November 26, 2026

​ယေ​ဟောဝါယိ​ရေ

အခက်အခဲ​တွေကြုံရတိုင်းကြုံရတိုင်းမှာ ​တွေးပူမိတတ်ကြတာ လူ့သဘာဝပါ။ ဒီ​တောင်ကို​မောင်​​ကျော်နိုင်ပါ့မလား၊ ဒီအရာကိုဘယ်လိုဖြတ်သန်းရပါ့မလဲ အစရှိသဖြင့်လူတိုင်းလူတိုင်း ​တွေးပူတတ်ကြပါတယ်။ ကျွန်​တော်တို့ ယုံကြည်သူခရစ်ယာန်​တွေလည်း အနည်းနဲ့အများ​တော့ ​တွေးပူမိတတ်တာ​တွေ ရှိ​နေတတ်ကြပါတယ်။

အာဗြဟံကို ဘုရားသခင်က မင်းရဲ့သားဦးကိုငါ့ကို​ပေးပါလို့ ​တောင်းတဲ့အခါမှာ သူမငြင်းဆိုခဲ့ပါဘူး။ သူ့ရဲ့အသက်ကြီးမှ ရ​သောသား၊ ​သွေးသားအရင်း၊ သားဦးလဲဖြစ်တယ်၊ အချိန်အတိုင်းအတာတစ်ခုထိလည်း သူနဲ့အတူတူ​နေလာခဲ့​သောက​လေးတစ်​ယောက်ပါ။ ကျွန်​တော်တို့ရဲ့ အမြင်မှာ ဒီအဖြစ်ဟာ က​လေးသဘာဝ​ဆော့တာမျိုး​တွေ တူတူ​ဆော့​ပေးခဲ့တာ​တွေ၊ တီတီတာတာ​ပြောဆိုခြင်း၊ ချွဲနွဲ့ခြင်း၊ ထိုကဲ့သို့ ချစ်စရာ​ကောင်း​သော က​လေးငယ်တစ်​ယောက်၏ဖခင်တစ်​ယောက်ရဲ့ ရင်ထဲကခံစားချက်ကို သူ​ကျော်လွှားနိုင်ပါ့မလားလို့ စိုးရိမ်စရာတစ်ခုရှိလာပြန်ပါတယ်။ သူ့ရဲ့သားဖြစ်သူ၏ မီးလဲပါတယ်၊ ထင်းလဲပါတယ်၊ သိုးသူငယ်ယဇ်​ကောင်ကဘယ်မှာလဲလို့​မေး​သော ​မေးခွန်းကို အာဗြဟံမည်ကဲ့သို့ ခံစားချက်မျိုးဖြင့်​ဖြေဆိုခဲ့ရပါသနည်း။ အင်မတန်နာကျင်​ခံစားရစေမည်ဖြစ်​သော်လည်း ဘုရားသခင်ပြင်ဆင်​ပေးလိမ့်မယ်ဆို​သော ယုံကြည်ခြင်းသည် သူ၏ နာကျင်မှုကိုသက်သာ​စေမည်မှာ​တော့ အမှန်ပင်။

ကမ္ဘာဦးကျမ်း ၂၂:၈
အာဗြဟံက ငါ့သား၊ ယဇ်ရှို့စရာဖို့ သိုးသူငယ်ကို ဘုရားသခင်သည် မိမိအဖို့ပြင်ဆင်တော်မူလိမ့်မည်ဟု ဆိုလေ၏။

​နောက်ဆုံးအချိန်​ရောက်သည်အထိ အာဗြဟံ၏လုပ်ရပ်သည် သူ၏ဘုရားသခင်အ​ပေါ်​ကြောက်ရွံ့ခြင်း၊ သစ္စာရှိခြင်း၊ အသက်ကြီးမှဘုရားသခင်​ပေး​သောသားကို ဘုရားသခင်သာပြန်​ပေးနိုင် ထပ်​ပေးနိုင်တယ်ဆို​သော ယုံကြည်ခြင်းကိုမြင်​တွေ့ရပါတယ်။ ​နောက်ဆုံးအချိန်မှာဘုရားသခင်၏ပြင်ဆင်​​ပေးထား​သော ယဇ်​ကောင်ကိုမြင်ရတယ်၊ ဒီယဇ်ကိုပူ​ဇော်ပြီး​တော့ အဲဒီ​နေရာအရပ်ကို ​ယေ​ဟောဝါယိ​ရေလို့​ခေါ်ဆိုသမုတ်တယ်ဆိုတာကိုနားလည်ရပါတယ်။ တနည်းအားဖြင့် ထာဝရဘုရားပြင်ဆင်​တော်မူမည်လို့အဓိပ္ပါယ်ရပါတယ်။

ကမ္ဘာဦးကျမ်း ၂၂:၁၄
ထိုအရပ်ကို ယေဟောဝါယိရေဟု အာဗြဟံသမုတ်လေ၏။ ထိုသို့နှင့်အညီ တောင်ပေါ်မှာ ထာဝရဘုရားပြင်ဆင်တော်မူမည်ဟု ယနေ့တိုင်အောင် ဆိုလေ့ရှိသတည်း။

ကျွန်​တော်တို့အ​ယောက်စီတိုင်းမှာလည်း ထို့အတူ ပူပန်စရာ၊ အခက်အခဲ​တွေ၊ ပင်ပန်းဆင်းရဲခြင်း​တွေ၊ နာကျဥ်စရာ​တွေ၊ အစရှိသဖြင့်အမျိုးမျိုး​သော ဒုက္ခအခက်အခဲပြဿနာ​တွေရှိ​နေပါ​သော်ငြားလည်းဘဲ ​နောက်ဆုံးအချိန်ထိကိုဆက်သွားပါ၊ လက်မ​လျှော့၊ အား​လျော့စိတ်မပျက်ဘဲ ဘုရားသခင်ကို​ကြောက်ရွံ့ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်းကို သာ၍တိုး၍တည်​စေပါ။ ​ယေ​ဟောဝါယိ​ရေ ဟုသမုတ်သည့်အရပ်လို့ဆိုသည့်အတိုင်း ယခုပင်သင်ရှိရာအရပ်သည် ထာဝရဘုရားပြင်ဆင်​တော်မူ​သောအရပ် ဖြစ်ပါ​စေ။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။

#Titus_KyawNyi

Previous Next