November 26, 2026

အနတ္တမှနိစ္စထာဝရသို့

ဒေသနာကျမ်း ၁:၂-၃
အနတ္တသက်သက်၊ အနတ္တသက်သက်၊ ခပ်သိမ်းသောအရာတို့သည် အနတ္တဖြစ်ကြ၏။
လူသည် နေအောက်မှာ ကြိုးစားအားထုတ်သမျှတို့၌ အဘယ်အကျိုး ရှိသနည်း။

ဒီကမ္ဘာ​လောကကြီးတွင်ရှိသမျှအရာရာသည်အနတ္တသက်သက်ပင်ဖြစ်​သည်။ လူ၏ရှာ​ဖွေဆည်းပူးသမျှသည်အချည်းနှီးသက်သက်ပင်ဖြစ်သည်။ ​နေ​ရောင်​အောက်တွင်ရှိသမျှအရာရာတို့သည်အချိန်တန်လျှင်​ပျောက်ကွယ်သွားရဦးမည်ဖြစ်​ပေသည်။ လူသည်အသက်ရှင်​နေထိုင်ရာတွင်လိုအပ်​သောအရာများကိုဆည်းပူးကြသည် ၊ ရှာ​ဖွေကြသည် ၊ စု​ဆောင်းကြသည်။ သို့​သော်ထိုအရာ​တွေသည် အသက်ရှင်​နေတုန်းအတွက်သာအသုံးဝင်သည်ကို​တော့​မေ့မထားသင့်​ပေ။

ဤကမ္ဘာ​လောကကြီးတွင်အရာရာသည်အခိုးအ​ငွေ့သက်သက်ပင်ဖြစ်သည်။ ယ​နေ့မြင်ရ​သော်လည်း ၊ မနက်ဖြန်မြင်ရမည် မမြင်ရမည်ကိုဘယ်သူမှမသိနိုင်။
ထို​နေ​​ရောင်​အောက်တွင် ​မွေးဖွားလာကြပြီး ပြန်ထွက်သွားရဦးမည်ဖြစ်သည်။ ​​ကွေး​သောလက်မဆန့်မှီ ဆန့်​သောလက်မ​ကွေးမှီမဟုတ်ပါလား။ သေခြင်းတရားအတွက်​တော့ ငယ်လွန်းတယ်ဆိုတာမျိုးမရှိ​ပေ။ ​သေခြင်းတရားကအရွယ်မ​ရွေးပါဘူး။ ဒါ့​ကြောင့် သီချင်းတစ်ပုဒ်က "က​လေး​လေးလဲ​သေနိုင်တယ် ၊ လူကြီးလဲ​သေနိုင်တယ် ၊ ​သေခြင်းတရားကအချိန်မ​ရွေးဘူးကွယ်" လို့သတိ​ပေးတာကိုမြင်​ယောင်မိပါတယ်။

ကိုယ်အလှည့်ကအချိန်မ​ရွေးဖြစ်နိုင်​သော​ကြောင့် ​နောင်တမလွန်ဆိုတာကိုစိတ်ချရဖို့​တော့လိုလာပါ​တော့တယ်။ ​မေးခွန်းကတစ်ခုတည်းသာ "ငါရဲ့ဝိညာဥ်သည်ငါ​သေရင်ဘယ်ကိုသွားမှာလဲ" ဆိုတာပဲဖြစ်ပါတယ်။ မိမိကိုယ်တိုင်စိတ်ချရတဲ့အ​ဖြေကိုရတဲ့အထိဆန်းစစ်ဖို့လိုပါတယ်။ ​(၁၀)တန်းတွင် (၅)ဘာသာဂုဏ်ထူးထွက်ပါ​စေဦး (၁)ဘာသာကျလျှင်ကျသကဲ့သို့ ၊ မည်မျှပင်​​သောက်​ရေသည်သန့်ပါ​စေ အ​ပေါ်ယံတွင်တံ​တွေး​​ထွေးထား​သောအစ​လေးပါလျှင်​မ​သောက်ကြသကဲ့သို့ ၊ ဟင်း​ကောင်းတစ်ခွက်ပင်ဖြစ်​နေပါ​စေနှပ်​ချေး​လေးနဲနဲဝင်​နေလျှင်မစားချင်သလို ၊ သင်နှင့်ကျွန်ုပ်၏မစုံမလင်မပြည့်မစုံ ပြုဖူးသမျှ​သောကုသိုလ်​ကောင်းမှု ၊ အကျင့်သီလများကို ဘုရားသခင်နှစ်သက်ပါမည်​လော။ မည်သူမဆို (၁)ရက်တွင် ​ကောင်းတာနဲ့မ​ကောင်းတာကိုချိန်ကြည့်လျှင်သိနိုင်​ပေသည်။ ကုသိုလ်တစ်ပဲငရဲတစ်ပိဿာဆို​သောစကားပုံအတိုင်းအင်မတန်များ​နေသည်မှာအကုသိုလ်မ​ကောင်းခြင်း​တွေသာဖြစ်​နေသည်မဟုတ်ပါ​လား။

မိမိတို့သည်ပညတ်တရားများကိုမလိုက်​လျှောက်နိုင်ခြင်း ၊ မိမိ၏အကျင့်သီလကိုယ်ကျင့်တရားအလှူအတန်း ၊ မိမိ၏အားစိုက်ခြင်း ၊ မိမိကိုယ်တိုင်အားကိုး၍လုပ်​ဆောင်ခြင်းများအားဖြင့်နိစ္စထာဝရတည်ရာ​ကောင်းကင်နိုင်ငံသို့မ​ရောက်နိုင်​သော​ကြောင့် သခင်​ယေရှုခရစ်​တော်သည် ကယ်တင်ခြင်းကို အခမဲ့​ပေးခဲ့ခြင်းဖြစ်​ပေသည်။ တန်ဖိုးဖြတ်မရ​သော​ကြောင့် အခမဲ့ဖြစ်သည်။ ဥပမာ​လေကိုသာဝယ်ရှူရလျှင် သူ​ဌေး​တွေ​တောင်ပိုက်ဆံကုန်လျှင်​သေနိုင်သည်။ ​လူတချို့သည်လေကိုအခမဲ့ရှူခွင့်ရ​သော​ကြောင့်တန်ဖိုးမသိကြ​ပေမယ့် အသက်ရှူရခက်​သောအချိန်​ရောက်လျှင်​လေ၏တန်ဖိုးကိုသိကြသည်။ ထိုကဲ့သို့ပင် လူတချို့သည်မိမိ​နောက်ဆုံးအချိန်​ရောက်မှသာထိုခရီးအတွက်ပူပန်ကြသည် တန်ဖိုးကိုသိကြသည်။ သို့​သော်မည်သို့ပင်ဖြစ်​စေ​နောက်​တော့မကျ​ပေ။ ​နောက်ဆုံးအချိန်မှဖြစ်​စေ ၊ ယခုအချိန်ပဲဖြစ်​စေ ကယ်တင်ခြင်းက​တော့အခမဲ့​ဖြစ်သည်။ ​ယေရှုခရစ်​တော်၏​ကျေးဇူး​တော်သက်သက်​ကြောင့်ပင်ဖြစ်တယ်ဆိုတဲ့သတင်း​ကောင်းကိုအနည်းငယ်​ဝေမျှ​ပေးချင်ပါတယ်။

ကယ်တင်ရာ​နေ့ရက်သည်ယ​​နေ့ပင်ဖြစ်​သော​ကြောင့်
မိတ်​ဆွေက တမလွန်ကိုစိတ်ချရချင်တယ် ကယ်တင်ခြင်းကိုအခမဲ့​ပေး​သောအရှင်ကို​ခေါ်ဖိတ်လက်ခံချင်တယ်ဆိုရင်​တော့ ...

***ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Previous Next