November 26, 2026

စစ်မှန်​သော​နောင်တနှင့်ပြန်လာပါ

မမှား​သော​ရှေ့​နေ မ​သေ​သော​ဆေးသမား ဆိုတဲ့စကားအတိုင်း ကျွန်​တော်တို့​တွေအသက်ရှင်​နေထိုင်လာတဲ့ ကာလတစ်​လျှောက်မှာ မမှားဖူး​သောသူရယ်လို့ ရှိမှာမဟုတ်ပါ။ မှားတဲ့အမှား​ပေါ် မူတည်၍ ပြန်လည်​ပေးဆပ်ရတဲ့ အဖိုးအခက​တော့ရှိတာ​ပေါ့။ ဒီလိုအမှား​တွေက​နေ ပြန်လှည့်နိုင်ဖို့ရာလဲလိုပါတယ်။ ​

ယေရမိအကြိမ်ကြိမ်သတိ​ပေး​နေ​ခဲ့ပေမယ့် ပြန်လှည့်လာဖို့ရာ စစ်မှန်တဲ့​နောင်တမရခဲ့​သော​ကြောင့် က္ကုသ​ရေလ​လူမျိုးတွေ ပျက်ဆီးဆုံးရှုံးခြင်း​တွေကို ကြုံ​တွေ့ခံစားခဲ့ရတာကို​တွေ့ရပါတယ်။ မိမိတို့ရဲ့အမှားကို စစ်​မှန်​သော​နောင်တရ၍ ပြန်လည်ဝန်ချ​တောင်းပန်ဖို့​နေ​နေသာသာ မှားယွင်း​သောကိုးကွယ်ခြင်း ၊ ဗာလဘုရား ဘာဘုရားညာဘုရား​တွေကိုသာ အားကိုးခြင်း​တွေ ၊ ​သစ္စာမရှိ​ဖောက်ပြန်လွဲမှားခြင်း ၊ အ​ပေါ်ယံယဇ်ပူ​ဇော်ခြင်း ဘာသာ​ရေးသ​ဘောသာရှိ၍ နှလုံးသားမပါ​သောကိုးကွယ်ခြင်း အတုအ​ယောင်​တွေ​သာရှိခဲ့ပြီး ​နောင်တမရခဲ့​​သော​ကြောင့် အဖိုးအခကြီးစွာ​ပေးခဲ့ရတယ်။

​ပျောက်​သောသားသည် အ​ဖေဆီမှ အ​မွေ​တောင်း၍ အိမ်မှထွက်သွားသည်။ သူဟာ သုံးဖြုန်း စား​သောက်၍ ဥစ္စာကုန်သွားပါတယ် အဲ့ဒီအချိန် သူ​နေတဲ့ပြည်မှာ အစာ​​ရေစာအရမ်းကိုခေါင်းပါးခြင်းဖြစ်တယ်။ အရမ်းဆင်းရဲသွားတဲ့အတွက်​ကြောင့် သူများအိမ်မှာ အ​စေခံလုပ်ရပါတယ်။ ဝက်​ကိုကျောင်း​နေရင်းရဲ့ ​နောက်ဆုံးမှာ ဆာလွန်းလို့ ဝက်စားတဲ့အစာကို စားချင်တဲ့အထိ မွတ်သိပ်ခြင်း​ကိုခံစားရ​လောက်​အောင် ဘယ်သူမှအစာမ​ကျွေးဘူးဆိုတာကို​တွေ့ရတယ်။ ငါ့အ​ဖေအိမ်မှာ အလုပ်လုပ်သူ​တွေကို​တောင် ဝ​အောင်​ကျွေးတယ် ငါကဒီမှာ ​သေ​အောင်အငတ်ခံ​နေရတယ်ဆိုပြီးစဥ်းစားမိတယ်။ 

ရှင်လုကာခရစ်ဝင် ၁၅:၁၈
ငါထ၍ အဘထံသို့ သွားမည်။ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကို၎င်း၊ ကိုယ်တော်ကို၎င်း ပြစ်မှားပါပြီ။

​ပျောက်​သောသားဟာ ကိုယ့်အမှားကိုပြန်သုံးသပ်မိသလို တကယ်စစ်မှန်တဲ့​နောင်တရတယ်ဆိုတာကို​​တွေ့ရပါတယ်။ သူ့အိမ်ကိုပြန်သွားတဲ့အခါမှာ ခရီးတဝက်က​နေပြန်လှည့်ခြင်းမျိုးမရှိ​ပေ။ တကယ်အ​ဖေ့အိမ်ကို​ ရောက်​အောင်သွားတယ် ​နောက်ပြန်မလှည့်ဘူး မှား​ကြောင်းကိုတကယ်​နောင်တရတယ်ဆိုတာကိုနားလည်ရပါတယ်။ အ​ဖေလုပ်တဲ့သူကလည်း ​အ​ဝေးက​နေပြီး​တောင် သားငယ်ကိုမြင်တယ်ဆိုတာ​​ဖော်ပြထား​သော​ကြောင့် ဖခင်၏သားငယ်အား ​နောင်တရ၍ပြန်လာ​စေရန် ​မျှော်လင့်​နေတယ်ဆိုတာကို​နားလည်သ​ဘော​ပေါက်ရပါတယ်။ ဖခင်၏​မေတ္တာတရား​ပေါ့။

သူ့ရဲ့စစ်မှန်တဲ့​နောင်တကိုအ​ဖေက အသိအမှတ်ပြုတယ်ဆိုတာကို​တွေ့ရသလို သူ့ရည်ရွယ်ချက်က သူငှား(အလုပ်သမား)ပဲလုပ်မယ် ဆို​ပေမယ့် သားအရိုက်အရာကိုပြန်​ရတယ်ဆိုတာကို​တွေ့ရ​သော​ကြောင့် ဖခင်၏​မေတ္တာကို​ပေါ်လွင်စွာ မြင်ရပါတယ်။ ထိုဖခင်က သား၏အပြစ်ကို ခွင့်လွှတ်သလို သားလုပ်သူ၏အပြင်၌ ခံခဲ့ရ​သော ငတ်မွတ်ခြင်း ပင်ပန်းဆင်းရဲခြင်း ငို​ကြွေးရခြင်း​တွေအတွက် မျက်ရည်ကိုသုတ်​ပေးလျှက် ​စောင့်ကြို​နေတယ်ဆိုတာကိုနားလည်ရပါတယ်။

​ပျောက်​သောသားဟာ​နောက်တစ်ခါ အိမ်မှထပ်မထွက်သွားပါဘူး။ စစ်မှန်​သော​နောင်တဆိုတာကို​တွေ့ရပါတယ်။ ကျွန်​တော်တို့​တွေ​ရော စစ်မှန်​သော​နောင်တနဲ့ ဘုရားသခင်ထံ တိုးဝင်ဖို့လိုပါတယ်။ မှားလိုက် ​နောင်တရလိုက် ပြန်​တောင်းပန်လိုက် ပြန်မှားလိုက်များဖြစ်​နေသလား ၊ ​စစ်မှန်​သောနောင်တလား သံ​ဝေဂလားဆိုတာကို ဆင်ခြင်ကြရပါမယ်။ သားလုပ်တဲ့သူက စစ်မှန်​သော​နောင်တရတယ် အ​ဖေလုပ်သူက ကြိုဆိုတယ်ဆိုတာ​တောင်မှ အ​ဖေနဲ့ဘုရားသခင်ကို သားပြစ်မှားမိပြီဆို​သော ​ဝန်ချတောင်းပန်ခြင်းကို​ သေချာမြင်​တွေ့ရပါတယ်။ သားအဖရဲ့ (​တော်စပ်မှု) Relationship ကို​တွေ့ရပါတယ်။ ကျွန်​တော်တို့လဲ ​စစ်မှန်​သောနောင်တနဲ့ ​ဝန်ချ​တောင်းပန်ရဲ​သော သတ္တိရှိရပါမယ် ၊ လူကို​​တောင် ​ဆောရီး​ပြောကြ​သေးတာပဲ ဘုရားသခင်ကိုမိမိရဲ့ အမှားအတွက် ဘာမ​တောင်းပန်ရဲစရာရှိမလဲ။ ကိုယ်ကအမှားလုပ်ပြီး ဘုရားအ​ပေါ်အ​ကြောကြီးနဲ့ ငါဘာလုပ်လုပ်ခွင့်လွှတ်တယ် ဆို​သော အရာသည် ​သေချာ​တွေးကြည့်ရင်လူပါးဝလွန်း​ပေသည်။ ကြိုက်သ​လောက်မှားပါ​စေ ဝန်ချစရာမလိုဟုဆိုခြင်းသည် ​အင်မတန်ကြောက်စရာ​ကောင်း​သော မှားယွင်းတဲ့သွန်သင်ချက်ဖြစ်​ပေ​သော​ကြောင့် ​သတိထားဆင်ခြင်သင့်​ပေသည်။

အချုပ်အားဖြင့်ဆို​သော် ဘုရားသခင်သည် လူအ​ပေါင်းကို စစ်မှန်​သော​နောင်တရလျှက် ​သူ့ထံပြန်လာ​စေချင်​သော​ကြောင့် ​စောင့်ကြို​နေပါသည်။ ကျွန်​တော်တို့ အိမ်​ပြေးဖြစ်ခဲ့စဥ် ငို​ကြွေးခဲ့ရ​သောမျက်ရည်များကို ဘုရားသခင်သုတ်​ပေးမှာဖြစ်ပြီး သားအရာကို​ပေးဖို့ရာ ကြိုဆို​​နေပါတယ်။ ကယ်တင်ခြင်းသည် စစ်မှန်​သော​နောင်တရရန် လိုအပ်သလို မျက်ရည်များသည်လည်း ဘုရားသခင် သုတ်​ပေးမှသာလျှင် နာကျင်မှုကို​မေ့​စေတယ်လို့ အနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။

ရှင်လုကာခရစ်ဝင် ၁၅:၃၂
သင်၏ညီမူကား အထက်ကသေ၏။ ယခုရှင်ပြန်၏။ အထက်ကပျောက်၏။ ယခုတွေ့ပြန်၏။ ထိုကြောင့် ပျော်မွေ့ဝမ်းမြောက်စရာအကြောင်းရှိ၏။ အဘဆိုသည်ဟု မိန့်တော်မူ၏။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Previous Next