အာမခံဆိုသည်မှာ 100% စိတ်ချရမှဖြစ်မည်

ကျွန်တော်တို့တွေကားတွေအိမ်တွေကို Bank နဲ့ချိတ်ဝယ်တဲ့အခါမှာ လစဥ်ကြေးပေးသွင်းရပါတယ်။ အဲ့ဒီလို Bank နဲ့ချိတ်ဆက်ဖို့ကို လစဥ်ပေးသွင်းငွေ ဥပမာ ၅သိန်းဆိုရင် ကိုယ့်ဝင်ငွေကဒီထက်မနည်းရသလိုကိုယ့်အပေါ်အာမခံပေးသူကလဲဒီလောက်ကိုဝင်ဝင်ငွေရှိရပါတယ်။ ကားအာမခံ ၊ မီးအာမခံ ၊ အသက်အာမခံစသဖြင့်ထားတဲ့အခါမှာလဲယုံကြည်စိတ်ချရသော အာမခံနဲ့သာထားကြပါတယ်။ ထားတဲ့အခါမှာသူတို့ချမှတ်ထားတဲ့စည်းကမ်းကိုလိုက်နာမှသာ ထိုအာမခံအကျုံးဝင်တယ်ဆိုတာကိုနားလည်ရပါတယ်။ ငွေမသွင်းသေးသ၍အကျုံးမဝင်ပါ။ ဘယ်လိုပျက်စီးမှုကိုမဆို ထိုအာမခံမှပေးလျော်ပါတယ်။ အသက်ကိုတော့အစားပြန်မရနိုင်သော်လည်း သတ်မှတ်ထားသောအရာကိုအလျော်ပေးပါတယ်။ အာမခံကတစ်ခုခုဖြစ်ရင်တကယ်လျော်ပေးနိုင်တဲ့အနေအထား ၊ အစွမ်းအစရှိရပါတယ်။ လူပေးသောအာမခံဖြစ်သော်လည်းတကယ်ပေးလျော်ရပါတယ်။ ၁နှစ်အာမခံဆိုလျှင်၁နှစ်အတွင်းတစ်ခုခုမဖြစ်ခဲ့လျှင် ထိုငွေပြန်မရပါဘူး။ အပေးအယူအာမခံသဘောပေါ့။
ကျွန်တော်တို့တွေသည်အလုပ်လုပ်တဲ့အခါမှာလဲ လစာတကယ်ပေးနိုင်သောသူဆီမှာသာအလုပ်ဝင်လုပ်ကြတယ်မဟုတ်ပါလား။ ထိုသူဌေးကလစာပေးနိုင်သောသူဖြစ်ရပါတယ်။ လစာပေးမယ့်အာမခံကို အလုပ်ခန့်စာမှာရေးပေးကြသလို ၊ Promotion ဖြစ်လို့လစာတိုးလျှင်လည်း အာမခံအဖြစ်တရားဝင်စာထုတ်ပေးကြပါတယ်။ လစာမပေးနိုင်သောသူဆီမှာ အလုပ်မလုပ်ကြပါဘူး။ ရဲစခန်းမှာအမှုတစ်ခုခုကြောင့် အာမခံပေးရတဲ့အခါ အနေအထားကိုကြည့်ပြီး စိတ်ချရမှအာမခံကိုရတာဖြစ်ပါတယ်။ ဒါဆိုရင် အာမခံကအတော်အရေးပါတဲ့အရာပဲပေါ့။
လွန်ခဲ့သော April လတွင်အကျဥ်းသားများလွှတ်ပေးခြင်းကိုတွေ့ရပါတယ်။ ထိုသူတွေသည်အမျိုးမျိုးသောပြစ်မှုရှိသူတွေဖြစ်တယ်။ ဒါ့ကြောင့်ပြစ်ဒဏ်ခံနေရသူတွေပါ။ သို့သော် လွတ်ငြိမ်းချမ်းသာခွင့်ဆိုသောခေါင်းစဥ်အောက်တွင် လွတ်လာပြီဖြစ်တယ်။ ဒီခေါင်းစဥ်အောက်တွင်လွှတ်ပေးသော်လည်း လွတ်လာသူထဲတွင် အမျိုးမျိုးသောအပြစ်လုပ်ခဲ့သူတွေပါမည် ၊ ခိုးဆိုးလုနှိုက် ၊ ရိုက် ၊ သတ် ၊ ဆေးသုံးစွဲခဲ့သူစသဖြင့်ပါကောင်းပါနိုင်မည်။ အပြစ်လုပ်၍အပြစ်ကိုပေးဆပ်နေရသူတွေဖြစ်သော်လည်း ထိုခေါင်းစဥ်အောက်တွင် တစ်ချက်လွတ်အမိန့်ဖြင့်လွတ်လာသည်။ အပြစ်သားမဟုတ်တော့ပေ။ ပေးဆပ်စရာနေ့ရက်တွေကျန်နေသေးသော်လည်း မလိုအပ်တော့ပေ။
ထိုသို့အမိန့်ထုတ်သူသည် ထိုအစွမ်းရှိရမည်။ လွတ်ငြိမ်းချမ်းသာခွင့်ခေါင်းစဥ်အောက်တွင် ထောင်သားများထောင်မှလွတ်သကဲ့သို့ ကယ်တင်ခြင်းဟူသောခေါင်းစဥ်အောက်တွင်တော့လောကသားများ အပြစ်ငရဲမှလွတ်မြောက်စေပြီးထာဝရအသက်ကိုရရှိစေပါသည်။ လူဖြစ်သောတရားသူကြီးသည်တရားစီရင်နိုင်သည် ၊ အပြစ်ပေးပိုင်သည် ၊ အပြစ်လွှတ်ပိုင်သည် ၊ လွတ်ငြိမ်းချမ်းသာပေးနိုင်သောသူသည် လည်းထိုအစွမ်းရှိ၍ပေးနိုင်သည်။ ဒါဆိုလျှင် ဘုရားကအပြစ်လွှတ်ပိုင်ခွင့် မရှိစရာအကြောင်းမရှိဘူးဆိုတာကိုနားလည်ရပါတယ်။ လူဖြစ်သောထိုသူတို့သည် အပြစ်မှလွှတ်၍ အကျဥ်းထောင်မှကယ်လွှတ်ပေးနိုင်သည်ဆိုလျှင် ဘုရားသည် အပြစ်မှလွှတ်၍အပ္ပါယ်ငရဲမှကယ်ပေးနိုင်သည်ဆိုသည်မှာမထူးဆန်းပေ။ လူပေးသောအာမခံတောင်ဒီလောက်ထိတည်မြဲတယ်ဆိုရင် ၊ တကယ်ကိုပေးလျော်ရတာဆိုရင် ၊ ဘုရားပေးသောအာမခံသည် 100% စိတ်ချလို့ရတယ်ဆိုတာကိုပေါ်လွင်လာစေပါတယ်။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်းရှင်လိမ့်မည် ဆိုသောစကားသည်လည်းဘုရားပေးသောအာမခံတွေထဲမှတစ်ခုဖြစ်ပေတော့သည်။
ပုံဥပမာလေးတစ်ခုအနေနဲ့ပြောပြချင်ပါတယ်။ အပေါ်မှာပြောခဲ့တဲ့အာမခံတွေကတော့ ကိုယ့်ဘက်ကပေးရတာတွေရှိပါတယ် သတ်မှတ်ချက်တွေ ၊ အပေးအယူစည်းကမ်းချက်တွေ ၊ အလျော်အစားတွေအစရှိသဖြင့်ရှိပေသော်ငြားလည်းပဲ ကယ်တင်ခြင်းထာဝရအသက်အတွက် အာမခံစာချုပ်သဘောကတော့ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းပဲဖြစ်ပါတော့တယ်။
မိတ်ဆွေကထိုအာမခံကိုမြည်းစမ်းချင်တယ် ၊ ယေရှုခရစ်တော်ကို မိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ် ခေါ်ဖိတ်လက်ခံချင်တယ်ဆိုရင်တော့ ...
***ယေရှုခရစ်တော်သည် ကျွန်တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်ပေါ်မှာအသေခံအသွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံတော်မူပြီးတော့ ကျမ်းစာလာသည့်အတိုင်း၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တာကို ယုံကြည်လက်ခံပါတယ်။ ***
ကယ်တင်ရာနေ့ရက်သည်ယနေ့ပင်ဖြစ်ပါတယ်။
ရောမဩဝါဒစာ ၆:၂၃
အပြစ်တရား၏ အခကားသေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရ အသက်ပေတည်း။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။