ဆွေးနွေးတိုင်ပင်ခြင်းအမှု

ဆွေးနွေးတိုင်ပင်ခြင်းမည်သည် လူ့အသိုင်းအဝိုင်းတစ်ခုလုံးအတွက်လိုအပ်သော အချက်တစ်ခုဖြစ်သည်။ လုပ်ငန်းခွင်မှာဖြစ်စေ၊ လူမှုရေးရာအခြေအနေဖြစ်စေ၊ တိုင်ပင်အကြံပြုသော လူတစ်ဦးဦး၊ ရာထူးတစ်ခုခုထားရှိတတ်ကြစမြဲပင်ဖြစ်သည်။ နိုင်ငံတိုင်း နိုင်ငံတိုင်းတွင်ကြည့်မည်ဆိုလျှင်လည်း တိုင်ပင်ခံဆိုသည့် ရာထူးတစ်နေရာသည် အရေးကြီးသောနေရာပင်ဖြစ်နေသည်။ တိုင်ပင်ခြင်းအားဖြင့်လည်း အကြံထမြောက်နိုင်သည် မဟုတ်ပါလော။
ဝိညာဥ်ရေးရာပိုင်းတွင်လည်း ထိုနည်းတူ ဆွေးနွေးဖော်၊ တိုင်ပင်ဖော်၊ ဝိညာဥ်ရေးရာကို တည်ဆောက်ပေးသော မိတ်ဆွေ အပေါင်းအသင်းများလိုအပ်ပေသည်။ မိမိ၏ ဝိညာဥ်ရေးရာမှာ တခါတရံ အလွဲအမှားလေးတွေဖြစ်နေမလား၊ အယူအဆ ဝေဝါးနေမိတာလေးတွေ၊ နားမလည်တာလေးတွေ ရှိနေတဲ့အခါမှာ ထိုသို့သော မိတ်ဆွေနှင့် ဆွေးနွေးတိုင်ပင်တဲ့အခါမှာ အထောက်အကူပြုပေသည်။ ထို့ကြောင့် အနည်းဆုံးတော့ ဆွေးနွေးတိုင်ပင်ဖော်ဖြစ်သော ဝိညာဥ်ရေးရာ မိတ်ဆွေတစ်ဦးတော့ရှိသင့်ပေသည်။
ကျွန်တော်တို့တွေသည် သူတပါးအားမေးရန် တွန့်ဆုတ်နေကြသည်မှာ ရှက်တတ်သောကြောင့်လော၊ အောက်ကျမည်စိုး၍လော မသိပါ။ ငါ့မှာလဲ ဝိညာဥ်တော်ရှိတယ်ဆိုသော မာနကြောင့်များလားလို့ ဆင်ခြင်မိပါတယ်။ ထိုဖွင့်ပြခြင်းက အလွဲဖြစ်နေလျှင်တော့ ကြောက်စရာသိပ်ကောင်းလှပေသည်။ ဒါ့ကြောင့် ဆရာသမား၊ မိတ်ဆွေ၊ စသဖြင့်ကို မေးရန်၊ ဆွေးနွေးရန်မှာ လွန်စွာအရေးကြီးပါတယ်။ လောကရေးရာမဟုတ်သောကြောင့် သာ၍ သတိထားသင့်သည်ကို မမေ့ပါနှင့်။
သက်သာလောနိတ်ဩဝါဒစာ ပဋ္ဌမစောင် ၅:၁၁
ထိုကြောင့်၊ သင်တို့သည်ယခုပင်ပြုသည်နည်းတူ၊ အချင်းချင်း တိုက်တွန်း၍ တယောက်ကိုတယောက် တည်ဆောက်ကြလော့။
အချုပ်အားဖြင့်ဆိုသော် ဝိညာဥ်ရေးရာမာန၊ ရှက်ကြောက်ခြင်း၊ တွန့်ဆုတ်ခြင်းများကိုဖယ်ရှား၍ စစ်မှန်သော ဆွေးနွေးတိုင်ပင်ခြင်းကို ဝိညာဥ်ရေးရာ မိတ်ဆွေများနှင့် မိဿဟာရဖွဲ့ခြင်းအားဖြင့် သမ္မာတရားကို ဝယ်လော့ဆိုသည်အတိုင်း အဖိုးအခပေးကာ ဆွေးနွေးတိုင်ပင်အတည်ပြုတတ်သောသူများ ဖြစ်ကြပါစေလို့ အနည်းငယ် ဝေမျှတိုက်တွန်းလိုပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet