November 26, 2026

အမှု​ရောက်​သောကာလ

အသက်တစ်ရာမ​နေရ ၊ အမှုတစ်ရာကြုံရဆိုသကဲ့သိုပင် ​လောကမှာ​အသက်ရှင်ရခြင်းသည် ​ကောင်းခြင်းဆိုးခြင်းများစွာကိုကြုံ​တွေ့ခံစားကြရပါသည်။ လက်ရှိတွင် Covid-19 မှမပြီး​သေး​သော်လည်း US တွင်ဖြစ်​ပေါ်​နေ​သောအ​ရေးကိစ္စများသည် ထို​နေရာ၌​နေသူများအတွက်​တော့ မည်သို့မျှစိတ်မ​အေးရ​ပေ။ တိုင်းပြည်မငြိမ်သက်ခြင်းဖြစ်သည်သာမက ၊ မငြိမ်သက် တာကို အခွင့်ကောင်းယူပြီး အချောင်လုယက်ချင်သူများ ကလည်းရှိသေးသည်။ ထိုအရာကိုမြင်၍လည်း ကျွန်​တော်တို့သည် ဆင်ခြင်အတုယူဖို့ရာလိုအပ်ပါသည်။

US တွင်ခံစား​နေရ​သောထိုအ​ရေးသာမက ၊ အခြားအခြား​သော​နေရာအသီးသီးတွင်လည်း ကြုံ​တွေ့​နေရတဲ့အမှုအ​ရေး​တွေ ၊ စိတ်ညစ်စရာ​တွေများစွာသူ့​နေရာသူ့​ဒေသအသီးသီးရှိကြမှာပါ။ ကျွန်​တော်တို့က ဒီအရာကိုပဲမြင်၍ စိတ်ပျက်မ​နေကြဖို့ရာလိုအပ်ပါတယ်။ စိတ်ပျက်​နေလျှင်လည်း အ​ခြေအ​နေက​တော့​​​ကောင်းသွားမည်မဟုတ်​ပေ။ ဒီလိုအမှု​ရောက်ရတဲ့အချိန်မှာစိတ်ပျက်​နေပါလျှင် အားနည်းပါတယ်လို့အတိအကျသတိ​ပေးထားပါတယ်။ ဒါ့ကိုသတိပြု၍ ​ကျွန်​တော်အပါအဝင် နေရာ​ဒေသအသီးသီးမှယုံကြည်သူညီကို​မောင်နှမများ စိတ်မပျက်ကြဖို့ရာဆင်ခြင်ကြရ​အောင်။

သမ္မာကျမ်းစာမှာကြည့်ရင် စိတ်ပျက်​နေတဲ့လူ​တွေရှိခဲ့ပါတယ်။ ထိုသူတို့ကိုအနည်းငယ်​လေ့လာရင်း ခွန်အားယူကြဖို့ဖြစ်ပါတယ်။ ဂိ​ဒေါင်ကို ဘုရားသခင်က အားကြီး​သောသူရဲလို့​ခေါ်တာ​ကိုသူကမနာ​ရှေအမျိုးထဲမှာ​တောင်ပိုပြီးဆင်းရဲ​သောသူ ၊ ​ဆွေမျိုးထဲမှာ​တောင်အယုတ်ညံ့ဆုံး​သောသူဖြစ်တယ်လို့စိတ်ပျက်အားငယ်​သောသူပါလို့မိမိကိုယ်ကိုစိတ်ပျက်အားငယ်စွာမှတ်ယူ​သောသူဖြစ်ပါတယ်။ မိဒျန်စစ်တပ်မှလူ​တွေမ​တွေ့​အောင်ပုန်း၍စပါးနယ်​နေတာပါ။

ဒီလိုပါပဲ​နောက်တစ်ခုက​တော့ ဗိမ္မာန်​တော်မြို့ရိုးပြန်တည်​ဆောက်ချိန်မှာအားလုံးစိတ်ပျက်​နေကြပါတယ်။ ရန်သူ​နှောက်ယှက်ခြင်းကိုအကြိမ်ကြိမ်ခံကြရတယ်။

ဒီလိုစိတ်ပျက်​နေကြတဲ့အချိန်မှာ နှုတ်ကပါတ်​တော်​ရောက်လာပြီးအားပြည့်ကြတယ်။ ဂိ​ဒေါင်လဲ​ပြောင်းလဲသွားပြီး မိဒျန်​တွေကိုအနိုင်ယူလိုက်သလို ၊ မြို့ရိုးတည်​ဆောက်သူ​တွေမှာလဲရန်သူ​နှောက်ယှက်မှာကိုကာကွယ်ဖို့အသင့်လုပ်ရင်းတည်​ဆောက်ခြင်းကိုပါတစ်ပြိုင်တည်းလုပ်နိုင်တဲ့အထိအားပြည့်လာတာကိုမြင်ရပါတယ်။ ကျွန်​တော်တို့ရဲ့စိတ်ပျက်အားငယ်ခြင်း​တွေ ၊ အခက်အခဲ​တွေ ၊ နာကျင်ခြင်း​တွေ စသဖြင့်ကို စိတ်ပျက်အားငယ်​နေမလား ၊ ငြီးတွား​နေမလားဆိုတာဆင်ခြင်ဖို့ဖြစ်ပါတယ်။

ထာဝရဘုရားကို​မျှော်လင့်​သောသူတို့မူကားအားပြည့်ကြလိမ့်မည်လို့အတိအကျသတိ​ပေးထားတာကိုသတိပြုကြရင်း အမှု​ရောက်တဲ့ကာလများမှာစိတ်မပျက်ကြစို့နဲ့ရယ်။
သမ္မာတရားကိုသိရင်လွတ်ခြင်းအခွင့်ရှိပါတယ်။ နှုတ်ကပါတ်​တော်ကိုဆင်ခြင်ကြရင်း ယုံကြည်ခြင်းကိုတိုးမြှင့်ကာ ဝိညာဥ်​ရေးရာအဘအရွယ်ကိုတက်လှမ်းကြပါစို့လို့အ​ယောက်စီတိုင်းကိုခွန်အား​ပေးချင်ပါတယ်။

သုတ္တံကျမ်း ၂၄:၁၀
သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက်လျှင် အားနည်း၏။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Previous Next