November 26, 2026

မင်္ဂလာရှိ​သော ဆုံစည်းခြင်း

တင့်တယ်အမည်ရှိ​သော ဗိမာန်​​တော်တံခါးဝနားတွင်​ ​တောင်းစား​လေ့ရှိ​သော သူ​တောင်းစားတစ်ဦးသည် အမိဝမ်းတွင်းကပင် ​ခြေမစွမ်း​သောသူဖြစ်သည်။ သူတစ်ပါးကို အမြဲအားကိုး၍ ထို​နေရာသို့ လာ​ရောက်​တောင်းစားလေ့ရှိတယ် ဆိုတာကိုမြင်​တွေ့ရပါတယ်။ တစ်​နေ့မှာ ​ပေတရုနဲ့​ယောဟန်တို့ကို ​တွေ့တဲ့အခါမှာ စွန့်ကြဲ​ပေးကမ်းမည်အထင်နှင့် ထုံးစံအတိုင်း​တောင်းပါ​​တော့တယ်။ ​ပေတရုနှင့်​ယောဟန်က ငါတို့ကိုကြည့်ပါဟုဆိုရာတွင်လည်း တစ်စုံတစ်ခုကိုရမည်စိတ်ထင်နှင့် ကြည့်​သော်လည်း ​ပေတရုက ငါမှာ့ ​ရွှေမရှိဘူး၊ ​ငွေမရှိဘူး၊ နာဇရက်မြို့သား ​ယေရုနာမ၌ ထ၍လှမ်းသွားပါလို့ဆိုတဲ့အခါမှာ သူဟာထ၍၊ သွားလျှက် ခုန်လျက်၊ ဘုရားသခင်၏နာမ​တော်ကို ချီးမွမ်းလျှင် တမန်​တော်​တွေနဲ့အတူ ဗိမာန်​​တော်ထဲကိုဝင်တယ်ဆိုတာကို မြင်​တွေ့ရပါတယ်။

​ဒီတံခါး​ရှေ့မှာ ​တောင်းစား​နေကြဖြစ်တဲ့ ​ခြေမစွမ်းသူနဲ့ ​ပေတရု၊​ ​ယောဟန်တို့၏ ​တွေ့ဆုံရခြင်း၊ ဆုံစည်းရခြင်းမှာ မင်္ဂလာရှိ​သောဆုံစည်းခြင်းဖြစ်ပါတယ်။ ​ပြောင်းလဲသွား​သောအသက်တာမှာ ​တောင်းစား​နေရာမှ၊ ​ငွေရဖို့သာ​တောင်းတတ်​သောသူသည် ဘုရားသခင်၏​ကျေးဇူး​တော်ကိုချီးမွမ်းတတ်လာရုံမက​သေးဘဲ ​ရှေးဦးစွာ ဗိမာန်​တော်ကိုဝင်တယ်ဆိုတာကိုမြင်​တွေ့ရသလို ဘုရားသခင်ကိုဦးစား​ပေး​သော အသက်တာဖြစ်လာတယ်လို့ ဆင်ခြင်ရပါတယ်။

ရှင်​ပေါလုဟာ ခရစ်ယာန်​တွေကိုညှဥ်းပန်းသောသူ၊ ဖမ်းဆီးနှိပ်စက်​လေ့ရှိ​သောသူ၊ ​ထောင်ချ​သောသူ စသဖြင့် စိတ်အားကြီး​သောဖာရိရှဲတစ်ဦးဖြစ်ပါတယ်။ သို့​သော် ​ယေရှုခရစ်​တော်နှင့် ​တွေ့ဆုံပြီးတဲ့အခါမှာ​တော့ သူ့ရဲ့အသက်တာဟာ ဘယ်သူမှထင်မထားရ​လောက်​အောင် ​ပြောင်းလဲကာ အ​စေခံသူအဖြစ်မြင်​တွေ့ရပါတယ်။ ​ယေရှုနာမ​ကြောင့် အဖမ်းခံရတယ်၊ ဧဝံ​ဂေလိတရား​ကြောင့် နှိပ်စက်ခံရတယ်၊ အရင်က​တော့ ​ကောင်းစားတယ် သို့​သော် နာမ​တော်​ကြောင့် ဆင်းရဲခံရတယ်၊ အစာငတ်ခြင်းအကြိမ်ကြိမ်ကြုံရတယ်၊ ပင်လယ်ကူးခြင်းမှာ သင်္ဘောပျက်ခြင်း​ဘေး၊ ဓါးပြ​ဘေး စသဖြင့် ကြုံရတာ​တွေရှိတာ​တောင်မှ အပြုံးမပျက်ခဲ့ပါ။ 

ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၅:၁၇
လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။

ဒါ့​ကြောင့် ရှင်​ပေါလုသည် အထက်က ဆိုး​သောသူ၊ အသင်း​တော်ကိုညှဥ်းပန်းသောသူ၊ ​စိတ်အားကြီး​သော ဖာရိရှဲတစ်ဦးဖြစ်​သော်လည်း ​ယေရှုခရစ်​တော်နှင့်​တွေ့တဲ့အခါမှာ ဘယ်သူမှထင်မထားရ​လောက်​အောင် အသက်တာဟာ​ ပြောင်းလဲတယ်ဆိုတာကို ​တွေ့ရပါတယ်။ ဒီ​တွေ့ဆုံရခြင်း၊ ဆုံစည်းခြင်းသည်လည်း မင်္ဂလာရှိပြန်ပါ​တယ်။

ကျွန်​တော်တို့​နှင့် ​တွေ့ဆုံကြ​သော သူ​တွေအတွက်​ရော မင်္ဂလာရှိပါရဲ့လားလို့ ဆင်ခြင်ဖို့ရာလိုအပ်လာပါ​တော့တယ်။ အချုပ်အားဖြင့်ဆိုရ​​သော် ​ယေရှုနှင့်​တွေ့ဆုံသောသူ​​တွေသည် တကယ်ကို အသက်တာ​ပြောင်းလဲတာကိုမြင်​တွေ့ရပါတယ်၊ ရှင်​ပေါလု၏အသက်တာကို ကြည့်ပါ၊ တမန်​တော်​တွေကိုကြည့်ပါ၊ အခြား​သော အသက်တာ​ပြောင်းလဲလာသူ​တွေကိုကြည့်ပါ၊ သင့်အနီးအနားမှာ အသက်တာ​ပြောင်းလဲသူ​တွေကိုကြည့်ပါ တကယ်ကို ​ယေရှုနှင့်​တွေ့ရင်၊ ​ယေရှုကိုရရင် အသက်တာ​ပြောင်းလဲ​သော​ကြောင့် မင်္ဂလာရှိ​သော ​ဆုံစည်းခြင်းဖြစ်ပါတယ်လို့ အနည်းငယ်​ဝေမျှခွန်အား​ပေးချင်ပါတယ်။ ဒီ​တော့ ကျွန်​တော့်ရဲ့​ ​မေးခွန်းတစ်ခုက​တော့ ချစ်​သောမိတ်​တွေ သင်​ရော ​ယေရှုနှင့်​တွေ့ခဲ့ပြီးပြီလား ?

ဘုရားရှင်ဆက်လက်စကား​ပြောပါ​​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next