November 26, 2026

အလှူ​ငွေများနှင့်ပါတ်သတ်၍အထင်လွဲတတ်ခြင်းများအတွက် ရည်ရွယ်သည်။

အလှူ​ငွေများနှင့်ပါတ်သတ်၍အထင်လွဲတတ်ခြင်းများအတွက် ရည်ရွယ်သည်။

 

တချို့မယုံကြည်သူများ၊သာသနာပလူများနှင့်မိရိုးဖလာခရစ်ယာန်အချို့သည် အထင်လွဲမှားတတ်ကြသည်။
ဒါ့​ကြောင့် ... အနည်းငယ်ကျွန်​တော်သိသ​လောက် ​ဝေမျှ​ပေးချင်ပါတယ်၊လိုအပ်ချက်များအတွက်ကြိုတင်​တောင်းပန်သလို ပို၍သိချင်လိုလျှင်ဆက်သွယ်နိုင်ပါတယ်။

 

ဘုရား​ကျောင်း​တွေမှာ အလှူ​​ငွေ​တွေ​ကောက်တယ် မထည့်မ​နေရလို့ထင်မြင်တတ်ကြတယ်။(​ပြောတဲ့သူ​တွေရှိလို့ရှင်းပြခြင်းဖြစ်တယ်)
ဟုတ်ကဲ့ အလှူ​ငွေ​ကောက်ပါတယ် သို့​သော် မထည့်မ​နေရမဟုတ်ပါ။ တချို့က တစ်ကြိမ်​ကောက်တယ်၊တချို့ကနှစ်ကြိမ်စသဖြင့်ကွာခြားပါတယ်။
ကျွန်​တော်ပါဝင်တဲ့ဘုရား​ကျောင်းမှာ ၂ကြိမ်​ကောက်ပါတယ်။ အပါတ်စဥ်အလှူ​ငွေနဲ့ဧဝံ​ဂေလိအလှူ​ငွေဖြစ်ပါတယ်။ အပါတ်စဥ်အလှု​ငွေကို ဘုရား​ကျောင်းကိစ္စ​တွေမှာသုံးပြီး၊ဧဝံ​ဂေလိအလှူ​ငွေကို ဧဝံ​ဂေလိတရား​ဟောပွဲလုပ်တာ​တွေမှာသုံးပါတယ် စသဖြင့်အထင်မှားတတ်ကြ​သော​ကြောင့်ရှင်းပြ​ပေးတတ်ကြပါတယ်။
​နောက်သိထားရမှာက ...
မထည့်မ​နေရမဟုတ်ပါ။ နှုတ်ကပါတ်​တော်တစ်ချက်ကဒီလို​ပြောပါတယ် ...

 

ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၉:၇
လူတိုင်း ကိုယ်အလိုအလျှောက်လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသော သူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။

 

ဟုတ်ပြီ ​နောက်တစ်ချက် ...

ရှင်မဿဲခရစ်ဝင် ၆:၃
သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှါ၊ လက်ျာလက်ပြုသည် အမှုကို လက်ဝဲလက်မျှမသိစေနှင့်။

 

ညာဘက်လက်က​ပေးလှူခြင်း​တောင်ဘယ်ဘက်လက်ကိုမသိ​စေနဲ့လို့ဆိုထားတာကို​တွေ့ရမယ်။ ဒီ​တော့ ဘယ်​လောက်လှူပါတယ်ဆိုပြီးဝါကြွားခြင်း​တွေ၊ဘယ်​လောက်ထည့်ပါလို့​တောင်းခံခြင်း​တွေသည် မှားယွင်းစွာနားလည်ထားကြလို့ဖြစ်တယ်။ ဘယ်​လောက်လှူပါတယ်ဆိုပြီး​အော်ဟစ်​ပြောဆို​နေဖို့မဟုတ်ဘူးဆိုတာကိုနားလည်​စေချင်ပါတယ်။မလှူမ​နေရလို့​တောင်းခံ​နေတဲ့​နေရာရှိသလား​တော့ကျွန်​တော်မသိပါ။ သို့​သော် မလှူမ​နေရမဟုတ်ပါ။ အလှု​ငွေထည့်​သောအိတ်(ပုံး)စသဖြင့်​​တွေနဲ့​တော့လူ​ရှေ့လိုက်​ကောက်​ပေးတာမျိုးရှိပါတယ်၊ထပြီးမထည့်ရ​အောင် လုပ်​ပေးခြင်းမျိုးသာဖြစ်တယ်ဆိုတာနားလည်​စေချင်ပါတယ်။ ​နောက်တစ်ကြိမ်ထပ်​ပြောပါမယ် မလှူမ​နေရမဟုတ်ပါ။

 

​နောက်တစ်ချက်လွဲမှားစွာနားလည်တတ်ကြတာသည်ဆယ်ဖို့တစ်ဖို့ဖြစ်တယ်။
ကျမ်းစာတစ်အုပ်လုံးမှာ ဘုရားသခင်ကို စုံစမ်းတာမျိုးမလုပ်ရဘူးလို့နားလည်ရသလို စုံစမ်းခိုင်းတာတစ်ချက်ပဲရှိတယ် ဆယ်ဖို့တစ်ဖို့နဲ့စုံစမ်းပါဆိုတာပဲဖြစ်တယ်။

 

မာလခိအနာဂတ္တိကျမ်း ၃:၁၀
ဆယ်ဘို့တဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို့ သွင်း ၍၊ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှါ ပြုကြလော့။ ငါ သည် မိုဃ်းကောင်းကင်ပြတင်းပေါက်တို့ကို ဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင်သွန်းလောင်းမည် မသွန်းလောင်းမည်ကို ထိုသို့ စုံစမ်းကြလော့ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။

 

ဓမ္မ​ဟောင်းမှာ​တော့ ပညတ်ချက်ဖြစ်​ပေမယ့်၊ဓမ္မသစ်မှာ​တော့ ဘုရားကိုချစ်တဲ့စိတ်နဲ့သစ္စာရှိခြင်းနဲ့ပါဝင်ရမှာဖြစ်တယ်ဆိုတာနားလည်ရပါတယ်။ ဒါ့အပြင် ​ငွေ​ကြေးပဲလားဆို​တော့ ပြန်လည် အ​သေးစိတ်ထိသွားမယ်ဆိုရင်
မဟုတ်ပြန်ဘူးပဲ။ ကျွန်​တော်တို့ရဲ့အရာရာကို​တောင် ထည့်တွက်လို့ရပါတယ်။ ကျွန်​တော်တို့အတွက် အချိန်နာရီသည်တစ်ရက်ကို ၂၄နာရီရှိတယ် ၂နာရီနဲ့မိနစ်၄၀ဘုရားအတွက်ပါဝင်နိုင်တယ်၊​ငွေ​ကြေး၊အစွမ်းသတ္တိ၊အချိန်နာရီ၊အစရှိသဖြင့် ဘုရားကိုချစ်​သောစိတ်နဲ့ပါဝင်နိုင်ပါတယ်။

 

ဒီစာကို​ဖတ်​နေ​သောသူသည် နားလည်နိုင်ဖို့ရာ ဘုရားရှင်​ကောင်းကြီး​ပေးပါ​စေ။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

Previous Next