November 26, 2026

ဆရာကြီး​​လော၊ အသင်း​တော်​လော၊ ​ယေရှု​လော

ည​နေပိုင်းအဆာ​ပြေ​ကို ​ဈေးကဝယ်​သော ကြာဇံချက်က​လေးစားရင်းသာ ဗိုက်ဖြည့်လိုက်ပါတယ်။ ကြာဇံချက်က​တော့ အရည်ကျဲကျဲ၊ ပါဝင်ပစ္စည်းမစုံမလင်နှင့် ဖြူ​ဖန့်ဖန့် ဟင်းရည်တစ်ခွက်လိုဖြစ်​နေပါ​တော့တယ်။ ​ပြောရရင်​တော့ ကြာဇံချက်အင်္ဂါရပ်နှင့်မညီ​ပေ၊ ကြာဇံချက်ရုပ်မ​ပေါက်တဲ့ ကြာဇံချက်​ပေါ့​လေ။

ကျွန်​တော်တို့ခရစ်ယာန်​တွေသည်လည်း တချို့မှာ ဘာရုပ်မှမ​ပေါက်​သော ခရစ်ယာန်​တွေဖြစ်​နေတတ်သည်။ ထစ်ခနဲရှိဆဲမည်၊ ​ဒေါသထွက်မည်၊ ​သောက်မည်စားမည်၊ စသဖြင့် အိပ် စား ကာမ ဤသုံးဝနှင့် ​ပျော်​မွေ့​နေ​သော ဘာရုပ်မှမ​ပေါက်သူများထဲမှာ မိမိပါဝင်​နေမိလျှင် တစ်ချက်​လောက် စဥ်းစားဆင်ခြင်ဖို့သင့်​ပေမည်။

ခရစ်ယာန်တို့၏အ​ခြေခံယုံကြည်ချက်၊ ခရစ်ယာန်တို့၏ကျင့်ဝတ်၊ ဩဝါဒကဘာကိုလက်ခံသလဲ ​ရောသမ​မွှေလား ဒါ​တွေမသိ​သောသူ​တွေနားမလည်​သောသူ​တွေများစွာရှိ​နေ​သေးသည်ကို ဝမ်းနည်းစွာ​တွေ့ရသည်။ ​ရောသမ​မွှေသည် သားစိုး၏သီချင်းသာ​ကောင်းချင်​ကောင်းမည်ဖြစ်​သော်လည်း ခရစ်ယာန်ဩဝါဒ​ပေါင်းစုံ၊ ယုံကြည်ချက်​အ​ရောအ​နှောပေါင်းစုံ၊ စသဖြင့်​တော့ မ​ကောင်း​ပေ။ တချို့ဆိုလျှင် မိမိ၏ဆရာသမားလွဲလို့လွဲမှန်း မသိ​သလား၊ သိသလား​တော့မသိ​ပေ၊ သူက​တော့ သမ္မာတရားမှာမရပ်တည်ဘဲ အလွဲကိုသာကာကွယ်​ပြောဆိုခြင်းမျိုးလဲ​တွေ့ရသည်။ ဘုရားသခင်ထက် ဆရာကို၊ အသင်း​တော်ကို၊ ဩဝါဒအလွဲကိုသာ ဗဟိုပြုကာအသက်ရှင်​နေကြ​သောသူများကိုဝမ်းနည်းစွာ​တွေ့​နေရပါ​သေး၏။ တချို့ဆိုလျှင် ​ယေရှုခရစ်​တော်ကိုပယ်၍ မိမိအသင်း​တော်သည် ​ကျေးဇူးတရားဖြစ်သည်ဟု ခိုင်းနှုင်းခြင်းများကို​တွေ့ရတယ်။ တချို့ကလဲ အခြားအသင်း​တော်က ကယ်တင်ခြင်းနှင့်မဆိုင် မိမိ၏အသင်း​တော်သာ ကယ်တင်ခြင်း​ပေးနိုင်တယ်၊ ကယ်တင်ခြင်းသည် လျှို့ဝှက်နက်နဲ​သော​ကြောင့် မိမိတို့ဆီသာပါဝင်မှ ကယ်တင်ခြင်းရမည်ဟု အလွဲယူကာအယူလွဲကြပြန်​သေးသည်။ ကြာဇံချက်ဘာရုပ်မှမ​​​ပေါက်တာ အ​ရေးမကြီး​သော်လည်း သမ္မာတရားကိုမသိ​သောခရစ်ယာန်​တွေ ဘာရုပ်မှမ​​ပေါက်ဘဲ လွဲ​နေခြင်းက​တော့ ပြဿနာရှိသည်။

မိတ်​ဆွေ ​သင့်ကို​ကျေးဇူးပြု​သောသူက ​ယေရှုခရစ်​တော်​လော သင့်ဆရာကြီး​လော။ ကယ်တင်ခြင်း ​ကျေးဇူးတရား​တွေက​ရော ​ယေရှု​ကြောင့်လား သင့် အသင်း​တော်သင့် ဆရာကြီး​ကြောင့်လား၊ ဘာရုပ်မှမ​​ပေါက်​သော ကြာဇံချက်ဟာ စားလို့ရ​သေး​ပေမယ့် ဒီအရာက​တော့ လွဲမှား​သောခံယူယုံကြည်ချက်ဖြစ်​သော​ကြောင့် ဆရာကြီးနှင့်အသင်း​တော်​တွေအ​ပေါ်ကိုသာ ကိုးကွယ်​နေမိသလို အလွဲယူကာ အယူလွဲမသွားကြ​စေဖို့ရာစဥ်းစားဆင်ခြင်ပါလို့​ပြောချင်ပါတယ်။

ကောရိန်သုဩဝါဒစာ ပဌမစောင် ၁:၁၂-၁၃
သင်တို့က၊ ငါသည်ပေါလုတပည့်ဖြစ်၏။ ငါသည် အာပေါလုတပည့်ဖြစ်၏။ ငါသည်ကေဖ တပည့်ဖြစ်၏။ ငါသည်ခရစ်တော်တပည့် ဖြစ်၏ဟု အသီးအသီးပြောကြသောကြောင့် ငါဆိုရ၏။ 
ခရစ်တော်သည် ကွဲပြားသလော။ ပေါလုသည် သင်တို့အတွက် လက်ဝါးကပ်တိုင်မှာ အသေခံပြီလော။ သို့မဟုတ် သင်တို့သည် ပေါလု၏နာမ၌ ဗတ္တိဇံကို ခံကြပြီလော။ 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next