Be Ready

လွန်ခဲ့သောရက် အနည်းငယ်ကြာခဲ့ပြီးသော ညတစ်ညမှာ ရုတ်တရက် မီးပျက်သွားခဲ့ပါတယ်။ ထိုမီးပျက်ချိန်မှာ တစ်နာရီကျော်ကြာခဲ့ပါသည်။ မီးအားသွင်း၍ဖွင့်သော မီးချောင်းမှာ အားမသွင်းထားသောကြောင့် အတော်မှိန်နေလေသည်။ မီးပြန်လာသည်အထိမခံနိုင်ခဲ့ပေ။ အရောင်မှိန်မှိန်နှင့်နေခဲ့ရသလို မီးအားကုန်သွား၍ ဖယောင်းတိုင်ထွန်းခဲ့ရပေသည်။ ဘာဖြစ်လို့များ အားမသွင်းထားမိပါသလဲဆိုရင်ဖြင့် မီးမပျက်တာကြာပြီဖြစ်သောကြောင့် မီးအားမသွင်းထားမိခြင်းဖြစ်နေပေသည်။ ထို့ကြောင့် မီးတကယ်ပျက်တဲ့အချိန်မှာတော့ ထိုမီးချောင်းလေးမှာ အားမရှိ၍ ကောင်းကောင်း မထွန်းလင်းနိုင်ခဲ့ချေ။
ဒီလိုပဲ ကျွန်တော်တို့ ခရစ်ယာန်အသက်တာမှာ အမြဲတမ်း အဆင်သင့်ဖြစ်နေရန်လိုအပ်တယ်၊ ဒါမှသာ ယေရှုခရစ်တော် ဘယ်အချိန်နာရီမှာ ကြွလာသည်ဖြစ်စေ အမြဲအသင့်ရှိနေမယ်ဆိုတာကို နားလည်ရပါတယ်။
သတို့သမီးဆယ်ယောက်ဥပမာကဲ့သို့ပင် မီးခွက်တွင်ဆီအပြည့်ဖြည့်ထားသော ပညာသတိရှိသောသူ ငါးယောက်လား၊ ဆီအပြည့်မရှိသော မိုက်သောသူ ငါးယောက်လား ဆိုတာကတော့ မိမိတို့ဆင်ခြင်ရန်သာဖြစ်ချေသည်။
မိမိတို့အသက်တာမှာ နေ့စဥ်ပြုပြင်ခြင်းရှိရန်၊ နေ့စဥ်ဆင်ခြင်ရန်၊ သမ္မာတရားအတိုင်း လိုက်လျှောက်အသက်ရှင်ကြဖို့ရန် လိုအပ်တယ်ဆိုတာကို နားလည်ရသလို၊ သမ္မာသတိရှိရန်လဲ လိုအပ်ကြောင်းကို ထိုမီးပျက်ခြင်း ဥပမာလေးအားဖြင့် သတိရှိရန် ဖွင့်ပြချက်တစ်ခုကို မြင်စေခဲ့ရပါတယ်။ မီးလဲ ကြိုက်တဲ့အချိန်ပျက်ပါစေ အမြဲတမ်း အားသွင်းထားမယ်ဆိုရင် မီးပျက်လဲ မီးထွန်းနိုင်သကဲ့သို့၊ ကိုယ်တော် ကြိုက်တဲ့အချိန် အချိန်မရွေး ပြန်ကြွလာပါစေ အသက်တာမှာ အမြဲတမ်း အဆင်သင့်ရှိနေဖို့ရန် အရေးကြီးပါသည်။
ရှင်မဿဲခရစ်ဝင် ၂၅:၁၃
သို့ဖြစ်၍ လူသားသည် ကြွလာအံ့သောနေ့ရက်၊ အချိန်နာရီကို သင်တို့သည်မသိသောကြောင့် စောင့် နေကြလော့။
ဘယ်အချိန်နာရီမှာ ယေရှုခရစ်တော်ပြန်ကြွလာမည်ကို မသိကြသော်လည်း မိုက်သော သတို့သမီးငါးယောက်ကဲ့သို့တော့ မဖြစ်စေကြစို့နဲ့ရယ်။ သမ္မာတရားကို သမ္မာသတိနှင့်ထိန်းတတ်ပြီး အမြဲတမ်း အဆင်သင့်ရှိနေ၍ ပညာသတိရှိသော သူတို့သမီးငါးယောက်ကဲ့သို့ ဆီအပြည့်ဖြည့်ထားသော ယုံကြည်သူခရစ်ယာန်များဖြစ်ကြစေဖို့ရာ ဆင်ခြင်ကြဖို့လို့အပ်ပါတယ်။ မိမိတို့ဟာ တကယ်ကို အဆင်သင့်ဖြစ်နေကြရဲ့လား၊ မဖြစ်ကြသေးရင်လဲ (Be Ready) အဆင်သင့်ဖြစ်ဖို့ရာ အချိန်ရှိတုန်းပြင်ဆင်ပါ၊ အဆင်သင့်ရှိပြီဆိုရင်လဲ ဆက်လက်၍ အဆုံးတိုင်အောင်တည်ကြည်ကြပါစို့လို့ အနည်းငယ်ဝေမျှ တိုက်တွန်းခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet