ဆင်ခြင်အောက်မေ့တတ်သောသူ

ယုံကြည်သူတစ်ယောက်ဖြစ်လာတာနဲ့အလျှောက် ဝိညာဥ်ရေးရာသည် တစ်နေ့ထက်တစ်နေ့သာ၍ ကြီးထွားလာဖို့အရေးကြီးပါတယ်။
ရှင်ပေါလုကတော့ဒီလိုပြောပါတယ်။
ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၃:၁၁
ငါသည် သူငယ်ဖြစ်စဉ်အခါ၊ သူငယ်လိုစကားပြော၏။ သူငယ်လိုစိတ်ထင်၏။ သူငယ်လိုကြံစည်၏။ အသက်ကြီးသောအခါမူကား၊ သူငယ်၏ အရာများကို ငါပယ်ရှား၏။
ကျွန်တော်တို့တွေဟာ အသက်၅၀လောက်မှ နို့ဘူးစို့ရင်းပုခက်လေးစီးလိုက်၊အဝတ်မပါပဲလမ်းမှာလျှောက်ပြေးနေလို့အမြင်မသင့်ပါ။ ဒါဟာသူငယ်တွေသာလုပ်တဲ့အရာတွေဖြစ်တယ်ဆိုတာဆင်ခြင်မိဖို့လိုအပ်ပါတယ်။
ဒီလိုပဲဝိညာဥ်ရေးရာသူငယ်မဖြစ်စေဖို့လိုပါတယ်။ဝိညာဥ်ရေးရာကြီးထွားလာဖို့ နှုတ်ကပါတ်တော်နို့စစ်ကိုသောက်သုံးဖို့လိုအပ်ပါတယ်။သူငယ်အရွယ်မှနေအဘအရွယ်ထိတိုင်အောင် ဝိညာဥ်ရေးရာကြီးထွားရင့်ကျက်သောသူဖြစ်စေဖို့ရာ ဘုရားသခင်အလိုရှိတယ်ဆိုတာဆင်ခြင်ခွန်အားယူဖို့ဖြစ်ပါတယ်။မဟုတ်ရင်တော့ ဝိညာဥ်ရေးရာဂီလာနဖြစ်သွားရင် အသက်တာအတွက်စိုးရိမ်စရာဖြစ်တယ်ဆိုတာနားလည်ဖို့ရှိပါတယ်။
ဆာလံကျမ်း ၆၃:၅-၆
အိပ်ရာပေါ်မှာ ကိုယ်တော်ကို အောက်မေ့၍၊ ညယံတို့၌ ကိုယ်တော်ကို ဆင်ခြင်လျက် နေသောအခါ၊ ဆီဥကိုလည်းကောင်း၊ ဆူသောအသားကိုလည်းကောင်း စား၍ဝသကဲ့သို့၊ အကျွန်ုပ်၏ ဝိညာဉ်သည်ဝ၍ ရွှင်လန်းသော နှုတ်ခမ်းနှင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကို ချီးမွမ်းပါမည်။
တနေ့တာလုံးပြုခဲ့သမျှ၊ပြောဆိုခဲ့သမျှတွေကိုအိပ်ခါနီးတောင်မှပြန်လည်ဆင်ခြင်ပိုင်းခြားရင်း ဝိညာဥ်တော်နဲ့သွားလာတတ်သော ဝိညာဥ်ရေးရာအဘအရွယ်ထိတိုင်ရင့်ကျက်သောသူဖြစ်လာစေဖို့ထိဆက်သွားဖို့လိုပါတယ်။ Born Again အသက်တာသည် ကယ်တင်ခြင်းရပြီးတာနဲ့ရပ်တန့်နေဖို့မဟုတ်သလို တချို့အရာတွေကို ဆက်မှားနေဖို့မဟုတ်ဘူးဆိုတာကို ပိုင်းခြားနားလည်ဖို့အရေးကြီးပါတယ်။ ဝိညာဥ်တော်ရဲ့အလေ့အလာသိပြီး သွားလာတတ်လာရင် မှန်သည်မှားသည်ကို သေချာပိုင်းခြားတတ်လာမယ် ဒါဆိုရင် ကိုယ်ပြုမိတဲ့အရာရာတိုင်းမှာ အမှားတွေကိုလည်းဆင်ခြင်ပြင်ဆင်တတ်လာမှာဖြစ်တယ်။ ဝိညာဥ်တော်နဲ့သွားတဲ့အသက်တာသည် မှားရင်မှားမှန်းဖော်ပြခြင်းကိုခံရမှာဖြစ်တယ် ဒါ့ကြောင့်မို့လို့လည်း Same Mistake ဆိုတာမျိုးတွေမရှိနိုင်တော့ဘူး။ ပျောက်သောသား နောက်တစ်ကြိမ်အိမ်ကမထွက်သွားသလို၊ဒါဝိတ်လဲဒုတိယ ဗာသာရှေဘ မရှိတော့ဘူးဆိုတာနားလည်ရပါတယ်။ စစ်မှန်တဲ့နောင်တရဖို့တော့လိုပါတယ် တကယ်စစ်မှန်သောနောင်တမဟုတ်ရင်တော့ မှားလိုက်တောင်းပန်လိုက်ပြန်မှားလိုက်နဲ့ မုန့်လုံးကို စက္ကူကပ်နေသလိုပဲဖြစ်နေမှာပါ။ အသက်တာပြောင်းလဲပြီးနောက်ပိုင်းမှာတော့ နေ့စဥ်အသက်တာမှာပြန်လည်ဆင်ခြင်အောက်မေ့တတ်သောသူဖြစ်စေဖို့ရာအနည်းငယ်ခွန်အားပေးတိုက်တွန်းချင်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi