November 26, 2026

ရှောင်ရှားရန်​ထောက်ပြ​ပေးပါ

ရှင်မဿဲခရစ်ဝင် ၁၆:၆

ယေရှုကလည်း၊ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ တဆေးကိုသတိနှင့်ကြဉ်ရှောင်ကြဟု မိန့်တော်မူ၏။

ရှင်မဿဲခရစ်ဝင် ၁၆:၁၂

ထိုအခါ တပည့်တော်တို့သည် မုန့်၏တဆေးကို ကြဉ်ရှောင်ကြဟု မိန့်တော်မမူ။ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ ဩဝါဒကို ကြဉ်ရှောင်ကြဟု မိန့်တော်မူသည်ကို နားလည်ကြသတည်း။

အနည်းငယ်​သော တ​ဆေးသည် မုန့်တစ်ခုလုံးကိုဖောင်းပွ​စေသလို၊ မှားယွင်း​သောဩဝါဒ​တွေသည်လည်း လူ၏အသက်တာလွဲမှားသွား​စေသည်။ တချို့ဆိုလျှင် ကယ်တင်ခြင်းလမ်းမှလွဲကာ ​​​ခြေတစ်ဘက်သည် ငရဲနှတ်ခမ်းဝကိုနင်း၍ အ​ပေါက်ဝကို ဖင်ခုထိုင်ထားကြ​သေးသည်။

မိမိ၏အဖွဲ့အစည်းသာ ကယ်တင်ခြင်း​ပေးပိုင်သလို၊ ကယ်တင်ခြင်းက သူတို့ဆီမှာ သင်တန်းတက်မှရသလို၊ တချို့ကြပြန်​တော့ ​ယေရှုဟာလူသားဖြစ်လို့ ဘာမှမတတ်နိုင်ဘူး ကားတိုင်တက်ပြီးပြန်ရှင်ပြန်ထ​မြောက်မှ ဘုရားဖြစ်တာ၊ တချို့ကြပြန်​တော့ ​ယေရှုကကျိန်ခြင်းဖြတ်ဖို့ နှစ်ခြင်းခံတယ်၊ ဘိသိက်ဖမ်းဖို့ နှစ်ခြင်းခံတယ်၊ ​ယေရှုထဲကိုစာတန်ထည့်ရိုက်တယ်၊ ​ယေရှုကအမျိုးသမီး တရုတ်မဖြစ်တယ်၊ ကျမ်းစာကိုအသစ်​ရေးတာသုံးကြ​သော အဖွဲ့​တွေ၊ တစ်ပါးတစ်ဆူ​တွေ၊ အပြစ်တရားကအပြင်ကလာတယ်၊ အပြစ်လုပ်တာ အပြစ်မဟုတ်ဘူး လူသတ်တာအပြစ်မဟုတ်ဘူး အပြစ်ရဲ့လက္ခဏာတွေဆိုပြီး Sign ​တွေဘာ​တွေခွဲပြီး ခွဲစိပ်ခန်းမှာသုံးတဲ့ ဓါးလို့ သမ္မာတရားကို ခွဲခြမ်းစိတ်ဖြာကြ​သေးသည်။ အပြစ်လုပ်မိရင်လည်း ဝန်ချစရာမလိုဘူး အပြစ်ကို​တောင်းပန်လို့ ကယ်တင်ခြင်းရတာမဟုတ်ဘူး ဆို၍ ခရစ်ယာန်အသက်တာထိမ​ရောက်​သော (Saving Faith နဲ့ Living Faith) ကိုမသိ (State and Standing) ကိုနားမလည်​သော ဖင်ခုထိုင်တတ်ကြ​သော အလွဲ​တွေ တ​ဆေး​တွေကို သတိနဲ့​ရှောင်ကြဖို့လိုပါတယ်။ မှားယွင်း​သောဩဝါဒ​တွေကို သခင်​ယေရှုကိုယ်တိုင်​ရှောင်ဖို့လဲသတိ​ပေးထားပြီးသားဖြစ်​သော​ကြောင့် ​သေချာသတိပြု၍ စစ်​ဆေးပါ။

ဒီလို​ထောက်ပြ​ဖော်ပြ​​ပေးတတ်​သော ဆရာသမား​တွေ၊ မိတ်​ဆွေ​တွေ၊ ညီကို​မောင်နှမ​တွေကို တန်ဖိုးထားတတ်ဖို့လိုပါတယ်၊ သူတို့​တွေသည် ထိုငရဲကို ဖင်ခုထိုင်​နေကြသူများ၏ အန္တရာယ်ကိုမြင်၍ ​မေတ္တာနှင့်အမုန်းခံ​ပြော​နေကြခြင်းဖြစ်သည်။ ဝိညာဥ်​ရေးရာပိုင်းတွင် ထိုသို့မ​ပြောလျှင် လွဲမှား​သော မိစ္ဆာအယူ​တွေ​နောက်လိုက်သွားလျှင် မည်မျှရင်နာစရာ​ကောင်းမည်နည်း။ အကယ်၍သာ သင့်မိသားစုမှတစ်​ယောက်သည် ထိုအယူလွဲအဖွဲ့တွင်ပါ​ဝင်သွားလျှင်ဆိုပြီး ဆင်ခြင်ကြည့်ပါ။ ဒါဆိုရင် သင်​ရော တာဝန်ကင်းပါ့မလား။

ဒါ့​ကြောင့် ဘုရားသခင်၏လူသည် အမှားကိုဖော်ပြ​သောသူ၊ သွန်သင်ဆုံးမ​သောသူ၊ ထိုကဲ့သို့အလွဲ​တွေကို ​ထောက်ပြ၍ ယုံကြည်သူခရစ်ယာန်များနှင့် အခြား​သောသူ​တွေ လမ်းမလွဲသွား​စေဖို့ရန် အမုန်းခံရ​သော်လည်း ဘုရားသခင်မျက်နှာ​တော်တစ်ခုတည်းသာကြည့်၍ ဆက်လက်​ထောက်ပြ​သောသူ​တွေ ဖြစ်ပါ​စေလို့ ​အနည်းငယ်တိုက်တွန်းလိုက်ပါတယ်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

Titus_KyawNyi

Photo Crd: Internet

Previous Next