ထိုကျောက်၌တည်သောအသက်တာ

မိုးရွာတဲ့အခါဖြစ်စေ၊နေအရမ်းပူတဲ့အခါ၊လေမုန်တိုင်းတွေတိုက်တဲ့အခါ၊စသဖြင့်ကြုံရတဲ့အချိန်မှာ မိမိတို့အိမ်မှာဒီတိုင်းထိုင်မနေကြဘူးလို့ထင်မိပါတယ်။
အိမ်ထဲကို နေအရမ်းပူရင်အပူရှိန်မဝင်စေရန်၊မိုးရွာရင်မိုးရေတွေမဝင်စေဖို့၊မိုးမပတ်စေဖို့၊လေမုန်တိုင်းတိုက်ရင် ဖုန်တို့လေပေါ်ပါလာတဲ့အရာဝတ္ထုတို့မရောက်စေရစေအောင် မိမိတို့အိမ်တံခါးများကိုပိတ်ကြမယ်လို့ထင်ပါတယ်။
ထို့အတူပဲ မိမိရဲ့အိမ်ကဲ့သို့သော မိမိရဲ့အသက်တာမှာ အပြင်မှရိုက်ခတ်လာသော မုန်တိုင်းတွေကိုတားဆီးဖို့ရာ မိမိရဲ့စိတ်ဝိညာဥ်တံခါးများကိုပိတ်ဆို့ကြမယ်ထင်ပါတယ်။
မိမိကိုအနှောက်ယှက်ဖြစ်စေသောအရာတွေ၊အသက်တာကိုဆွဲချမယ့်အရာတွေ၊ဆုံးရှုံးပျက်ဆီးစေဖို့အရာတွေ၊စိတ်ညစ်ရမယ့်သတင်းအချက်အလက်တွေ၊(Covid-19 ကဲ့သို့သောအရာတွေ)စသဖြင့် မိမိအသက်တာကိုမလွှမ်းမိုးမဝင်ရောက်စေဖို့ရန် သတင်းတွေမကြည့်ဘူး၊စသဖြင့်တည်ဆောက်ကြမယ်ထင်ပါတယ်။
သို့သော် အရေးအကြီးဆုံးအချက်ကိုမေ့နေကြပါတယ်။
ဒီအိမ်ကရော ခိုင်ရဲ့လား တံခါးတော့ပိတ်ပါရဲ့ မုန်တိုင်းဒဏ်ကိုမခံနိုင်လို့ပြိုလဲပျက်ဆီးစေမလားဆိုတာကိုသတိထားဆင်ခြင်ဖို့ရာအရေးကြီးပါတယ်။ သမ္မာကျမ်းစာမှာတော့သဲပေါ်မှာဆောက်သောအိမ်နဲ့ကျောက်ပေါ်မှာဆောက်သောအိမ်နဲ့ဖော်ပြထားပါတယ်။ သဲပေါ်မှာဆောက်တဲ့အခါအခြေမခိုင်တော့မိုးရွာလေလာပြီးအိမ်ကိုတိုက်တဲ့အခါကြီးစွာပြိုပျက်သွားတယ်။ကျောက်ပေါ်မှာဆောက်တော့ခိုင်ခံ့တယ်မပြိုမလဲတည်ရှိပါတယ်ဆိုတာကိုတွေ့ရပါတယ်။
ရှင်မဿဲခရစ်ဝင် ၇:၂၄-၂၅
အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။
မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကိုတိုက်သည်ရှိသော်၊ ကျောက်ပေါ်မှာ တည်သော ကြောင့် မပြိုမလဲနေ၏။
ကျွန်တော်တို့ရဲ့အသက်တာတွေကရော ယေရှုခရစ်တော်တည်းဟူသောကျောက်ပေါ်မှာတည်ဆောက်ထားရဲ့လားဆိုတာကိုဆင်ခြင်မိဖို့ရာအရမ်းအရေးကြီးပါတယ်။ ဆေးမှီးတိုတွေကတော့ပေါပါတယ် ခဏတော့ အဆင်ပြေမယ် သို့သော် ရေရှည်မခံပါ။ ဒါ့ကြောင့် ပညာရှိကဲ့သို့ယခုဘဝနောင်ဘဝအတွက်စိတ်ချမှုရရှိပြီး ထိုအိမ်သည်မပြိုမလဲတည်နေစေဖို့ရာ ထိုကျောက်တည်းဟူသော ယေရှုခရစ်တော်၌သာတည်ဆောက်ကြပါစို့လို့ဆင်ခြင်ရင်းအနည်းငယ်ဝေမျှတိုက်တွန်းချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။