အယူဝါဒတွေကိုဆင်ခြင်ပါ

စီးပွားရေးလုပ်သည်ဖြစ်စေ၊ ခေါင်းဆောင်မှုတစ်ခုဖြစ်စေ၊ အလုပ်သမားပဲဖြစ်ပါစေ ခံယူချက်အမျိုးမျိုးတော့ရှိတတ်ကြပါတယ်။ ကျွန်တော်တို့ယုံကြည်သူ ခရစ်ယာန်တွေလဲအပါအဝင်ပဲဖြစ်တယ်ဆိုတာဟာ ငြင်းမရတဲ့အမှန်တရားပင်ဖြစ်ပါတယ်။ ထိုအလုပ်တွေအပေါ် ကို ကျွန်တော်တို့တွေဟာ ဘယ်လိုခံယူချက်တွေနဲ့လုပ်နေတာလဲဆိုတာကို အနည်းငယ်ချိန်ထိုးကြည့်ကြရအောင်။
ပထမအယူဝါဒကို လက်တွေ့အကျိုးမျှော်ဝါဒ (Pragmatism) လို့ခေါ်ပါတယ်။ သူက အကျိုးအမြတ်ရဖို့သာကြည့်တယ်၊ သူတပါးအတွက်မတွေးဘူး၊ မစဥ်းစားပေးဘူး၊ မိမိရဲ့အကျိုးအမြတ်သာကောင်းကောင်းရမယ်ဆိုလျှင် ကျန်တဲ့သူတွေဆုံးရှုံးနေပါစေ ကိုယ်ကျိုးသာကြည့်ခြင်းတစ်ခုဖြစ်တယ်။ ဒီအယူဝါဒကို နာဇီတွေ၊ အာဏာရှင်တွေကျင့်သုံးကြတယ်လို့လဲ ယူဆလို့ရတယ်။
ဒုတိယအယူဝါဒကို မိမိစိတ်ကြိုက်ပြုမူပိုင်ခွင့်အယူဝါဒ (Libertarianism) လို့ခေါ်ပါတယ်။ သူကတော့ မိမိရဲ့လွတ်လပ်ပိုင်ခွင့်လို့ ဆိုရမယ်ထင်ပါတယ်။ မိမိဖာသာ အရက်သောက်သောက်၊ အိမ်ထောင်ပဲဖောက်ပြန်ပြန်၊ မတရားသောမေထုန်ကိုလုပ်လုပ်၊ ဆေးပဲဆွဲနေပါစေ လာပြောပိုင်ခွင့်မရှိဘူး၊ ဘာပဲလုပ်လုပ် မိမိရဲ့လွတ်လပ်ပိုင်ခွင့်တစ်ခုသာကြည့်တယ်။ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး ဘာဖြစ်ဖြစ် မိမိရဲ့လွတ်လပ်ပိုင်ခွင့်ကသာအရေးကြီးတာလို့ ခံယူကြတယ်။
တတိယတစ်ခုကတော့ မိမိရဲ့ခံစားချက်ဖြင့်ပြုမူဆုံးဖြတ်မှုအယူဝါဒ (Relativism)လို့ခေါ်ပါတယ်။ သူကတော့ မိမိရဲ့ခံစားချက်ပေါ် မူတည်တဲ့အယူအဆဖြစ်တယ်။ လဘ်ပေးလဘ်ယူလုပ်ခြင်းသည် မိမိခံစားချက်အတွက်အဆင်ပြေရင် လုပ်နိုင်သည် သူတပါးအမြင်အဆင်မပြေလဲအရေးမကြီးပေ။ ထို့အတူ အခြားကိစ္စများလည်းအတူတူပင်ဖြစ်သည်။ မိမိ၏ စိတ်ခံစားချက်ပေါ်သာမူတည်နေသော အယူအဆဖြစ်သည်။
ကျွန်တော်တို့ယုံကြည်သူတွေကရော ထိုအယူဝါဒတွေနဲ့များ မိမိ၏လုပ်ငန်း၊ ဦးဆောင်ခြင်း၊ အလုပ်သမားတစ်ယောက် အဖြစ်လုပ်ကိုင်နေမိပါသလားဆိုတာကို ဆန်းစစ်ကြည့်ဖို့ရာ လိုအပ်ပါတယ်။ ယုံကြည်သူတွေကတော့ နှုတ်ကပါတ်တော်သမ္မာတရားကိုသာစံထားရမည်။ မည်သည့်အလုပ်ကိုလုပ်လုပ်၊ ဘယ်သူ့ကိုဦးဆောင်ဆောင်၊ ဘယ်စီးပွားရေးလုပ်ငန်းကိုလုပ်နေပါလေစေ ကောင်းခြင်း၊ ဆိုးခြင်း၊ မှားခြင်း၊ မှန်ခြင်း၊ လုပ်ရမလား၊ မလုပ်ရမလား၊ စသဖြင့်အဆုံးအဖြတ်ပေးဖို့ရာ စံနှုန်းရှိရမည်။ ထိုအရာသည် ဘုရားသခင်တစ်ပါးတည်းပင်ဖြစ်သည်။ ဘုရားသခင် နှစ်သက်သောအရာ၊ မနှစ်သက်သောအရာ၊ လုပ်ရမည့်အရာ၊ မလုပ်ရမည့်အရာ၊ ရှောင်ရန်ဆောင်ရန်၊ ပြုမူခြင်းပြောဆိုခြင်း၊ သူတပါးအကျိုးကြည့်ရမလား မကြည့်ရမလား စသဖြင့်သည် သမ္မာကျမ်းစာတွင်အကုန်ပါပြီးသားဖြစ်ပါတယ်။ ကျွန်တော်တို့က လုပ်ပါ မလုပ်ပါနဲ့ဆိုသော လောကစကားတွေအပေါ်ကိုသာစိတ်ဝင်စားမိပြီး လုပ်မိသောကြောင့် ခဏတာအဆင်ပြေသလိုရှိသော်လည်း ရှေရှည်မတည်မြဲခြင်း၊ ဘုရားဘုန်းတော်မထင်ရှားခြင်းတွေသာဖြစ်ရကြသည်။
ဒါ့ကြောင့်မို့လို့ Absolutism (အကြွင်းမဲ့အာဏာပိုင်စိုးရေးဝါဒ) ဖြစ်သော ဘုရားစကားကိုသာ စံထားကြ၍
ကျွန်တော်တို့ယုံကြည်သူအယောက်စီတိုင်းသည် စီးပွားရေးပဲလုပ်လုပ်၊ ခေါင်းဆောင်ပိုင်းပဲလုပ်လုပ်၊ အလုပ်သမားပဲဖြစ်နေပါစေ စံထားရမည်မှာ နှုတ်ကပါတ်တော်ဘုရားစကားဖြစ်ပြီး ထိုဘုရားစကားအတိုင်းသာ လုပ်ဆိုလုပ်၊ မလုပ်နဲ့ဆိုမလုပ်သောသူတွေဖြစ်စေပြီး ဘုရားဘုန်းတော်ထင်ရှားသောသူတွေဖြစ်ကြရအောင် အယောက်စီတိုင်းကိုအနည်းငယ်တိုက်တွန်းခွန်အားပေးချင်ပါတယ်။
Ref: Business As Mission
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi