ကျမ်းစာသုံးသော်လည်း

အမြင်(၂)မျိုး (သို့) ရှုထောင့်(၂)မျိုးကို တင်ချင်ပါတယ်။ ဩဝါဒအလွဲများ၏ ကျမ်းစာလိုရာစွဲသုံးခြင်းသည် စာတန်အလားဖြစ်တယ်၊ ယုံကြည်သူတို့၏ သတိပြုဆင်ခြင်ရန် တို့ကို ပြန်လည်ဆန်းစစ်ကြည့်ဖို့ရာ တင်ပြဆွေးနွေးသွားချင်ပါတယ်။
ယနေ့မြင်တွေ့နေရသော အချို့သော ဩဝါဒများ၊ အဖွဲ့အစည်းများသည် ကျမ်းစာကိုပင်သုံးသော်လည်း လွဲမှားသော ဩဝါဒများဖြစ်ကြသည်။ တနည်းဆိုသော် အလွဲယူ အယူလွဲပေါ့၊ မိစ္ဆာအယူလွဲ မှားယွင်းသော ဩဝါဒများ ဟုဆိုလျှင် မမှားချေ။
ကျမ်းစာကိုချပြကာ မည်သို့ပင် သူတို့ အယူလွဲဝါဒများကိုအယုံသွင်းဖို့ကြိုးစားကြံစည်နေကြပါသော်လည်း သမ္မာတရားနှင့်လွဲနေလျှင် မိမိတို့ ယုံကြည်သူတို့အတွက် အကျိုးမရှိသည်ကို သိရပေမည်။ သူတို့၏ ကျမ်းစာကို လိုရာစွဲပြောခြင်း၊ လက်တစ်လုံးခြားလုပ်ခြင်းကို မဆိုဦးနှင့်၊ စာတန်သည်ပင်လျှင် ကျမ်းစာကိုသုံးကာ လှည့်ဖျားတတ်ပေသည်။ ထိုအရာကို အတုယူပြီး လိုက်လုပ်လျှင်တော့ မပြောတတ်ပေ။ လုပ်ကွက်ကတော့ တူလွန်း၏။
စာတန်သည် ယေရှုခရစ်တော်ကို သွေးဆောင်ရာ၌ ကျမ်းစာကိုသုံး၍ ဆိုခဲ့သည်။
(၁) ဘုရားသားမှန်လျှင် ကျောက်ခဲကို မုန့်ဖြစ်စေဖို့လုပ်ပါ။ ယေရှုဘယ်လိုတုန့်ပြန်သလဲဆိုရင် ကျမ်းစာနဲ့တုန့်ပြန်တယ်။
(၂) ဒီတော့ သူလဲ ကျမ်းစာကိုပြန်သုံးတယ်။ ကျမ်းစာလာသည်ကား ..... သင်၏ခြေကို ကျောက်နှင့်မထိမခိုက်စေခြင်းငှာ သူတို့သည်သင့်ကို လက်နှင့်မစ ချီပင့်ကြလိမ့်မယ်။ ယေရှုကျမ်းစာနဲ့ပြန်တုန့်ပြန်တယ်။
(၃) ငါ့ကိုကိုးကွယ်ရင် စည်းစိမ်အာဏာ၊ အကုန်ရမယ်။ ယေရှုကျမ်းစာနဲ့သာ ပြန်တုန့်ပြန်တယ်။
သတိပြု ဆင်ခြင်ရန်မှာ။
(၁) ကျွန်တော်တို့၏ အားနည်းချိန်၊ သွေးသားဇာတိတတပ်မက်ခြင်း၊ မွတ်သိပ်ခြင်း၊ စသည့်အချိန်တွေမှာ အသွေးအသားဇာတိ၏ အလိုသို့လိုက်၍ ဖောက်လွဲဖောက်ပြန်ဖြစ်စေရန် သွေးဆောင်ခံရတတ်ပါတယ်။
(၂) ကျမ်းစာထဲမှာပါတယ်လေ ဆိုပြီး၊ လိုရာစွဲပြောကာ လွဲမှားစေခြင်း၊ ကျမ်းစာထဲမှာ ပေတရု ရေပေါ်မှာလမ်းလျှောက်တယ်ဟုဆိုကာ လိုက်လုပ်၍ အသက်ဆုံးရှုံးရခြင်းသို့ရောက်သွားသော ကိုရီးယားမှ အမျိုးသမီး၊ ကျမ်းစာကိုလိုရာစွဲယူ တတ်သောသူများအား သတိပြုသင့်သလို မိမိလဲ ထိုသို့မဖြစ်စေရန်သတိပြုရမည်။
(၃) အပေါ် (၂)ခုကဲ့သို့အရာတွေကိုတော့ အောင်မြင်ပါတယ်၊ ရာထူးစည်းစိမ်နဲ့ စုံစမ်းရင် ရှုံးနိမ့်ရသူတွေလည်းရှိတတ်ပါတယ်။ တချို့က ဘုရားကိုစွန့်ကာ ရာထူး၊ အာဏာ၊ အမွေဥစ္စာ၊ အလုပ်၊ စသဖြင့် မိမိ၏ တပ်မက်စိတ်ကိုသာ ဦးစားပေးသွားတတ်ကြတယ်၊ ဒီအရာကို ဆင်ခြင်ဖို့လိုပါတယ်။ တချို့ကလဲ ဩဝါဒအလွဲတွေဆိုတာကိုသိပါတယ် ဒါပေမယ့် အဖိုးအခအဖြစ် ရသောငွေပမာဏပိုများ၍ စာအုပ်တွေကို ဘာသာပြန်ပေးခြင်း၊ အလွဲမှန်းသိပါတယ် နာမည်ကြီးချင်လို့(တစ်ခုခုရလို့) သီချင်းဆိုပေးခြင်း၊ တရားဟောပေးခြင်း၊ စသဖြင့်တွေဟာ သတိပြုသင့်ပေသည်။
နောက်တစ်ခုအထူးသတိပြုသင့်သည်မှာ။ ကျွန်တော်တို့၏ အချို့ခရစ်ယာန်အဆိုတော်အသိုင်းအဝိုင်း နှင့် ဘာသာပြန်အချို့တို့သည် ဘယ်ဟာကတော့ အယူလွဲဆိုတာကိုမသိကြချေ၊ ထို့ကြောင့် ခရစ်ယာန်တွေတူတူပါလို့ ထင်ကြပြီး အခမဲ့သီဆိုပေးခြင်းတွေ၊ ဘာသာပြန်ပေးခြင်းတွေကိုလုပ်ကြတာဖြစ်ပါတယ်။
တကယ့်ဖြစ်ရပ်မှန်ကလေးကိုပြန်လည်ပြောပြပေးချင်ပါတယ်။ (အမည်မဖော်လိုသူ) ဘာသာပြန်ဆရာတစ်ယောက်သည် အယူလွဲတို့၏စာအုပ်ကို ဘာသာပြန်ခြင်း လုပ်ပေးရင်း တစ်နေ့မှာ မူမမှန်တာ သိလာပြီး မလုပ်တော့ဘူးလို့ပြောပြပါတယ်။ (ထိုအဖွဲလဲ ကျမ်းစာအုပ်ကိုင်တာ/သုံးတာဘဲ) သူတို့နဲ့ အလုပ်မလုပ်တော့ဘူးစွန့်ခွာလိုက်တယ်။ ရစရာရှိတာတွေလဲမရတော့ဘူး ဒါပေမယ့် နောင်တမရဘူး မှားယွင်းသောဩဝါဒဆိုတာကို သိလိုက်ရတဲ့အတွက် နောက်ဆုတ်လိုက်တယ်။ တနည်းအားဖြင့် သူသာ ဘာသာဆက်ပြန်ပေးမယ်ဆိုရင် လူအများကြီး အလွဲယူကာ အယူလွဲပြီး ချောက်ထဲကျကုန်တော့မယ့် မိစ္ဆာဩဝါဒတွေ သာ၍တိုးပွားလာဦးပေမည်။ လူတိုင်းသာ ဒီလိုလေး နားလည်ကြမယ်ဆိုရင် အယူလွဲတွေသာ အလွဲယူကြကာ ကိုယ့်အဖွဲလိုက်သာ ချောက်ထဲခုန်ဆင်းကြရပေတော့မည်။
ဒါ့ကြောင့် ကျမ်းစာကိုသုံးတိုင်း သမ္မာတရားမဟုတ်ဘူး၊ စာတန်ပင်လျှင် ကျမ်းစာသုံးကာ လိုရာစွဲပြောတတ်တယ်ဆိုတာကိုနားလည်ရသောကြောင့် အယူလွဲမိစ္ဆာအဖွဲ့တွေသည် စာတန်ကို အတုယူကာ ကျမ်းစာကို လိုရာစွဲပြောတတ်သော မှားယွင်းသောဩဝါဒတွေလည်း ဖြစ်သလို အရင်ကလဲ ကျမ်းစာကို လိုရာစွဲပြောကြတယ်၊ လက်ရှိမှာလဲ ကျမ်းစာကို လိုရာစွဲပြောနေကြတယ်၊ နောက်လည်း ကျမ်းစာကို လိုရာစွဲပြောကြဦးမှာဘဲ ဆိုတာကို ပိုင်းခြားနားလည်တတ်သောသူတွေဖြစ်စေကြဖို့ရာ ဘုရားရှင်သင့်ကို အလင်းပေးဖွင့်ပြပါစေ။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
#Titus_KyawNyi
Photo Crd: Internet