဆိုထားသည်ကိုလည်း​ တွေ့ရ​ပေသည်မဟုတ်ပါလား။ 

ရှင်လုကာခရစ်ဝင် ၁၂:၂၀
ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညဉ့်ပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာ အချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေး အား မိန့်တော်မူ၏။ 

သူ​ဌေးကြီးက​​တော့ သူ့ရဲ့ ပစ္စည်းဥစ္စာကိုသာ ဖက်တွယ်ခဲ့တယ်။ ယ​နေ့မှာ သင်​ရော ဘယ်အရာကို ဖက်တွယ်​နေမိသလဲ။ သူ​ဌေးကြီးက​​တော့ သူ့ရဲ့ပိုင်ဆိုင်မှုနဲ့ ထိုအရာ​တွေရှိလျှင် သက်​တောင့်သက်သာ ​နေနိုင်ပြီဟုထင်ခဲ့တယ် သို့​သော် သူ့ရဲ့အသက်ဝိညာဥ်ကို မပိုင်တာကို​တော့ သူ​မေ့သွားခဲ့တယ်။ သင်​​ရော ချမ်းသာရင်ပြီး​ရောလား၊ ဂုဏ်ရှိရင်ရပြီလား၊ ကြွယ်ဝရင် အဆင်​ပြေပြီလား၊ အာဏာရှိရင်ရပြီလို့ ထင်​နေမိပါသလား။ ဒါ့​ကြောင့် မိတ်​ဆွေ ယ​နေ့မှာ သင်​သေသွားရင် သင့်ရဲ့ဝိညာဥ် ဘယ်ကိုခရီးဆက်မလဲဆိုတာကို ​အေး​ဆေးစွာ အ​ဖြေရှာနိုင်ပါ​စေ။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။ 

#Titus_KyawNyi 

Photo Crd: Internet

Previous Next