November 26, 2026

Covid-19 With Mental Health

ဒီ​ရောဂါဟာစိတ်ပိုင်းဆိုင်ရာကိုလဲအထိနာ​စေတယ်ဆိုတာကို​တွေ့ရပါတယ်။​ ကျွန်​တော်လေ့လာမိသ​လောက်က​တော့ လူ​တွေကသီးသန့်​နေရတဲ့အခါ၊အပြင်မထွက်ရတဲ့အခါ၊သတင်းဆိုး​တွေပဲမြင်ရကြားရ​တွေ့ရတဲ့အခါ၊​ရောဂါကိုယ့်ဆီကူးစက်ခံရတဲ့အခါစသဖြင့် ​ကြောက်ရွံ့မှု​တွေ၊စိုးရိမ်ပူပန်မှု​တွေမြင့်တက်လာရင်း လူ​တွေရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာ​ရေးကိုပါထိခိုက်လာတာကို​တွေ့ရပါတယ်။

 

WHO ကလဲဒီအရာကို​သေ​သေချာချာသိထား​သော​ကြောင့် လူ​တွေရဲ့စိတ်ပိုင်ဆိုင်ရာဘယ်​လောက်ထိကိုထိခိုက်​စေသလဲဆိုတာကို Quarantine လုပ်​နေချိန်မှာ​တောင် လူရဲ့ပုံမှုန်လှုပ်ရှားမှု​တွေ၊အထီးကျန်မှုအဆင့်​တွေ၊စိတ်ဓါတ်ကျ၊အရက်​သောက်၊​မူးယစ်ဆေးသုံး၊မိမိကိုယ်ကိုထိခိုက်​စေမှူ၊​မိမိကိုယ်ကိုအဆုံးစီရင်မှုအစရှိသဖြင့်​တောင်ရှိနိုင်တယ် မြင့်တက်လာနိုင်​ခြေရှိတယ်လို့ခန့်မှန်းကြတယ်ဆိုတာကို​တွေ့ရပါတယ်။

 

BBC က​နေလဲ ( How To Protect Your Mental Health ​)ခေါင်းစဥ်နဲ့စိတ်ပိုင်းဆိုင်ရာအတွက်နည်းအချို့​ဖော်ပြထားပါ​သေးတယ်။ စိုးရိမ်​ကြောင့်ကြမှု​တွေကို "APPLE" ဆို​သောနည်းက​လေးနဲ့​ဖြေ​လျော့ဖို့အကြံပြုထားပါတယ်။ Acknowledge, Pause, Pull back, Let go, Explore စသည်ဖြင့်ဖြစ်ပါတယ်။
(A) စိတ်ထဲ​ရောက်လာ​သောမ​သေချာတဲ့အရာတွေကို လက်ခံလိုက်ပါအသိအမှတ်ပြုလိုက်ပါ။ သတင်းဆိုး​တွေကို​ပြောချင်တာဖြစ်မယ်ထင်ပါတယ်။
(P) ပုံမှန်အတိုင်းမတုန့်ပြန်ပဲ ခဏနားပြီးအသက်ကိုပြင်းပြင်းရှူလိုက်ပါ။
(P) ဒီအရာကစိုးရိမ်စရာသာဖြစ်တယ်အကူအညီမဖြစ်​စေဘူးအ​ရေးမကြီးဘူးစသဖြင့်မိမိကိုယ်ကိုယ်သတိ​ပေး။ကိုယ့်စိတ်ခံစားချက်အ​တွေးသာဖြစ်တယ်။ကိုယ်​တွေးသလိုထင်သလိုအကုန်မယုံနဲ့။အ​တွေးသက်သက်ပဲဘာမှအ​မှန်တရားမဟုတ်ဘူး။
(L)အဲ့အ​တွေး​တွေခံစားချက်​တွေဖယ်ရှားပြီးအဲ့အတွက်တုန့်ပြန်ဖို့မလိုသလို ခံစားချက်​တွေသည်ပူ​ပေါင်းလို၊တိမ်​​တွေလိုမျောလွင့်သွားတယ်လို့မှတ်ပါ။
(E)လက်ရှိအချိန်ကိုစူးစမ်းပါအခုကအ​​ကောင်းဆုံးပဲ ကိုင်လို့ရ၊ထိလို့ရ၊မြင်လို့ရတာ​တွေနဲ့လုပ်ရမယ့်အရာကိုအာရုံစိုက်ပါ။
စသဖြင့် နဲနဲစီအဆင်​ပြေ​အောင်ကျွန်​တော်​ရေး​ပေးတာဖြစ်ပါတယ်။ မစုံလင်​သေးပါ။သတင်းစုံက​တော့ ​အောက်ဆုံးမှာ Link ချ​ပေးထားပါတယ်။ ဖတ်ကြည့်ကြပါ။

 

မြန်မာနိုငိငံမှာလဲ Q ဝင်ရမှာ​ကြောက်ကြပါတယ်။ဘာလို့လဲဆိုရင်လူ​တွေသူတို့အ​ပေါ်ကြည့်တဲ့မျက်လုံးကို​ကြောက်ကြပါတယ်။တရားခံလို၊ဂြိုလ်သားလိုအကြည့်​တွေနဲ့​ပေါ့။ဒီအရာက​တော့ဆင်ခြင်ကြဖို့လိုပါတယ်၊သူတို့​တွေလဲဖြစ်ချင်လို့ဖြစ်တာမဟုတ်ပါ။တချို့ကလဲ​ရောဂါရသူ​တွေကိုအပြစ်တင်ကြနဲ့​​ပေါ့ ကိုယ်ဆိုရင်​ရောကြိုက်ပါ့မလား​တွေးကြည့်ဖို့လိုပါတယ်။ ဒါ​တောင်လူနာ၁၀၀​ကျော်​လေးပဲရှိပါ​သေးတယ်။ အကယ်၍သာများလာရင်လူ​တွေရဲ့စိတ်သ​ဘောအ​ပေါ်လဲများစွာသက်​ရောက်လာမယ်။
WHO ​ပြောသလိုပဲ ကြာလာတဲ့အခါမြန်မာနိုင်ငံမှာလဲ Mental ပိုင်းပြဿနာ​တွေရှိလာနိုင်ပါတယ်။ အနည်းနဲ့အများအခုချိန်မှာလဲရှိ​နေမယ်လို့ယူဆရပါတယ်။

 

ကျွန်​တော်အနည်းငယ်အား​ပေးချင်ပါတယ် ​ဝေသနာခံစား​နေရသူ​တွေ၊Q​နေရသူ​တွေ၊Lockdown ရင်းအထီးကျန်၊စိတ်ညစ်၊ပူပန်​နေရသူ​တွေ သို့မဟုတ်လဲမြည်းစမ်းချင်သူ​တွေကို​ယေရှုခရစ်​တော်ရဲ့စကား​လေးတစ်ခွန်း​ပြောပြရင်းအား​ပေးချင်ပါတယ်။

 

ရှင်မဿဲခရစ်ဝင် ၁၁:၂၈
ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။

 

သင့်ထမ်းရွက်ရ​သောဝန်ထုတ်၊စိုးရိမ်ခြင်း​တွေ၊ပူပန်ခြင်း​​တွေ၊အဆင်မ​ပြေခြင်း​တွေ၊တမလွန်အ​ရေးစိတ်​အေးရ​လေ​အောင်ယေရှုခရစ်​တော်ထံအပ်နှံလိုက်ပါ။ မြည်းစမ်းကြည့်ပါ သင်၏အသက်တာအတွက်ငြိမ်ဝပ်ခြင်းချမ်းသာဟာယခုဘဝ​နောင်ဘဝတည်​သောကယ်တင်ခြင်းပဲဖြစ်ပါတယ်။ ခ​လေး​တွေထမင်း​ကျွေးရင်မြည်းစမ်းသလို၊​ဈေးဝယ်ရင်အမြည်း​ပေးသလိုစသဖြင့်မြည်းစမ်းခြင်းသည်ကိုယ့်အတွက်အရှုံးမရှိပါ။ 
မြည်းစမ်းကြည့်ပါချစ်မိတ်​ဆွေ ...

 

မိတ်​ဆွေအကယ်၍သာ ​ယေရှုခရစ်​တော်ကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ် ​ခေါ်ဖိတ်လက်ခံချင်တယ်ဆိုရင်​တော့ ...

 

***ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***

 

ကယ်တင်ရာ​နေ့ရက်သည်ယ​​နေ့ပင်ဖြစ်ပါတယ်။

 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

 

#Titus_KyawNyi

(WHO NEWS)
http://www.euro.who.int/…/corona…/mental-health-and-covid-19

(BBC NEWS)
https://www.google.com/…/www.bbc.c…/news/amp/health-51873799

Previous Next