ပြေးထွက်ခဲ့ပါ

ယောသပ်သည် ပေါတိဖာ အမတ်အိမ်တွင် ကျွန်အဖြစ်ရောင်းစားခြင်းကို ခံခဲ့ရသော်လည်း ဘုရားသခင်သည် သူနှင့်အတူရှိသောကြောင့် မျက်နှာသာရသည်။ အိမ်အုပ်အရာကို သူရရှိခဲ့ပါတယ်၊ ယောသပ်သည် အသွေးအဆင်း အလွန်ချောမောလှပသော လူငယ်တစ်ယောက်ဖြစ်သည်။ ထိုအရာသည် သူ၏ အားသာချက်တစ်ခုဟု ဆိုချင်ဆိုနိုင်သည်။
ကမ္ဘာဦးကျမ်း ၃၉:၁၂
သခင်မက ငါနှင့်အတူအိပ်ပါဟုဆိုလျက်၊ ယောသပ်အဝတ်ကိုကိုင်ဆွဲလျှင်၊ ယောသပ်သည် မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးလေ၏။
တခါတလေမှာတော့ ထိုအားသာချက်သည် မိမိ၏ အားနည်းချက်အဖြစ် ပြောင်းသွားတတ်သည်။ ထိုချောမောလှပသော လူငယ်ဖြစ်တဲ့ ယောသပ်ကို ပေါတိဖာ၏ အမျိုးသမီးသည် မျက်စိကျနေသည်။ ခဏခဏ သွေးဆောင်လေရဲ့၊ အကြိမ်ကြိမ်ငြင်းဆိုခဲ့သော်လည်း တစ်နေ့မှာတော့ သခင်မ၏ အကြံအစည်ကို သူမသိခဲ့ပေ။
ထိုနေရာ၌ ယောကျ်ားများမရှိသော အချိန်တစ်ချိန်တွင် ယောသပ်အား မိမိနှင့်အတူအိပ်ရန် ခေါ်၍ ယောသပ်၏ အဝတ်ကိုဆွဲသောကြောင့် သူထွက်ပြေးခဲ့သည်၊ အဝတ်ကျန်ခဲ့ပြီး သူမ၏ ကလိမ်ကကျစ်ကျ၍ အော်သောကြောင့် အထင်လွဲကာ ထောင်နန်းစံရလေသည်။
ကျွန်တော်တို့ လောကမှာ အသက်ရှင်နေရချိန်မှာလဲ သွေးဆောင်မှုများစွာရှိပါတယ်၊ ကြုံတွေ့ရတတ်ပါတယ်။ အချို့အချိန်တွေမှာတော့ ရှင်းပြနိုင်ပါတယ်၊ ဆုတောင်းနိုင်ပါတယ်။ ဥပမာကြည့်ရရင် ယောသပ်သည် သခင်မ၏ သွေးဆောင်ခြင်းကို ရှင်းပြခဲ့သည်ကို မြင်တွေ့ရမည်။
သတိထားစရာတစ်ခုသည် ပညတ်ချက်တွေမရှိသေးသော အချိန်ကာလဖြစ်တယ်၊ ဒါကို သခင်မနဲ့အတူအိပ်ခြင်းသည် ဘာဖြစ်လို့ ဘုရားသခင်ကို ပြစ်မှားရာရောက်စေတယ်ဟု သူဆိုတာဖြစ်မလဲ။ တနည်းဆိုရရင် သခင်မနဲ့အိပ်ရင် ဒုတိယယောကျ်ားဖြစ်မည်၊ သက်သာစွာနေရမည်၊ စသဖြင့်ရှိပေမယ့် ဘုရားကိုပြစ်မှားစေတယ်ဟုဆိုခဲ့တယ်။
ဒီလိုပါပဲ ထွက်ပြေးရမယ့် အချိန်ကာလဆိုတာလဲ ရှိတယ်ဆိုတာကို နားလည်ရပါတယ်။ တခါတလေ ကျွန်တော်တို့ ငြင်းဆိုလို့မရနိုင်တဲ့ အချိန်တွေကြုံလာခဲ့ရင် ထွက်ပြေးခဲ့ပါ။ ယောသပ်သာ ထိုအချိန်မှာ ဆုတောင်းနေမယ်၊ ဆက်စကားပြောနေမိရင်တော့ သွေးဆောင်မှုမှာ ကျရှုံးနိုင်ချေရှိပါတယ်။
ဒါ့ကြောင့် လောကမှာ အသက်ရှင်နေထိုင်သော ကျွန်တော်တို့ ယုံကြည်သူတွေသည် သွေးဆောင်ခြင်းတွေ အမျိုးမျိုးကို ကြုံတွေ့ရနိုင်ပါတယ်။ ထိုအချိန်အခါမျိုးမှာ မည်သည့်အချိန်တွင် မည်သို့လုပ်ရမည်ကို သိရှိထားရန်လိုအပ်သလို၊ ထွက်ပြေးရမယ့် အချိန်မှာ ထွက်ပြေးရန် အဆင်သင့်ဖြစ်ပါစေ၊ နောက်ပြန်မလှည့်သော သူများဖြစ်စေကာ ဘုရားသခင်ကို အဘယ့်ကြောင့် ပြစ်မှားစေမှာလဲ ဆိုသောအရာကို သိမှတ်၍ မည်သည့် ပြဿနာမျိုးကိုမဆို ကြုံတွေ့ရပါစေ ပြေးထွက်ခဲ့ပါဟု အနည်းငယ် တိုက်တွန်း ခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet