November 26, 2026

လူနှင့်ဘုရားပြန်လည်ရင်ကြား​စေ့ခြင်း

ကမ္ဘာဦးအစတုန်းက လူနဲ့ဘုရားမိဿဟာရ ရှိခဲ့တယ်။ အပြစ်တရားဆိုတာ မရှိလာခင်မှာ လူဟာ ဘုရားနဲ့ မိဿဟာရဖွဲ့ ခွင့်ရတယ်ဆိုတာကို မြင်​တွေ့ရတယ်။ ဒါဆိုရင် အပြစ်တရားက ဘယ်က​နေ​ရောက်လာတာတုန်းလို့ ဆိုစရာရှိလာတယ်၊ အပြင်က​ရောက်လာတာမဟုတ်ပါဘူး၊ ထပ်​ပြောပါမယ် အပြစ်တရားသည် အပြင်မှ မလာပါ။ အပြစ်၏အခကား ​သေခြင်းပါ၊ ထိုအချိန်တွင် ​သေခြင်းတရားမရှိ​သေးပါ၊ အပြင်မှာသာ အပြစ်တရားရှိ​နေလျှင် ​သေခြင်းသည် ရှိ​နေနှင့်မှာဖြစ်တယ် ဆိုတာကို နားလည်ရတယ်။ ဒါ့​ကြောင့် အပြစ်တရားသည် အပြင်က​နေ​ရောက်လာ၍ အာဒံနှင့်ဧဝ လက်ချင်းချိတ်ပြီး လမ်း​လျှောက်သွားစဥ် ထိုအပြင်မှလာတယ် ဆို​သော အပြစ်တရားကို ခလုပ်တိုက်မိ၍ လဲကျခြင်းမဟုတ်ပါ။

​​​မြွေသည်အပြင်မှလာလို့ အပြစ်ကအပြင်က လာတယ်ဟု ဆို၍မရ​ပေ။ အပြစ်​ကြောင့်​တော့ မိဿဟာရပျက်ခဲ့သည် တနည်းဆို​သော် ဘုရားစကားကို နားမ​ထောင်ခြင်းအပြစ်ဟုဆိုရ​ပေမည်။ အတိုချုပ်​ပြောရမည်ဆိုလျှင် ဒီလိုနှင့် လူနဲ့ဘုရား မိဿဟာရပျက်သွားတယ်။ ဘုရားသခင်က အပြစ်ကိုလက်မခံနိုင်ဘူး ရွံမုန်း​သော်လည်း၊ အပြစ်သားကို​တော့ချစ်တယ်။ ဒါ့​ကြောင့် လူနဲ့ဘုရား ပြန်လည် မိဿဟာရဖွဲ့နိုင်ရန် သင့်မြတ်​စေဖို့ရာ ကို ​ယေရှုခရစ်​တော်အားဖြင့် ​အခွင့်ရခဲ့ခြင်းဖြစ်ပါတယ်။

ရောမဩဝါဒစာ ၆:၂၃
အပြစ်တရား၏ အခကားသေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက်ပေတည်း။

ပြန်လည်ရင်ကြား​စေ့​ရေး (Reconciliation) ကို ​သခင်ယေရှုခရစ်​တော်၏ အ​သေခံအ​သွေးသွန်းခြင်း အားဖြင့်သာ ကျွ​န်​တော်တို့ အ​ယောက်စီတိုင်းသည် ဘုရားသခင်နှင့် မိဿဟာရဖွဲ့ ခွင့်ကို ပြန်လည်ရရှိခဲ့သည်။ လူ၏ ကြိုးစားခြင်းဖြင့်မရနိုင်၊ အလှူဒါန၊ အကျင့်သီလ စသဖြင့် လူအားဖြင့် မလုပ်နိုင်​ မရနိုင်သော တမလွန်​ရေးရာအတွက် အာမခံချက်ဖြစ်​သော ထာဝရအသက်ကိုပါ ​ကျေးဇူး​တော်အားဖြင့်သာ ရပါသည်။

မိတ်​ဆွေက ​ယေရှုခရစ်​တော်ကို ယုံကြည်လက်ခံလိုက်တဲ့ ​​နေ့မှစပြီး ဘုရားသခင်နှင့်ပြန်လည် မိဿဟာရဖြစ်သွားပါတယ်၊ ထို့​နောက် တပြိုင်တည်းမှာပင် ထာဝရအသက်အတွက် ကယ်တင်ခြင်း​ကျေးဇူး​​တော်သည် သင့်အတွက် အာမခံချက်ဖြစ်သွားပါတယ်။ ထိုသခင်ကို ​ခေါ်ဖိတ်လက်ခံချင်တယ်ဆိုရင်​တော့ ​...


***ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Photo Crd: Internet

Previous Next