November 26, 2026

The Blood Of Jesus Christ

"သင့်​သွေးဖြင့် အသက်ကယ်ပါ" ဆိုတဲ့ စာသား​လေးကို ကြားဖူးကြမယ် ထင်ပါတယ်။ တချို့က​တော့ မြင်လဲ မြင်ဖူးကြလိမ့်မယ်။ ​အသွေးသည် အသက်ကို ကယ်တင်နိုင်​လောက်​အောင် စွမ်းတဲ့ အရာတစ်ခုဆိုရင်လဲ မမှားပါဘူး။

ကျွန်​​တော်သည် ​​အမိဝမ်းအတွင်းမှ ထွက်ထွက်ခြင်း၊ မွေးပြီးပြီးခြင်းတွင် အသည်းအသန်ဖြစ်ခဲ့သည်။ တနည်းဆိုရရင်ဖြင့် အသား​ရောင်အသားဝါကဲ့သို့ပင် ​သွေးအဆိပ်ဖြစ်ခြင်းဟုသိရသည်။ အမိဘနှစ်ပါးလုံး၏ အ​သွေးသည် (B+) သို့မဟုတ် (B-) ဖြစ်​သော​ကြောင့် ​ကျွန်ုပ်လည်း (B+ or B- တခုခု) ဖြစ်၍ သွေးမတည့်ဟု သိရပါတယ်။ ဒါ့​ကြောင့် ကျွန်​တော့်အ​သွေးမှာ အဆိပ်ဖြစ်တယ်၊ ထို့​ကြောင့် ကျွန်​​တော့်ရဲ့ ​သွေးကို ထုတ်ပယ်၍ အခြားသူ၏ ​သွေးကို သွင်းမှသာ အသက်ရှင်နိုင်​ခြေရှိတယ်။ ထိုကဲ့သို့ ကျွန်ုပ်နှင့် ကိုက်ညီ​သော ​အခြားလူတစ်​ယောက်၏ အ​သွေးအားဖြင့် ကျွန်​တော့်ကို ကယ်တင်​ပေးခဲ့ရသည်ဟု အတိုချုပ်ဆိုကြပါစို့။ သို့​သော် မ​သေခြာ၊ ပြန်​ကောင်းရင်​ကောင်းမယ် အကယ်၍ သိပ်ပြီးပြန်မ​ကောင်းခဲ့ရင်​တော့ ​(ကျပ်မပြည့်ခြင်းဖြစ်နိုင်တယ်) ခေါင်း​ကောင်းမည်မဟုတ်ဟု သိခဲ့ရပေသည်။ သို့​သော်လည်း ​ကျေးဇူး​​တော်​ကြောင့် ၃ရက်နဲ့ အသက်ရှင်ခွင့်ရပြီး ​ဆေးရုံဆင်းခွင့်ရခဲ့တယ်၊ ​ခေါင်းလဲ​ကောင်းခဲ့သည်။ လက်ရှိမှာလဲ ​ကျေးဇူး​တော်​ကြောင့် တစ်​ထောင့်တစ်​နေရာတွင် ပါဝင်ဆပ်ကပ်ခွင့်ကို ရ​​နေသည်မဟုတ်ပါလား။

လက်ရှိတွင်လည်း Covid-19 ခံစား​နေရသူများစွာရှိပါတယ်။ ထိုသူ​တွေကိုလည်း ​သွေး​ရည်ကြည်ကုထုံးအသုံးပြု၍ တတ်စွမ်းသ​လောက် ပြန်လည်ကုသ ကယ်ဆယ်​နေကြသည်။ ထိုအတွက်လည်း ​အသွေးလိုအပ်လျှက်ရှိတယ်ဆို​သော်လည်း ကြုံရာကျပန်း​အသွေးနှင့် မရ​ချေ။ သတ်မှတ်ထား​သော အ​သွေးကို လိုအပ်လျှက်ရှိတယ်ဆိုတာကို နားလည်ရပါတယ်။ ဆိုကြပါစို့ ... ကူးစပ်ခံခဲ့ရပြီး ပြန်လည်​ပျောက်ကင်းသွားသူများ၏ အ​သွေးကိုလိုအပ်သလို ထိုအ​သွေးအားဖြင့် အချို့ပြန်လည် ​ပျောက်ကင်း၍ ​ဆေးရုံဆင်းလာကြသည်ကို မြင်​တွေ့ရမည် ဖြစ်သလို၊ သတင်းများတွင်ဖတ်ရ​၊ ကြည့်ရပေမည်။

ရောမဩဝါဒစာ ၅:၉
သို့ဖြစ်၍ ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မြော်လင့်စရာရှိ၏။

ဒီအရာ​တွေကို မြင်ရ သိရလျှင်ဖြင့် လူ့ရဲ့အ​သွေးသည် လူများကို တကယ်ကယ်တင်နိုင်​သော အရာတစ်ခုဖြစ်သည်ကို ငြင်ဆိုမရနိုင်​ပေ။ ဒါ လူတစ်​ယောက်အ​သွေးပင်ရှိ​သေးသည်။ ထို့​ကြောင့်လည်း သတ်မှတ်ထား​သော လူဦး​ရေကိုသာ ကယ်တင်နိုင်​​ပေသည်။ မိတ်​ဆွေစဥ်းစားကြည့်ပါ၊ သခင်​ယေရှု၏ အ​သွေးဆိုရင်ဖြင့် ​လောကသားများ အားလုံးကို ကယ်တင်နိုင်တယ်ဆိုတာ မဖြစ်နိုင်စရာ အ​ကြောင်းမရှိဘူးမဟုတ်ပါလား။

​ယေရှုခရစ်​​တော်သည် ​လောကသားများအားလုံးအတွက် ကားတိုင်​ပေါ်တွင် အ​သေခံ အ​သွေးသွန်း​ပေးခြင်းသည် လူ​တွေ မလုပ်နိုင်၊ မကျင့်နိုင်၊ မပြည့်စုံနိုင်​သော​ကြောင့်ပင်မဟုတ်ပါလား။ မိတ်​ဆွေ စဥ်းစားကြည့်ပါ၊ မိမိအစွမ်းအစ၊ မိမိအကျင့်၊ ​ကောင်းမှုကုသိုလ်၊ ဒါနသီလ စသဖြင့်​တွေနဲ့ မိတ်​ဆွေ၏တမလွန်အတွက် ဘာ​တွေများ တိတိကျကျဘာများ​ပြောနိုင်လို့လဲ။ ဒါ့​ကြောင့် ​ယေရှုခရစ်​တော်သည် ​လောကသားများကို အပြစ်ငရဲမှလွတ်​မြောက်​စေရန် အ​သွေးသွန်း​ပေးခဲ့ခြင်းဖြစ်သည်။ လက်ခံယုံကြည်ရုံဖြင့် အပြစ်ငရဲမှ လွတ်​မြောက်​စေသည်ကို နားလည်ရတယ်။

ဥပမာ​လေးနဲ့ လက်ရှိအ​ခြေအ​နေနဲ့ကို မြင်​အောင်​ပြောရရင်​တော့ဖြင့် Covid ကုသဖို့ရန်အတွက် ​သွေးရည်ကြည်လိုအပ်သလို အပြစ်ငရဲမှလွတ်​မြောက်​စေဖို့ရာ ​ယေရှုခရစ်​တော်၏ အ​သေခံအ​သွေးသွန်းခြင်းလိုအပ်ပါတယ်။ Covid ​ပျောက်သွား​သော လူနာ၏ အ​သွေးကိုလိုအပ်သလို ​သေခြင်းကို​အောင်မြင်​သော​ယေရှု၏အ​သွေး၊ တိတိကျကျကယ်တင်ခြင်းကို ​ပေးနိုင်​သော ​ယေရှု၏ အ​သွေး၊ ​သေရင် ဘယ်သွားမလဲကို တိတိကျကျအာမခံ​ပေးနိုင်​သော ​ယေရှု၏ အ​သွေးကိုလိုအပ်ပါတယ်။ Covid ​ပျောက်​ကင်းသွားသောသူ၏ အ​သွေးကို ကူးစပ်ခံရ​သောလူနာသည် လက်ခံရသကဲ့သို့ ​ယေရှုခရစ်​တော်၏ ကယ်တင်ခြင်းကို လက်ခံယုံကြည်ရပါတယ် တနည်းဆိုရရင်ဖြင့် မိတ်​ဆွေ၏ အပြစ်အတွက် လက်ဝါးကားတိုင်မှာ အ​သေခံအ​သွေးသွန်းပြီး ၃ရက်​မြောက်တဲ့​နေ့မှာ ရှင်ပြန်ထ​မြောက်ခြင်းကို လက်ခံယုံကြည်ရပါတယ်။ ထိုအ​သွေးဖြင့် Covid ကုသခံယူသူသည် Covid ​ပျောက်သည် မ​ပျောက်သည် မတိကျ​ပေမယ့် ​ယေရှုခရစ်​တော်၏ အ​သွေးက​တော့ မိတ်​ဆွေကို အပြစ်ငရဲမှ ကယ်တင်နိုင်​သော တစ်ခုတည်း​သော အာမခံ ဖြစ်​ပေ​တော့သည်။

ဒါ့​ကြောင့် "သင့်​သွေးဖြင့် အသက်ကယ်ပါ" ဆိုသကဲ့သို့ မိတ်​ဆွေ၏ အ​သွေး​တောင်မှ လူအနည်းငယ်ကို ကယ်တင်နိုင်မယ်ဆိုရင် ​သခင်​ယေရှုခရစ်​တော်၏ အ​သွေးသည် တမလွန်အ​ရေး စိတ်​မော​နေရတဲ့ တိတိကျကျအ​ဖြေမရှိ​ဖြစ်နေ​ကြသော ကမ္ဘာသူ ကမ္ဘာသားများဖြစ်​တဲ့ ဤ​လောကသားများကို အပြစ်ငရဲမှ ကယ်တင်နိုင်တယ်ဆိုတာကို အ​သေအခြာပင်ဖြစ်ပါတယ်လို့ သတင်း​ကောင်း​လေးပါးလိုက်ချင်ပါတယ်။

ဘုရားသခင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next