Spiritual Distance

Social Distance ဆိုတာကိုလူတိုင်းသိကြမှာပါ။ ကျွန်တော်တို့ Covid-19 ဖြစ်ဖြစ်ချင်းမှာတော့ ၃ပေလောက်ခွာကြရင်လုံလောက်မယ်ယူဆကြပေမယ့် လက်ရှိမှာ ၆ပေခွာဖို့ထိဖြစ်လာခဲ့ပါတယ်။ ဟုတ်ပါတယ် အကယ်၍သာ ရောဂါရှိသူနဲ့ Social Distance ၆ပေ မခွာထားရင် ကူးစက်ပြန့်ပွားနိုင်သောကြောင့်ပါ။ လူအုပ်ထဲမသွားဖို့ဘာဖို့နဲ့ တကယ် ၆ပေခွာဖို့ဆိုတာလိုက်နာမှသာကူးစပ်ခြင်းကိုတားဆီးနိုင်ဖို့အကြောင်းရှိပါတယ်။
မမြင်ရသော Corona Virus သည်ကူးစက်ခဲ့လျှင်ကုသဆေး ၊ ကာကွယ်ဆေးမရှိသေးသဖြင့်ကြောက်စရာကောင်းသောကြောင့် Social Distance ကိုလိုက်နာသင့်သကဲ့သို့ Spiritual Distance ဆိုသောအရာမှာ ဝိညာဥ်ရေးရာနှင့်ဆိုင်သောကြောင့် သာ၍လိုက်နာသင့်ပေသည်။ မှားယွင်းသောဩဝါဒများသည် ဝိညာဥ်ဆုံးသည်အထိကယ်တင်ခြင်းလမ်းမှလွဲသွားလောက်အောင်ကြောက်စရာကောင်းပေသည်။ တချို့မှာ မိစ္ဆာအယူ ၊ မှားယွင်းသောဩဝါဒမှန်းမသိကြသောကြောင့် ဝေးဝေးမရှောင်ကြဘဲအလွဲယူ၍အယူလွဲသွားသောကြောင့် အသက်တာမှားယွင်းလာတတ်တယ် ၊ တချို့မှာလဲ သမ္မာတရားနဲ့လွဲချော်လာပါတယ် ၊ နောက်ဆုံးတွင် ကယ်တင်ခြင်းလမ်းပါလွဲသွားတတ်ကြပါတယ်။
ရှင်ယောဟန်ဩဝါဒစာ ဒုတိယစောင် ၁:၁၀-၁၁
ထိုဒေသနာတော်မပါသောသူသည် သင်တို့ထံသို့လာလျှင်၊ သူ့ကိုသင့်အိမ်၌ လက်မခံနှင့်။ မင်္ဂလာရှိစေသောဟု နှုတ်မဆက်နှင့်။
မင်္ဂလာရှိစေသောဟု ထိုသူကိုနှုတ်ဆက်လျှင်၊ သူ၏ဆိုးယုတ်သောအကျင့်တို့နှင့် ဆက်ဆံရာသို့ ရောက်၏။
ထို့ကြောင့် လက်ရှိ Social Distance မလိုက်နာကြသူများနှင့်တူနေပြန်သည်။ အကယ်၍ပိုးရှိလူနာနှင့်ထိတွေမိ၍ Social Distance ကိုမလိုက်နာမိသောကြောင့် မိမိပင်မသိလိုက်ဘဲကူးစက်ပြန့်ပွားသွားပြီး အခြားသူများပါကူးစက်သွားသည်အထိဖြစ်သွားတတ်ကြပါတယ်။ ဒါကြောင့်မို့လို့ Covid-19 ကိုကြိုတင်ကာကွယ်သကဲ့သို့ ထိုမှားယွင်းသောဩဝါဒများကိုလဲကြိုတင်ကာကွယ်ကြရမည်ဖြစ်သည်။ Spiritual Distance မှာ ၆ပေနှင့်မရပေ။ စစ်မှန်တဲ့ဧဝံဂေလိတရားမဟုတ်သောထိုမိစ္ဆာအယူလွဲ ၊ မှားယွင်းသောဩဝါဒများကိုမူ အဆက်အဆံကိုမျှပင်မလုပ်သင့်သောကြောင့် ၊ ဝေးဝေးရှောင်ရမည်ဖြစ်သည်။ ဆက်ဆံမိလျှင်ထိုသူတို့၏အကျင့်နှင့်ဆက်ဆံရာတောင်ရောက်ပါတယ်လို့ဆိုသောကြောင့် Social Distance မလိုက်နာဘဲလူအုပ်ထဲသွားမိသော Covid-19 လူနာထက် ထက်သာ၍ကြောက်စရာကောင်းသည်ကိုတွေ့ရသည်။ ထိုရောဂါသည်ပျောက်နိုင်သေးသည် ၊ မပျောက်လျှင်လဲ ကယ်တင်ခြင်းလမ်းမလွဲပေ။ ထို့ကြောင့် မှားယွင်းသောဩဝါဒများကိုဝေးဝေးရှောင်ရမည်ဖြစ်သည်။ ကျမ်းစာထဲတွင် အရိုးဖယ်၍အသားကိုစားပါဟုမဖော်ပြထားသောကြောင့်သာ၍သတိပြုကြရပေမည်။
ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၂:၂၂
မုသာကိုသုံးသောသူကားအဘယ်သူနည်း။ ယေရှုသည်ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူ ဖြစ်သတည်း။ ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သော သူသည် အန္တိခရစ်ဖြစ်၏။
ယေရှုသည်ခရစ်တော်မဟုတ်ဘူး။ ယေရှုကလူပါ ၊ ကားတိုင်ပေါ်ကယေရုကဘာမှမတတ်နိုင်ဘူး ကားတိုင်ပြီးမှခရစ်တော်ကတတ်နိုင်တာ ဘုရားဖြစ်တာ ၊ အစရှိသဖြင့်ဆိုကြသော မှားယွင်းသောဩဝါဒများကိုသတိပြုကြဖို့ရာ ဩဝါဒစာဆောင်တွေတွင်ကြိုတင်အသိပေးထားခြင်းဖြစ်ပါတယ်။ အခုမှပေါ်လာသောအလွဲမိစ္ဆာအယူမှားယွင်းသောဩဝါဒတွေမဟုတ်ပါဘူး အရင်ကတည်းကရှိခဲ့တဲ့အရာတွေပါ။ ထိုကဲ့သို့အယူလွဲကယ်တင်ခြင်းလွဲနေသောသူတွေ၏အခြားသောသွန်သင်ခြင်းတွေ ၊ အသက်တာပိုင်းသွန်သင်ချက်မည်မျှပင်ကောင်းနေပါစေ အရိုးဖယ်အသားစား၍မရသောကြောင့်ပင် ထိုသူတို့ရဲ့အကျင့်နှင့်ဆက်ဆံရာရောက်မည်ဟုသတိပေး၍ဝေးဝေးရှောင်ခိုင်းထားတာဖြစ်ပါတယ်။ သိပ်ကိုအန္တရာယ်များသောမိစ္ဆာအယူဖြစ်သောကြောင့်သတိပြု၍ Spiritual Distance ဝေးဝေးရှောင်ခြင်းကိုလိုက်နာကြဖို့ရာအယောက်စီတိုင်းကိုတိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi