The Real Lock Down

ကျွန်တော်တို့ လက်ရှိမှာ Covid-19 ကြောင့် အပြင်မထွက်ကြတာတွေ ၊ Lock Down ချထားတာတွေရှိပါတယ်။
ဒီလိုအချိန်မှာ အပြင်မထွက်ရသလို ၊ အပြင်ကလဲအထဲမဝင်ရပါဘူး။ ဆုံးရှုံးသွားတဲ့အချိန်နာရီတွေလို့ပဲဆိုကြပါစို့။
သွားချင်ရာမသွားရ၊ထွက်ချိန်တန်မထွက်ရသဘောပေါ့။
ဒီလိုပဲကျွန်တော်တို့ ယုံကြည်သူအသက်တာမှာ ဝိညာဥ်ရေးရာ Lock Down ချခံထားရတာရှိနေပါသလားဆိုတာဆင်ခြင်ဖို့ဖြစ်ပါတယ်။
အသက်တာထဲက ချစ်ခြင်းမေတ္တာစီးမထွက်လာတာ၊စိတ်ရှည်ခြင်းတွေစီးမထွက်တော့ဘူးလား၊သည်းခံခြင်းတွေပိတ်ဆို့နေသလား၊သူတပါးအတွက်ကိုကောင်းကြီးမဖြစ်စေတာ၊ကိုယ့်အသက်တာမှာဝိညာဥ်ရေးရာအားနည်းလာတာ၊အချင်းချင်းမချစ်နိုင်တာ၊ အစရှိသဖြင့်ပေါ့။ အသက်တာမှာပိတ်ဆို့တားဆီးနေသော ကျောက်များကိုသတိထားမိဖို့ရာဆင်ခြင်တတ်ဖို့လိုပါတယ်။
အဓိကအရေးကြီးသော ပိတ်ဆို့နေသော The Real Lock Down ဖြစ်သော ဝိညာဥ်ရေးရာပိတ်ဆို့ခြင်းကိုဖယ်ရှားကြပါစို့လို့ အယောက်စီတိုင်းကိုဝေမျှခွန်အားပေးချင်ပါတယ်။
ဧဖက်ဩဝါဒစာ ၄:၂၉-၃၂
ညစ်ညူးသောစကားတခွန်းကိုမျှ သင်တို့နှုတ်ထဲက မထွက်စေနှင့်။ ကြားနာသော သူတို့၏အကျိုးကို ပြုစုစေခြင်းငှါ၊ တည်ဆောက်စရာဘို့ ကောင်းသော စကားကိုသာ သုံးဆောင်ကြလော့။
ရွေးနှုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။
ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်းတို့ကို၎င်း၊ ခပ်သိမ်းသော မနာလိုခြင်းကို၎င်း၊ သင်တို့မှ ပယ်ရှားကြလော့။
အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။
သခင်ယေရှုခရစ်တော်တည်းဟူသော Key နှင့် Lock Down များကိုဖွင့်ကြပါစို့လို့အနည်းငယ်ဝေမျှခွန်အားပေးချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။